​သင်္ခမ်းကြီးစေတီတော်

ဝီကီပီးဒီးယား မှ
သင်္ခမ်းကြီးစေတီတော်
​သင်္ခမ်းကြီးစေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
​သင်္ခမ်းကြီးစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်18°37′08″N 95°12′12″E / 18.618895°N 95.203384°E / 18.618895; 95.203384ကိုဩဒိနိတ်: 18°37′08″N 95°12′12″E / 18.618895°N 95.203384°E / 18.618895; 95.203384
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံပြည်ခရိုင်ရွှေတောင်မြို့

သင်္ခမ်းကြီးစေတီတော်သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ရွှေနတ်တောင်ဘုရား ၏ တောင်ဘက်အရပ်၊ ကံသုံးဆင့်ကြီးအုပ်စု တွင် တည်ရှိပြီး ဒွိတ္တဘောင်မင်းကြီး ၏ မကိုဋ်တော် စလွယ်တော်များ ဓာတ်တော်ဌာပနာထားတော်မူသောရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူဖြစ်သည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

သရေခေတ္တရာခေတ် ဒွတ္တဘောင်မင်းကြီး လက်ထက်တွင် သီဟိုကျွန်း အရပ်မှ ရဟန်းအရှင်သူမြတ် အရှင်အပါး (၃၀၀) သည် သာသနာပြု ရန်အတွက် သရေခေတ္တရာသို့ ရောက်ရှိလာခဲ့ပြီး ဤ ရဟန္တာအရှင်သူမြတ်တို့အား ဒွတ္တဘောင်မင်းကြီး နှင့်မိဖုရား တို့က ပစ္စည်းလေးပါးများကိုထောက်ပံ့လှူတန်းပြီး ထို ရဟန္တာအရှင်မြတ်တို့သည်မင်းကြီးနှင့်မိဖုရားများနှင့် တကွ နန်းတွင်းသူနန်းတွင်းသားများတိုင်းသူပြည်သားများကို ​နေ့စဉ်နေ့တိုင်းတရားထူတရားမြတ်များကို ဟောကြားတော်မူပြီး တရားနာ​ ကြား​ကြသည်။တစ်နေ့သောအခါ မင်းကြီးနှင့်မိဖုရားနန်းတွင်းသူနန်းတွင်းသားများ တိုင်းသူပြည်သားတို့သည် နန်းတော်တွင်းတွင်ဆွမ်းကျွေးပွဲအလှူတစ်ခုပြုလုပ်ပြီးထိုဆွမ်းကျွေးအလှူပွဲတွင် ရဟန္တာအရှင်မဟာယသမထေရ် ဟောကြားတော်မူသောတေမိယဇာတ်တော်ကို ပိဿနိုးမိဖုရားသည် ကြည်ညိုလှသဖြင့် တေမိဇာတ်၌ ပါရှိသည့် ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်သို့ သွား၍ တေမိမင်းသား ရဟန်းပြုလုပ်သည့်တိုင်အောင်သော အဖြစ် အပျက်နေရာထိုင်ခင်းတို့ကို ရှုမြင်လိုသည့်ချင်ခြင်း ပြင်းပြစွာဖြစ်၏။ မိဖုရား၏ဆန္ဒကို ပြည့်ဝစေရန် ကဉ္စနာဂီရိခေါ် ကာသိတိုင်းအဖြစ် စီရင်၍ မိဖုရားအား လိုက်လံပြသသည်ဟု ဆိုလေပြီး ရွှေနတ်တောင်၏ အနီးဝန်းကျင်တွင် မိဖုရားကြီး လှည့်လည်ကြည့်ရှုစဉ်က တေမိမင်းသားအား မြေမြှုပ်ရန် တွင်းတူးသည့်နေရာဟု ပြသရာဖြစ်သော တွင်းတောင်အရပ်၊ ရထားရပ်ရာဖြစ်သော ရပ်တော်မူအရပ် (ယခု မှတ်တော်မူအရပ်)၊ မင်းသားရထားမှဆင်း၍ အားစမ်းအံ့သောငှာ ရထားကိုမွှေ့၍ လည်စေရာဌာနဟု ပြသည့်အရပ်ဖြစ်သော ယခုအခါ မွေလယ်ရပ်၊ တေမိမင်း၏ ခမည်းတော် မယ်တော်တို့ လိုက်လာ၍ ရသေ့ရဟန်းပြုကာ နေထိုင်ရာဌာနဟု ပြသသည့်အရပ်ကို ခမည်းတော်သင်္ခမ်း၊ မယ်တော်သင်္ခမ်း၊ ဟုတွင်သော သင်္ခမ်းကြီးတောင် စသည်တို့သည် ယခုတိုင် ရှိပြီးသင်္ခမ်းကြီးတောင်တွင်လည်း ဒွတ္တဘောင်မင်းကြီး မိဖုရားပိဿနိုးနှင့် စန္ဒာဒေဝီ မိဖုရားခေါင်ကြီးတို့က ဓာတ်တော်ဌာပနာ၍ တည်ထားသောသမိုင်းဝင်သင်္ခမ်းကြီးစေတီ ရှိသည်။[၁]

မြန်မာသက္ကရာဇ် (၁၃၈၁) ခုနှစ် တပေါင်းလပြည့်နေ့ တနင်္ဂနွေနေ့ တွင် သင်္ခမ်းကြီး​တောင်စေတီတော်တွင်စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ထီးတော်ကြီးအားရွှေသင်္ကန်းကပ်၍ အရံစေတီ(၂၈)ဆူကိုစိန်ဖူးတော်တင်လှူ၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ပွဲများပြုလုပ်၍ပြုပြင်မွန်းမံတည်ထားကိုးကွယ်ပါသည်။

အ​ခြားဖက်ရှူ့ရန်ဆောင်းပါးများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)