အရှေ့တစ်ဝက်ပိတ်အဝိုင်းသရ

ဝီကီပီးဒီးယား မှ
(/ø/ မှ ပြန်ညွှန်းထားသည်)
close-mid front rounded vowel
ø
IPA Number310
Encoding
Entity (decimal)ø
Unicode (hex)U+00F8
X-SAMPA2
Braille⠳ (braille pattern dots-1256)

အရှေ့တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid front rounded vowel သို့ high-mid front rounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ø⟩ (အေ) သင်္ကေတဖြင့်ပြသည်။ အိုင်ပီအေအမည်အားဖြင့် slashed O ဟူ၍ ခေါ်ဝေါ်ကြသည်။[၁] အင်္ဂလိပ်အက္ခရာ အို၏ အသေးစကားလုံးကို ထောင့်ဖြတ်မျဉ်းဖြင့် ပိုင်းထားသည့်ပုံစံဖြစ်ကာ[၂] ဒိန်းမတ်၊ နော်ဝေး၊ ဖဲရိုးကျွန်းစု ဘာသာစကားများမှ ငှားယူထားသည့် အက္ခရာဖြစ်၏ ။ ဤသင်္ကေတကို အင်္ဂလိပ်ဘာသာ၌ "o, slash" (အို၊ မျဉ်းစောင်း) ဖြင့် ရည်ညွှန်းကြသည်။ ၎င်းနှင့်ကပ်လျက် ရှိသော ⟨e⟩ (အေ) အသံထွက်ရှိပုံနှင့် နီးစပ်ကာ နှုတ်ခမ်းကို ဝိုင်း၍ထွက်ရသည်။[၁][၃]

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • ယခုဖော်ပြပါ [ø] သရ၌ လျှာသည် ခံတွင်း၌ အပိတ်သရနှင့် တစ်ဝက်သရ ကြားနေရာတွင်ရှိသည်။
  • လျှာ၏ ရှေ့နောက် အနေအထား၌ လျှာသည် ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။ သို့သော် ဗျည်းသံဖြစ်ပေါ်သည်အထိ ပိတ်ဆို့လိုက်ခြင်းမပြုရချေ။ အရှေ့အဝိုင်းသရများသည် အများအားဖြင့် အလယ် (သို့) အရှေ့နီးပါးသရများ ဖြစ်လေ့ရှိကြသည်။
  • အဝိုင်းသရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ ချပ်ကာ (compressed) ထွက်ရှိသည်။ နှုတ်လမ်းသားအစွန်းများသည် တင်းတင်းရင်းရင်းဖြင့် ဆွဲယူ၍ ချပ်ချပ်ကပ်ကပ်ပုံစံဖြစ်ကာ နှုတ်ခမ်း၏ အတွင်းသားများ မပေါ်လွင်စေရပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ IPAcharts
  2. IPA symbols and definitions with information about their Unicode characters. International Phonetics Association
  3. Handbook of the international Phonetic Association, Cambridge University Press, p- 12,13