ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ |
စတင်အသုံးပြုခြင်း | ၃၀ နိုဝင်ဘာ ၁၉၅၅(မြောက်ဗီယက်နမ်) ၂ ဇူလိုင် ၁၉၇၆ (ဆိုရှယ်လစ်သမ္မတနိုင်ငံ) |
ဆောင်ပုဒ် | Cộng hòa Xã hội chủ nghĩa Việt Nam ("Socialist Republic of Vietnam") |
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆိုင်ရာများတွင်အသုံးပြုသောတံဆိပ်ဖြစ်သည်။
ဖော်ပြချက်
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် စက်ဝိုင်းပုံစံပေါက်သည်။နောက်ခံ အနီရောင်တွင် အပေါ်ဘက်အလယ်၌ ရှိသောအဝါရောင်ကြယ်သည်ဗီယက်နမ်ကွန်မြူနစ်ပါတီ၊တော်လှန်ရေးကာလနင့်တောက်ပနေသောအနာဂတ်တို့ကို ကိုယ်စားပြုသည်။စက်သွားနှင့်စပါးနှံများမှာ စိုက်ပျိုးရေးနှင့်စက်မှုလုပ်သားများကို ကိုယ်စားပြုသည်။နဖူးစည်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဟူသောစာသားကို ဗီယက်နမ်နှင့်အင်္ဂလိပ်ဘာသာစကားတို့ဖြင့်ရေးသားထားသည်။
သမိုင်းကြောင်း
၁၉၅၅ခုနှစ် နိုဝင်ဘာ၃၀တွင် မြောက်ဗီယက်နမ်မှစတင်ကာသုံးစွဲခဲ့သည်။၁၉၇၆၊ဇူလိုင်၂ရက်တွင် ဗီယက်နမ်၂နိုင်ငံပြန်လည်ပေါင်းစည်းပြီးတစ်နိုင်ငံလုံးအသုံးပြုခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှာ တရုတ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့်ဆင်တူသည်။ဆိုဗီယက်ပြည်ထောင်စု၏အထိမ်းအမှတ်တံဆိပ်အပေါ်တွင်အခြေခံထားခြင်းဖြစ်သည်။
ပြခန်း
-
မြောက်ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(၁၉၅၅-၁၉၇၆)
-
မပြိုကွဲမီနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(၁၉၄၈-၁၉၅၅)
-
တောင်ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(၁၉၅၅-၁၉၅၇)
-
တောင်ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(၁၉၅၇-၁၉၆၃)
-
တောင်ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်(၁၉၆၃-၁၉၇၅)
-
ပြန်လည်စုစည်းထားသော ဗီယက်နမ်သမ္မတနိုင်ငံ၏အထိမ်းအမှတ်တံဆိပ်(၁၉၆၉-၁၉၇၆)