မာတိကာသို့ ခုန်သွားရန်

သုပ္ပဝါသာ

ဝီကီပီးဒီးယား မှ
၀၆:၄၅၊ ၂၇ အောက်တိုဘာ ၂၀၁၇ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-စျ +ဈ)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

သုပ္ပဝါသာ သည် ဂေါတမဘုရားရှင်၏ သာသနာဝယ် အမွန်အမြတ်ကို ပေးလှူရာတွင် ဧတဒဂ်ရ အမျိုးသမီးဖြစ်သည်။ လာဘ်လာဘပေါများသည့်အရာတွင် ဧတဒဂ်ရသည့် ရှင်သီဝလိ၏ မယ်တော်လည်း ဖြစ်သည်။ သုပ္ပဝါသာသည် သားဖြစ်သူကို ရှေးဘဝဝဋ်ကြွေးကြောင့် ခုနစ်နှစ်ကျော် ကိုယ်ဝန်လွယ်ခဲ့ရသည်။ ရှင်သီဝလိသည်လည်း ပဋိသန္ဓေနေရခြင်း ဆင်းရဲဒုက္ခကို ကြောက်ရွံ့ကာ ရှင်သာရိပုတ္တရာအား ဥပဇ္ဈာယ်ထား၍ ရှင်သာမဏေပြု၏။ ဆံချအပြီးတွင် အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာအရှင်သူမြတ် ဖြစ်ခဲ့သည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မလေးငြိမ်။ အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ