‌တောင်တက်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရေခဲတောင်တက်နေပုံ

သားရဲတိရစ္ဆာန် ‌ပေါများရာ‌ဒေသနှင့် သားကြီးငါးကြီး ‌ပေါများရာ ‌ဒေသတို့တွင် လူတို့သည် အမဲလိုက်ခြင်း၊ ဆင် ဖမ်းခြင်း၊ ကျားပစ်ခြင်း၊ ငါးဖမ်းခြင်း စသည်တို့ကို အပျင်း ‌ဖြေခြင်း အလို့ငှာ‌သော်၎င်း၊ စွန့်စားခြင်းအလို့ငှာ‌သော်၎င်း၊ ကစားခုန်စားခြင်း အလို့ငှာ‌သော်၎င်း ပြုလုပ်‌လေ့ရှိသကဲ့သို့ ‌တောင်ထူထပ်‌သော‌ဒေသတို့၌ ‌နေထိုင်ကြ‌သော သူတို့သည် ‌တောင်တက်ခြင်းအလုပ်ကို အပျင်း‌ဖြေစွန့်စား‌သော ကစားခုန် စားပြုသည့်သ‌ဘောဖြင့် ပြုလုပ်‌လေ့ရှိကြသည်။ အမဲလိုက်ရာ၌ ‌သေနတ်သည် လက်နက်‌ကောင်း တစ်ခုဖြစ်၏။ ငါးဖမ်းရာ၌ ငါးမျှားတံသည် လက်နက်‌ကောင်းတစ်ခုဖြစ်၏။ ‌တောက်တက် ခြင်း၌ကား ကျန်းမာ‌ရေးပြည့်စုံ၍ စိတ်ဓာတ်ကြံ့ခိုင်ခြင်းသည် အ‌ရေးပါ‌သော လက်နက်‌ကောင်းတစ်ခု ဖြစ်‌လေသည်။

‌တောင်တက်ခြင်း အ‌လေ့အထကို ၁၆ ရာစုနှစ်‌လောက်ကပင် စတင်ပြုလုပ်‌နေကြ‌သော်လည်း အ‌သေအချာ မှတ်တမ်းတင်ရ ‌လောက်‌အောင် ပြုလုပ်ကြသည်ကား အနှစ် ၂၀၀ ခန့်သာရှိ ‌သေးသည်။ ၁ရ၈၆ ခုနှစ်တွင် အဲ့လပ‌တောင်တန်းရှိ ‌ပေ ၁၅Ýရ၈၀ မြင့်‌သော ဗလန့်‌တောင်ထိပ်သို့ ‌ရောက်‌အောင်တက်နိုင် ခြင်းသည် ပထမဦးဆုံး မှတ်တမ်းတင်လိုက်‌သော ‌တောင်တက် ခြင်းပင်ဖြစ်၏။ သို့ရာတွင် ‌ခေတ်မှီစံနစ်တကျ ‌တောင် တက်ခြင်းကိုကား ၁၈၅၀ ပြည့်နှစ်ခန့်‌လောက်မှသာ စတင်‌ပေါ် ‌ပေါက်လာ‌လေသည်။

ထိုနှစ်တွင် အဲ့လပ‌တောင်ထိပ်များသို့ အဂင်္လိပ်‌တောင်တက်သမားများ အ‌ရောက်တက်နိုင်ခဲ့ပြီး‌နောက် ဆက်လက်၍ ဆွစ်ဇာလန်‌တောင်ထိပ်များကို ဆွစ်လူမျိုး၊ ပြင်သစ်လူမျိုး၊ အီတာလျံလူမျိုးတို့သည် အတူတကွ တက် ‌ရောက်ခဲ့ကြ၏။ ၁၉ ရာစုနှစ်အတွင်းတွင် အဂင်္လိပ်‌တောင်တက် သမားတို့သည် ဥ‌ရောပ‌တောင်ထိပ်များကိုသာမက ‌ကော်‌ကေး ဆပ်‌တောင်၊ ဟိမဝန္တာ‌တောင်၊ အန်းဒီး‌တောင်များကိုပင် ‌ရောက် ‌အောင်တက်ခဲ့ကြ‌လေသည်။ ၂၀ ရာစုနှစ်အစတွင် အ‌မေရိက တိုက်မှ ‌တောင်တက်သမားများ ‌ပေါ်လာရာ၊ အ‌မေရိကန် ‌တောင်ထိပ်အများအပြားကို ‌ပေါက်‌ရောက်ခဲ့‌လေသည်။ ယခု အခါ၌မူကား ကမ္ဘာ‌ပေါ်ရှိ ‌တောင်တက်သမားတို့သည် ဟိမဝန္တာ ‌တောင်ရှိ ဧဝရက်‌တောင်ထိပ် (အမြင့် ၂၉Ý၁၀၀ ‌ပေ)သို့မ‌ရောက် မ‌နေအားခဲ၍ အမျိုးမျိုး ကြံစည်အားထုတ်ကြရာ ၁၉၅၃ ခုနှစ် ‌မေလ ၂၉ ရက်‌နေ့တွင် အက်ဒမန်ဟစ်လာရီနှင့် တင်းဆင်း ‌နော်‌ကေးတို့သည် ‌အောင်မြင်စွာ‌ရောက်နိုင်ခဲ့ကြသည်။ ယင်းတို့ နှစ်ဦးမှာ ဗြိတိသျှတို့ဦးစီး‌သော ဧဝရက်‌တောင်တက်အဖွဲ့ဝင်များ ဖြစ်ကြသည်။

ဟစ်လာရီသည် နယးဇီလန်ကျွန်းသားဖြစ်၍ တင်းဆင်းမှာမူ အိန္ဒိယနိုင်ငံ နီ‌ပေါနယ်သားဖြစ်သည်။ ထို ‌တောင်တက်အဖွဲ့ ‌အောင်မြင်ခြင်းကို ဂုဏ်ပြု‌သောအားဖြင့် ဟစ်လာရီသည် ဗြိတိန်နိုင်ငံ အယ်လစ်ဇဗက်ဘုရင်မက သူ‌ကောင်းပြုခြင်းခံရ၍ ယခုအခါ ဆာ အက်ဒမန် ဟစ်လာရီ ဟုတွင်သည်။

၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်‌နေ့တွင် ဧဝရက်မှလွဲလျှင် အမြင့်ဆုံးဖြစ်‌သော ကာရာကိုရမ်‌တောင်တန်းရှိ ‌ကေ ၂ ဟု အမှတ်သညာပြုသည့် ‌တောင်ထွတ်ကို အီတလီလူမျိုး ပါ‌မောက္ခ ‌ဒေဆီယို အမှူးပြုသည့် ‌တောင်တက်အဖွဲ့က တက်‌ရောက်ခဲ့ သည်။ ထို‌တောင်ထွတ်သည် ‌ပေ‌ပေါင်း ၂၈ ၂၅၀ မြင့်သည်။ ၁၉၅၅ ခုနှစ် ‌မေလ ၂၅ ရက်‌နေ့တွင်ကား အမြင့်ဆုံး ‌တောင် ထိပ်များတွင် တတိယဖြစ်၍ အမြင့် ၂၈ ၁၄၆ ‌ပေရှိ‌သော ကန်ချွင်းဂျွန်ဂါ‌တောင်ကို ဗြိတိသျှ‌တောင်တက်အဖွဲ့သည် ‌တောင် ထွတ်မှ ၅ ‌ပေမျှသာ‌ဝေး‌သော ‌နေရာသို့‌ရောက်ခဲ့သည်။ ‌တောင် ထွတ်ကို ‌ရောက်‌အောင်မတက်ခြင်းမှာ ဆစ်ကင်အစိုးရနှင့် ကတိ ပြုထားသည့်အတိုင်း ‌တောင်ထွတ်ကို မရိုမ‌သေ ပြုမူသည့် သ‌ဘော မ‌ရောက်‌စေလို၍ဖြစ်သည်။

၁၉၅၆ ခုနှစ် ‌မေလ ၁၈ ရက်‌နေ့၌ကား ‌ဒေါက်တာအဂ္ဂလား အမှူးပြု‌သော ဆွစ်ဇာလန် ‌တောင်တက်အဖွဲ့သည် အမြင့်ဆုံး‌တောင်ထိပ်များတွင် စတုတ္ထ ဖြစ်‌သော အမြင့် ၂ရ ၈၀၃ ‌ပေရှိ လိုဆီ‌တောင်ထွတ်ကို တက် ‌ရောက်ခဲ့၏။

‌တောင်တက်ခြင်းကို အပျင်း‌ဖြေ ‌လေ့ကျင့်သူတို့သည် ကျန်းမာသန်စွမ်းရန် လိုအပ်သည်။ အမြင့်မှ‌နေ၍ ‌အောက်သို့ငုံ့ ကြည့်လျှင် မူးတတ်‌သောသူသည် ‌တောင်တက်၍ မဖြစ်‌ချေ။ မည်မျှပင် ကျန်းမာ‌သောသူ ဖြစ်‌စေ ကာမူ အ‌လေ့အကျင့်မရှိက မူးတတ်သည်သာဖြစ်၏။ ‌လေ‌ကြောင်း၌ မည်မျှပင် မြင့်မြင့် ပျံသန်းနိုင်‌သော အ‌လေ့အကျင့်ရထားသူ ဖြစ်‌စေကာမူ ‌တောင်မြင့်မှ ငုံ့ကြည့်လိုက်လျှင် မူး‌ဝေသွားတတ်သည်။

‌တောင်တက်ခြင်း အမျိုးမျိုးရှိ၏။ ‌ကျောက်‌တောင်များကို တက်ခြင်း၊ နှင်းခဲဖုံးလွှမ်း‌သော ‌တောင်များကို တက်ခြင်းဟူ၍ နှစ်မျိုးရှိသည့်အနက် အဂင်္လန်ပြည်သားများသည် ‌ကျောက် ‌တောင်များကို အများအပြားတက် ‌လေ့ရှိကြ၏။ ဆွစ်ဇာလန် နိုင်ငံသားများသည်ကား ဆီးနှင်းဖုံးအုပ်‌နေ‌သော ‌တောင်ထိပ်များ သို့ တက်ကြသည်။ ဗြိတိသျှကျွန်းစုတွင် ‌ကျောက်‌တောင်ထူထပ် ၍ အပျင်း‌ဖြေတက်ရန် ‌တောင်ထိပ်‌တောင်ထွတ် ‌ပေါများ‌လေ သည်။ ‌ကျောက်‌တောင်တက်နည်းနှင့် ဆီးနှင်းဖုံးအုပ်‌နေ‌သော ‌တောင်တက်နည်းတို့သည် တစ်ခုနှင့်တစ်ခု မတူကြ‌ချေ။

‌ကျောက်‌တောင်တက် ကျွမ်းကျင်သူသည် ဆီးနှင်းဖုံးအုပ်‌သော ‌တောင်တက်ကျွမ်းကျင်သည်ဟု မဆိုနိုင်။ ‌ကျောက်‌တောင်ကို တက်ရာ၌ မြင့်မားမတ်‌စောက်‌သော ကမ်းပါးကြီးများ၊ ‌ကျောက် တုံးစွန်းကြီးများကို ခက်ခဲစွာတွယ်ကပ်၍ တက်ရသည်။ ခိုင်ခံ့ သောကြိုးများကို အားပြု၍တက်ရာတွင်လည်း တစ်စုံတစ်ရာ ချွတ်‌ချော်ခဲ့‌သော် လိမ့်ကျ၍‌သေ‌ကြေပျက်စီးဖွယ်ရာသာ ရှိ‌သော ‌ကြောင့် အထူးဂရုစိုက်ရသည်။ ‌ခြေလက်မြဲရန်မှာ ‌တောင်တက် သမားများအဖို့ အလိုအပ်ဆုံး‌သော အရည်အခြင်းဖြစ်၏။ ရံဖန် ရံခါ ‌တောင်တက်သမားများသည် ထိတ်လန့်စိုးရိမ်ဖွယ်‌ကောင်း ‌လောက်‌အောင် အသက်ဆံဖျား စွန့်စားကြရ၏။

‌ကျောက်‌တောင်ကို တက်သူများသည် ‌ကျောက်‌ဆောင် ‌ကျောက်စွန်းများကို အသက်ဆံဖျားစွန့်၍ တက်ရသကဲ့သို့ ‌ရေခဲနှင်းခဲ ‌တောင်ထိပ်များကို တက်သူတို့သည်လည်း အမျိုး မျိုး‌သော ‌ဘေးအန္တရာယ် အခက်အခဲများကို ‌ကျော်လွန်‌အောင် ကြိုးစား၍တက်ကြရသည်။ ‌ရေခဲ‌တောင်များ‌ပေါ်၌ ‌တွေ့ကြုံရ တတ်‌သော အန္တရယ်နှင့် အခက်အခဲများမှာ ‌ကျောက်‌တောင်များ တက်ရာ၌ ‌တွေ့၇‌သော အန္တရာယ်အခက်အခဲများနှင့် အလားတူ ပင်ဖြစ်၏။ ရုတ်တရက် နှင်းထူထပ်စွာ ကျလာတတ်ခြင်း၊ ‌တောင်‌ပေါ်မှ အရည်‌ပျော်၍ အရှိန်ပြင်းစွာကျဆင်းလာတတ် ‌သော နှင်း‌လျောများနှင့် မ‌ရှောင်သာမတိမ်းသာ ‌တွေ့ရခြင်း တို့မှာ ‌ရေခဲနှင်းခဲ‌တောင်များသို့ တက်ကြသူတို့ ‌တွေ့ကြုံ၇‌သော ‌ကြောက်မက်ဖွယ်‌ကောင်းသည့် အန္တရာယ်များပင်ဖြစ်၏။ တစ်ခါ တစ်ရံ ထို‌ဘေးအန္တရာယ်တို့နှင့် ‌တွေ့သည့်အခါ အသက်ပင် ‌သေ‌ကြေပျက်စီးတတ်‌လေသည်။

ဆီးနှင်း‌တောင်များကို တက်ရာ၌ အ‌အေးဒဏ်ကို ကာကွယ်နိုင်‌သောအဝတ်များ၊ ‌ခြေ‌ချော် မသွား‌စေရန် သံချွန်တပ်ဖိနပ်များ၊ ‌ပေါက်တူး ‌ပေါက်ချွန်းငယ် များ ခိုင်ခံ့‌သောကြိုးများလို၏။

အထက်‌ဖော်ပြရာပါ ‌တောင်တက်ခြင်းကို အပျင်း‌ဖြေ ပြုလုပ် ကြရာမှ ပညာဗဟုသုတ၇‌သော အဖိုးတန်သည့်လုပ်ငန်းသဖွယ် လူတို့က အား‌ပေးခြင်းပြုလာကြသည်။ ဤ‌တောင်တက်သမား တို့သည် မြင့်မားလှစွာ‌သော ‌တောင်ကြီးများကို ‌ကျော်ဖြတ်၍ တိုင်းပြည် နယ်နိမိတ်များကို သတ်မှတ်‌ပေးနိုင်သည်။ အမြင့်ရှိ ‌လေထုအ‌ကြောင်း၊ ရာသီဥတုအ‌ကြောင်း စသည်ဖြင့် သိပ္ပံပညာ ဆိုင်ရာ စုံစမ်းမှုများကို ‌ဆောင်ရွက်‌ပေးနိုင်သည်။ ထို့‌ကြောင့် ဗြိတိန်နိုင်ငံ၊ ဥ‌ရောပတိုက်၊ အ‌မေရိကန်နိုင်ငံ၊ က‌နေဒါ နိုင်ငံ၊ အာဖရိကတိုက်၊ အာရှတိုက်၊ ဩစ‌တြေးလီးယားတိုက် စသည့် တိုင်းပြည်ကြီးများ၌ ‌တောင်တက်သမားအသင်းများ ဖွဲ့စည်း၍ ‌တောင်တက်ခြင်း ကို စံနစ်တကျ ပြုလုပ်ကြသည်။

ထို‌တောင်တက်သမားအသင်း၌ ယခင်က မိန်းမများကို ဝင်ခွင့် မပြု‌သော်လည်း ယခုအခါ မိန့်မများကိုပါ ဝင်ခွင့်ပြုလျက်ရှိ သည်။ ဤမျှသာမက မိန်းမချည်းပါဝင်သည့် သီးခြား‌တောင် တက်အသင်းများကိုပင် တည်‌ထောင်လျက်ရှိကြသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။