မာတိကာသို့ ခုန်သွားရန်

ကိုအင်ဘတောမြို့

ဝီကီပီးဒီးယား မှ
၁၅:၀၂၊ ၁၉ မတ် ၂၀၁၃ နေ့က Addbot (ဆွေးနွေး | ပံ့ပိုး) (Bot: Migrating 1 interwiki links, now provided by Wikidata on d:q9885 (translate me)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ကိုအင်ဘတောမြို့ မြင်ကွင်း

ကိုအင်ဘတောမြို့သည်ကို ကိုဘိုင်းမြို့ဟုလည်း ခေါ်ကြပြီး အိန္ဒိယနိုင်ငံ တမီးလ်နာဒုပြည်နယ်၏ ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ အိန္ဒိယနိုင်ငံ မြို့ပြဒေသများတွင် အဆင့် ၁၅ ရှိပြီး လူဦးရေ ၂ သန်းကျော် နေထိုင်သည်။ ကုန်သွယ်ရေး အချက်အချာမြို့တစ်မြို့ ဖြစ်ပြီး အိန္ဒိယတောင်ပိုင်း၏ မန်ချက်စတာမြို့ ဟု တင်စားခေါ်ဝေါ်လေ့ ရှိကြသည်။

ကိုအင်ဘတောမြို့သည် တမီးလ်နာဒုပြည်နယ်၏ အရေးပါသော အဝတ်အထည် နှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်း အချက်အချာ ဒေသတစ်ခု ဖြစ်သည်။ အခြားအရေးပါသော စီးပွားရေး လုပ်ငန်းများမှာ ဆော့ဖ်ဝဲလ် ဝန်ဆောင်မှု လုပ်ငန်း၊ ပညာရေး နှင့် ကျန်မာရေး လုပ်ငန်းတို့ ဖြစ်သည်။ အိန္ဒိယ ကုန်ထုတ်လုပ်ငန်းများ အဖွဲ့အစည်းက စစ်တမ်းကောက်ယူရာတွင် ကိုအင်ဘတောမြို့အား ရင်းနှီးမြှုပ်နှံ မှုပြုရန် စတုတ္ထမြောက် အကောင်းဆုံး မြို့ အဖြစ် တွေ့ရှိသတ်မှတ် ခဲ့သည်။ ကမ္ဘာပေါ်တွင် အောက်ဆို့စ်ဆင်း သို့မဟုတ် လုပ်ငန်းများ ပြင်ပသို့ ပေးအပ်လုပ်ကိုင်စေခြင်း ပြုလုပ်ရာ ထိပ်တန်းမြို့များတွင် နံပါတ် ၁၇ နေရာ၌ ရှိသည်။