မာတိကာသို့ ခုန်သွားရန်

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား

ဝီကီပီးဒီးယား မှ
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ
  • FIFA World Cup 26
  • Copa Mundial de la FIFA 2026
  • Coupe du Monde de la FIFA 2026
Emblem of the 2026 FIFA World Cup, showing numbers "2" (top) and "6" (bottom) superimposed by the World Cup trophy
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
အိမ်ရှင်နိုင်ငံများကနေဒါနိုင်ငံ
မက္ကဆီကိုနိုင်ငံ
အမေရိကန်ပြည်ထောင်စု
ကျင်းပသည့်နေ့၁၁ ဇွန် - ၁၉ ဇူလိုင်
ယှဉ်ပြိုင်သည့်အသင်း၄၈ နိုင်ငံ (အဖွဲ့ချုပ် ၆ ခု ခုမှ)
အားကစားကွင်း၁၆ ခု (အိမ်ရှင်မြို့ ၁၆ မြို့တွင်)
၂၀၃၀

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ (အင်္ဂလိပ်: 2026 FIFA World Cup) သည် ဖီဖာအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်ကြသည့် (၂၃) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကနေဒါမက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ မြို့ပေါင်း ၁၆ မြို့တွင် ကျင်းပရန် လျာထားသည်။[] အမေရိကန်ပြည်ထောင်စုသည် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများအပါအဝင် ပွဲစဉ်ပေါင်း ၆၀ ကို မြို့ကြီး ၁၁ မြို့တွင် လက်ခံကျင်းပမည်ဖြစ်သည်။ မက္ကဆီကိုက မြို့ ၃ မြို့တွင် ပွဲစဉ် ၁၀ ပွဲနှင့် ကနေဒါက မြို့ ၂ မြို့တွင် ပွဲစဉ် ၁၀ ပွဲ အသီးသီး လက်ခံကျင်းပသွားမည် ဖြစ်သည်။ ဤကမ္ဘာ့ဖလားပြိုင်ပွဲသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသုံးနိုင်ငံ စုပေါင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလည်း ၃၂ သင်းမှ ၄၈ သင်းအထိ ပထမဆုံးအကြိမ် တိုးမြှင့်ကျင်းပခြင်းလည်း ဖြစ်သည်။[]

မက္ကဆီကိုနိုင်ငံသည် ၁၉၇၀ နှင့် ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ကမ္ဘာ့ဖလားကို (တစ်ကိုယ်တော် သို့မဟုတ် ပူးတွဲအိမ်ရှင်အဖြစ်) သုံးကြိမ်တိုင်တိုင် လက်ခံကျင်းပသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၉၄ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ကနေဒါနိုင်ငံအတွက်မူ ပထမဆုံးအကြိမ် ဖြစ်သည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကျင်းပခဲ့သည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြီးနောက် ယခုပြိုင်ပွဲကို မြောက်ကမ္ဘာခြမ်း၏ နွေရာသီကာလတွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

ယခုအကြိမ်တွင် ကိတ်ဗာဒီ (Cape Verde)၊ ကူရာဆောနိုင်ငံ (Curaçao)၊ ဂျော်ဒန် နှင့် ဥဇဘက်ကစ္စတန် စသည့် နိုင်ငံလေးနိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းသည် ယခုပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။[]

ကျင်းပမည့်နေရာများ

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် အိမ်ရှင်မြို့ကြီး ၁၆ မြို့ (ကနေဒါနိုင်ငံမှ နှစ်မြို့၊ မက္ကဆီကိုနိုင်ငံမှ သုံးမြို့၊ အမေရိကန်ပြည်ထောင်စုမှ ၁၁ မြို့) ပါဝင်သည့်စာရင်းကို FIFA က ကြေညာခဲ့သည်။

FIFA ၏ အားကစားကွင်းစပွန်ဆာဆိုင်ရာ စည်းမျဉ်းများအရ ပြိုင်ပွဲကျင်းပမည့် ကာလအတွင်း အားကစားကွင်းများအား အောက်တွင် ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြထားသည့် အမည်လွှဲများကို အသုံးပြုမည်။[][] လူဝင်ဆံ့မှုပမာဏသည် FIFA မှ ထုတ်ပြန်သည့် အချက်အလက်များအပေါ် အခြေခံထားသည်။[]

သင်္ကေတရှင်းလင်းချက်

[ပြင်ဆင်ရန်]

† ယခင်အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အသုံးပြုခဲ့သော အားကစားကွင်းကို ရည်ညွှန်းသည်။

‡ အမိုးအပြည့်အစုံ သို့မဟုတ် ပြန်ဆုတ်နိုင်သော အမိုးပါရှိပြီး အတွင်းပိုင်း ရာသီဥတုထိန်းချုပ်မှုစနစ် တပ်ဆင်ထားသည့် အမိုးအကာအောက်ရှိ အားကစားကွင်းကို ရည်ညွှန်းသည်။

ပြိုင်ပွဲကျင်းပမည့် နေရာများ
မြို့များ အားကစားကွင်းများ လူဦးရေဝင်ဆံ့မှု ပုံ
အမေရိကန်ပြည်ထောင်စု ဒါးလတ်စ်မြို့
Arlington, Texas
AT&T Stadium
(Dallas Stadium)
94,000
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့ Estadio Aztecadagger
(Mexico City Stadium)
83,000
အမေရိကန်ပြည်ထောင်စု နယူးယောက်/နယူးဂျာစီ
East Rutherford, နယူးဂျာစီပြည်နယ်
MetLife Stadium
(New York New Jersey Stadium)
82,500
အမေရိကန်ပြည်ထောင်စု အတ္တလန္တာမြို့ Mercedes-Benz Stadium
(Atlanta Stadium)
75,000
အမေရိကန်ပြည်ထောင်စု ကန်းဆပ်မြို့ Arrowhead Stadium
(Kansas City Stadium)
73,000
အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ NRG Stadium
(Houston Stadium)
72,000
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့
(Santa Clara, ကယ်လီဖိုးနီးယား)
Levi's Stadium
(San Francisco Bay Area Stadium)
71,000
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့
(Inglewood, California)
SoFi Stadium
(Los Angeles Stadium)
70,000
အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားမြို့ Lincoln Financial Field
(Philadelphia Stadium)
69,000
အမေရိကန်ပြည်ထောင်စု ဆေအတလ်မြို့ Lumen Field
(Seattle Stadium)
69,000
အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့
(Foxborough, မက်ဆာချူးဆက်ပြည်နယ်)
Gillette Stadium
(Boston Stadium)
65,000 Gillette Stadium
အမေရိကန်ပြည်ထောင်စု မိုင်ယာမီမြို့
(Miami Gardens, ဖလော်ရီဒါပြည်နယ်)
Hard Rock Stadium
(Miami Stadium)
65,000
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ BC Place
(BC Place Vancouver)
54,000
မက္ကဆီကိုနိုင်ငံ မွန်တယ်ရေးမြို့
(Guadalupe)
Estadio BBVA
(Estadio Monterrey)
53,500
မက္ကဆီကိုနိုင်ငံ ဂွါဒါလာဟာရာမြို့
(Zapopan)
Estadio Akron
(Estadio Guadalajara)
48,000
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ BMO Field
(Toronto Stadium)
45,000

အသင်းများ

[ပြင်ဆင်ရန်]


အုပ်စု A
စဉ်အသင်းများ
A1 မက္ကဆီကို
A2 တောင်အာဖရိက
A3 တောင်ကိုရီးယား
A4 ချက်သမ္မတနိုင်ငံ
အုပ်စု B
စဉ်အသင်းများ
B1 ကနေဒါ
B2 ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား
B3 ကာတာ
B4  ဆွစ်ဇာလန်
အုပ်စု C
စဉ်အသင်းများ
C1 ဘရာဇီး
C2 မော်ရိုကို
C3 ဟေတီ
C4 စကော့တလန်
အုပ်စု D
စဉ်အသင်းများ
D1 အမေရိကန်
D2 ပါရာဂွေး
D3 ဩစတြေးလျ
D4 တူရကီ
အုပ်စု E
စဉ်အသင်းများ
E1 ဂျာမနီ
E2 ကူရာဆော
E3 အိုင်ဗရီကို့စ်
E4 အီကွေဒေါ
အုပ်စု F
စဉ်အသင်းများ
F1 နယ်သာလန်
F2 ဂျပန်
F3 ဆွီဒင်
F4 တူနီးရှား
အုပ်စု G
စဉ်အသင်းများ
G1 ဘယ်လ်ဂျီယမ်
G2 အီဂျစ်
G3 အီရန်
G4 နယူးဇီလန်
အုပ်စု H
စဉ်အသင်းများ
H1 စပိန်
H2 ကိတ်ဗာဒီ
H3 ဆော်ဒီအာရေးဘီးယား
H4 ဥရုဂွေး
အုပ်စု I
စဉ်အသင်းများ
I1 ပြင်သစ်
I2 ဆီနီဂေါ
I3 အီရတ်
I4 နော်ဝေ
အုပ်စု J
စဉ်အသင်းများ
J1 အာဂျင်တီးနား
J2 အယ်လ်ဂျီးရီးယား
J3 ဩစတြီးယား
J4 ဂျော်ဒန်
အုပ်စု K
စဉ်အသင်းများ
K1 ပေါ်တူဂီ
K2 DR Congo
K3 ဥဇဘက်ကစ္စတန်
K4 ကိုလံဘီယာ
အုပ်စု L
စဉ်အသင်းများ
L1 အင်္ဂလန်
L2 ခရိုအေးရှား
L3 ဂါနာ
L4 ပနားမား


ပွဲစဉ်အချိန်ဇယား

[ပြင်ဆင်ရန်]
Schedule by round
Round ပွဲစဉ် ရက်စွဲ
အုပ်စုအဆင့် ပွဲစဉ် ၁ June 11–17, 2026
ပွဲစဉ် ၂ June 18–23, 2026
ပွဲစဉ် ၃ June 24–27, 2026
နောက်ဆုံးအဆင့် Round of 32 June 28 – July 3, 2026
Round of 16 July 4–7, 2026
Quarterfinals July 9–11, 2026
Semifinals July 14–15, 2026
Match for third place July 18, 2026
Final July 19, 2026
Schedule by group
Matchday Pairings Groups Date
ပွဲစဉ် ၁ 1 vs 2
3 vs 4
A June 11, 2026
B & D June 12, 2026
B, C & D June 13, 2026
E & F June 14, 2026
G & H June 15, 2026
I & J June 16, 2026
K & L June 17, 2026
ပွဲစဉ် ၂ 1 vs 3
4 vs 2
A & B June 18, 2026
C & D June 19, 2026
E & F June 20, 2026
G & H June 21, 2026
I & J June 22, 2026
K & L June 23, 2026
ပွဲစဉ် ၃ 4 vs 1
2 vs 3
A, B & C June 24, 2026
D, E & F June 25, 2026
G, H & I June 26, 2026
J, K & L June 27, 2026

အုပ်စုအဆင့်

[ပြင်ဆင်ရန်]

အုပ်စု A

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  မက္ကဆီကို 1 1 0 0 2 0 +2 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  တောင်ကိုရီးယား 1 1 0 0 2 1 +1 3
3  ချက်သမ္မတနိုင်ငံ 1 0 0 1 1 2 -1 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  တောင်အာဖရိက 1 0 0 1 0 2 -2 0
ဇွန် ၁၁၊ ၂၀၂၆ (၂၀၂၆-၀၆-၁၁)
1:00pm UTC−6
မက္ကဆီကို  ၂-၀  တောင်အာဖရိက Estadio Azteca ကွင်း၊ မက္ကစီကိုစီးတီး
ပွဲကြည့်ပရိသတ်: 80,824 ဦး
ဒိုင်လူကြီး: Wilton Sampaio (Brazil)
Quiñones Goal ၉'
Jiménez Goal ၆၇'

အုပ်စု B

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  ကနေဒါ 1 0 1 0 1 1 0 1 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား 1 0 1 0 1 1 0 1
3   ဆွစ်ဇာလန် 0 0 0 0 0 0 0 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  ကာတာ 0 0 0 0 0 0 0 0

အုပ်စု C

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  စကော့တလန် 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  မော်ရိုကို 1 0 1 0 1 1 0 1
3  ဘရာဇီး 1 0 1 0 1 1 0 1 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  ဟေတီ 1 0 0 1 0 1 -1 0

အုပ်စု D

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  အမေရိကန် (H) 1 1 0 0 4 1 +3 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  ဩစတြေးလျ 1 1 0 0 2 0 +2 3
3  တူရကီ 1 0 0 1 0 2 -2 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  ပါရာဂွေး 1 0 0 1 1 4 -3 0

အုပ်စု E

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  ဂျာမနီ 1 1 0 0 7 1 +6 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  အိုင်ဗရီကို့စ် 1 1 0 0 1 0 +1 3
3  အီကွေဒေါ 1 0 0 1 0 1 -1 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  ကူရာဆော 1 0 0 1 1 7 -6 0

အုပ်စု F

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1  ဆွီဒင် 1 1 0 0 5 1 +4 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2  ဂျပန် 1 0 1 0 2 2 0 1
3  နယ်သာလန် 1 0 1 0 2 2 0 1 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4  တူနီးရှား 1 0 0 1 1 5 -4 0

အုပ်စု G

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0

အုပ်စု H

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0

အုပ်စု I

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0

အုပ်စု J

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0

အုပ်စု K

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0

အုပ်စု L

[ပြင်ဆင်ရန်]
အဆင့် အသင်း ပွဲ နိုင် သရေ ရှုံး ဂိုးသွင်း ဂိုးပေး ဂိုးကွာ ရမှတ်
1 1 1 0 0 1 0 +1 3 ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
2 0
3 0 အဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြေရှိ
4 1 0 0 1 1 4 -3 0






ဈေးကွက်ရှာဖွေရေး

[ပြင်ဆင်ရန်]

ပွဲစဉ်ထုတ်လွှင့်ခွင့်

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် မိုင်တဲလ် (MyTel) ၏ ရုပ်သံပလက်ဖောင်း ဖြစ်သော TV360 က ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို တရာဝင်း ထုတ်လွှင့်ခွင့် ရရှိထားသည်။[][] ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များ တိုက်ရိုက်ပြသခွင့်အတွက် ဒေါ်လာသန်းဆယ်ချီ ငွေကြေးများစွာကုန်ကျခံ၍ မြန်မာနိုင်ငံတဦးတည်း မူပိုင်ခွင့်ရရှိထားသော စစ်တပ်ပိုင် Mytel TV360Facebook စာမျက်နှာကို Meta က ဖယ်ရှားလိုက်သည်ဟု Justice For Myanmar က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. FIFA World Cup 26 – Match Schedule FIFA (February 4, 2024)။ February 5, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 4, 2024 တွင် ပြန်စစ်ပြီး။
  2. ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်အတွက် အသင်း (၃၉)သင်း အဖြေထွက် (in my)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  3. ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဉ်ဇယား - အရေးကြီးရက်များနှင့် မြန်မာစံတော်ချိန် | သတင်း (in my) (2026-03-01)။ 2026-05-11 တွင် ပြန်စစ်ပြီး။
  4. Pelit၊ Asli (February 16, 2024)။ FIFA RULES MAY COST METLIFE $80M IN WORLD CUP FINAL BRAND VALUE Sportico February 16, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 21, 2024 တွင် ပြန်စစ်ပြီး။
  5. The FIFA World Cup 26 stadiums FIFA (July 15, 2025)။ November 17, 2025 တွင် ပြန်စစ်ပြီး။ “Stadium official names for the FIFA World Cup 26 have been matched with Host City names and may differ from the common designation used locally.”
  6. The FIFA World Cup 26 stadiums FIFA (July 15, 2025)။ November 17, 2025 တွင် ပြန်စစ်ပြီး။ “Stadium official names for the FIFA World Cup 26 have been matched with Host City names and may differ from the common designation used locally.”
  7. TV360 Media Hub (2026-05-31)။ 2026 Worldcup is coming on TV360 🥳🥳 2026-06-08 တွင် ပြန်စစ်ပြီး။
  8. ၂၀၂၆ ဇွန် ၁၁ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု - မြန်မာ စစ်တပ်ပိုင် Mytel က ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ပြသခွင့်ရ (in my) (2026-06-11)။ 2026-06-12 တွင် ပြန်စစ်ပြီး။
  9. နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၃ ဇွန် ၂၀၂၆ ) 14 June 2026 တွင် ပြန်စစ်ပြီး။