သုက်ကောင်

ဝီကီပီးဒီးယား မှ
၁၆:၅၆၊ ၂၈ ဇူလိုင် ၂၀၁၆ နေ့က May Thar Hein Htet (ဆွေးနွေး | ပံ့ပိုး) (စာလုံးပေါင်း ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
သတ္တဝါတို့တွင် သုက်ကောင်သည် မျိုးဥတွင်း ဝင်ရောက်ခြင်းဖြင့် သန္ဓေအောင်စေသည်။

သုတ်ကောင် (sperm) သည် အဖို မျိုးပွားဆဲလ် ဖြစ်သည်။ Anisogamy နှင့် oogamy ခေါ် လိင်ရှိ မျိုးပွားခြင်းတွင် ဂမိ ခေါ် အမ မျိုးပွားဆဲလ် နှင့် အဖိုမျိုးပွားဆဲလ် သုတ်ကောင်တို့မှာ အရွယ်အားဖြင့် အလွန်ကွာခြားသည်။ လူ၏ သုတ်ကောင်ဆဲလ်မှာ haploid ဖြစ်သောကြောင့် ၎င်း၏ ၂၃ ခုသော chromosome တို့က အမမျိုးဥမှ chromosome ၂၃ ခုနှင့် ပေါင်းကာ diploid ဆဲလ် အဖြစ် ပေါင်းစည်းသည်။ .

အမြှီးတစ်ခုပါသော သုတ်ကောင် ဆဲလ်သည် ရွေ့လျားနိုင်သောကြောင့် spermatozoon ဟုခေါ်ပြီး မရွေ့လျားနိုင်ပါက spermatium ဟု ခေါ်သည်။ သုတ်ကောင်သည် မပွားနိုင်သလို သက်တမ်း ကန့်သတ်မှုလည်းရှိသည်။ သို့သော် သန္ဓေအောင်ပြီးသောအခါ မျိုးဥဖြစ်လာပြီး သက်ရှိဖြစ်လာနိုင်သည်။ နို့တိုက်သတ္တဝါတို့၏ သုတ်ကောင်သည် အမမျိုးပွားအင်္ဂါတွင် သုံးရက်ကြာအောင် အသက်ရှင်နေနိုင်သည်။ ပန်းပွင့်သောအပင်များတွင် (flowering plant) ဖိုဂမိမှ ဝတ်မှုန် (pollen) များ ထုတ်ပေးသည်။

ပိုးကောင်များမှာ မှန်ဘီလူးနှင့်သာလျှင် မြင်နိုင်၍ အကောင်ပေါင်း သိန်းသန်းများစွာ ရှိသည်။ ခေါင်းပိုင်းနှင့် အမြီးပါ ပါရှိသော ဖားလောင်း ကောင်ကလေးများကဲ့သို့ လှုပ်ရှားလျက်ရှိသည်။ ထိုပိုးကောင်ကလေးများသည် အမ၏မျိုးဥနှင့် ပေါင်းစပ်၍ လူသန္ဓေသားလောင်းကို ပေါက်ဖွားကြီးပြင်းစေသည်။ သုတ်ပိုးကောင်ကို ဦးစွာတွေ့ရှိသူမှာ ဟော်လန်ပြည်သား လူဝင်ဟုတ်(၁၆၃၂-၁၇၂၃) ဖြစ်သည်။ [၁]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ