၂၀၂၆ ဗင်နီဇွဲလား-အမေရိကန် ပဋိပက္ခ
| ၂၀၂၆ ဗင်နီဇွဲလား–အမေရိကန် ပဋိပက္ခ | |||||||||
|---|---|---|---|---|---|---|---|---|---|
| ဗင်နီဇွဲလား-အမေရိကန် ပဋိပက္ခ၏ တစ်စိတ်တစ်ပိုင်း | |||||||||
| |||||||||
| |||||||||
| စစ်ရင်ဆိုင်သူများ | |||||||||
|
|
| ||||||||
| တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||||
| ဒေါ်နယ်လ် ထရမ့် | နီကိုးလပ်စ် မဒူရို | ||||||||
၂၀၂၆ ဗင်နီဇွဲလား-အမေရိကန် ပဋိပက္ခ (တနည်းအားဖြင့် အလုံးစုံဖြေရှင်းရေး စစ်ဆင်ရေး၊ အင်္ဂလိပ်: Operation Absolute Resolve) သည် ၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်ပြည်ထောင်စု က ဗင်နီဇွဲလားနိုင်ငံ သမ္မတအား မြို့တော် ကာရာကပ်စ်မြို့ အထိ စစ်ရေးဝင်ရောက် တိုက်ခိုက်မှု ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်ပဋိပက္ခဖြစ်သည်။[၁]
အမေရိကန်ပြည်ထောင်စုသည် မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် စစ်ဆင်ရေးဖြင့် ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံရေပြင်တွင် အကြီးစားလေကြောင်းနှင့် ရေတပ်တပ်ဖွဲ့များကို လအတော်ကြာ တပ်ဖြန့်ချထားသည်။
ကာရေဘီယံနှင့် ပစိဖိတ်အရှေ့ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးကုန်ကူးသည့် သင်္ဘော ၃၀ ခန့်ကို တိုက်ခိုက်နစ်မြုပ်စေခဲ့ပြီး၊ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။
၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၃ ရက်တွင် တောင်ပိုင်းလှံ စစ်ဆင်ရေး အင်္ဂလိပ်: Operation Southern Spear ဟု အမည်ပေးထားသည့် အမေရိကန်၏ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အလုံးစုံဖြေရှင်းရေးစစ်ဆင်ရေးဖြင့် ကာရာကက်စ်မြို့ကို အမေရိကန်တပ်များသည် တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မဒူရိုကို ပြည်ပသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့သည်။ [၂] [၃]
အလုံးစုံဖြေရှင်းရေး စစ်ဆင်ရေး
[ပြင်ဆင်ရန်]အမေရိကန်ပြည်ထောင်စု သည် အထူးတပ်ဖွဲ့ဝင်များအတွက် ကရာကက်စ်မြို့ရှိ နီကိုလက်စ် မဒူရို ၏ လုံခြုံရေးအိမ်ပုံစံတူ တစ်ခုကို ဖန်တီးကာ လအတန်ကြာ အထူးလျှို့ဝှက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
စစ်အေးကာလနောက်ပိုင်း လက်တင်အမေရိကနိုင်ငံတစ်နိုင်ငံအတွင်း စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုဖြစ်သည့်အတွက် သတင်းလုံခြုံရေးကို ထိန်းသိမ်းရန် အဆိုပါအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ကွန်ကရက် သို့ အကြောင်းကြားခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း မပြုဘဲ လျှို့ဝှက်ထားခဲ့ကြသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဝါရှင်တန် အပါအဝင် ကမ္ဘာတစ်ဝန်းကို အံ့အားသင့်စေခဲ့သော ညသန်းခေါင်ကျော် အချိန်တွင် ၂ နာရီ ၂၀ မိနစ်ကြာ ကြည်း–ရေ–လေ ပူးပေါင်းစစ်ဆင်ရေးဖြင့် မဒူရိုနှင့် ၎င်း၏ ဇနီးကို ကျူးဘားသက်တော်စောင့်များကြားမှ ဖမ်းဆီးခေါ်ထုတ်ခဲ့ကြသည်။
အဆိုပါစစ်ဆင်ရေးကို ဒေါ်လ်နယ် ထရမ့် သည် အိမ်ဖြူတော် အတွင်းရှိ အိမ်ဖြူတော် ကွပ်ကဲရေးရုံးခန်းမှ မဟုတ်ဘဲ Floridaပြည်နယ် Palm Beach မြို့ရှိ Mar-a-Lago ကလပ်မှနေ၍ စီအိုင်အေ ညွှန်ကြားရေးမှူး John Ratcliffe နှင့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့နှင့်အတူ တိုက်ရိုက် စောင့်ကြည့်ခဲ့သည်။
ဒေသစံတော်ချိန် စနေနေ့ မနက် ၄ နာရီ ၂၀ မိနစ်တွင် မဒူရိုနှင့် ၎င်း၏ ဇနီးကို ရဟတ်ယာဉ်ဖြင့် ဗင်နီဇွဲလားနိုင်ငံ လေပိုင်နက်အတွင်းမှ ဖမ်းဆီး ခေါ်ထုတ်ခဲ့ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ At least 7 explosions and low-flying aircraft are heard in Venezuela's Caracas (in en) (2026-01-03)။ 2026-01-03 တွင် ပြန်စစ်ပြီး။
- ↑ U.S. Captures Venezuelan Leader, Trump Says။ The News York Times (3 Jan 2026)။ 3 Jan 2026 တွင် ပြန်စစ်ပြီး။
- ↑ ဗင်နီဇွဲလားသမ္မတကို အမေရိကန်ဖမ်းဆီး။ BBC (၃ ဇန်နဝါရီ ၂၀၂၆)။ ၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။