၂၀၂၆ နမ့်ခမ်း ပေါက်ကွဲမှု
ဤ ဆောင်းပါး သည် လတ်တလော အဖြစ်အပျက် ကို တင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးပါ သတင်း အချက်အလက်များ သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ |
| ၂၀၂၆ နမ့်ခမ်း ပေါက်ကွဲမှု | |
|---|---|
| မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) နှင့် ၁၀၂၇ စစ်ဆင်ရေး အလွန် ဖြစ်ရပ်များ ၏ တစ်စိတ်တစ်ပိုင်း | |
ကောင်းတပ်ရွာ တည်နေရာပြ မြေပုံ | |
| နေရာ | နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကျေးရွာအုပ်စု၊ ကောင်းတပ်ရွာအနီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း |
| ကိုဩဒိနိတ် | 23°50′37″N 97°42′22″E / 23.8437004089355°N 97.7060089111328°Eကိုဩဒိနိတ်: 23°50′37″N 97°42′22″E / 23.8437004089355°N 97.7060089111328°E |
| ရက်စွဲ | ၃၁ မေ ၂၀၂၆ ၁၂:၃၀ ဝန်းကျင် (မြန်မာစံတော်ချိန် (UTC+6:30)) |
| တိုက်ခိုက်မှု အမျိုးအစား | မတော်တဆ ပေါက်ကွဲမှု |
| လက်နက်များ | မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ ပေါက်ကွဲခြင်း |
| သေဆုံးသူဦးရေ | ၄၃ ဦး (နမ့်ခမ်းဆေးရုံရောက်စာရင်းအရ တရားဝင်အတည်ပြု) |
ဒဏ်ရာရဦးရေ | ၁၁၂ ဦး (အနည်းငယ်ထိခိုက် ၇၅ ဦး၊ ပြင်းထန်းဒဏ်ရာရ ၃၇ ဦး) |
TNLA ၏ လက်နက်ခဲယမ်း သိုလှောင်ရာနေရာအဖြစ် ဖော်ပြမှုလည်းရှိခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ကောင်းတပ်ရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်မှန်များ အားလုံး ကွဲကြေပျက်စီးခဲ့သည်။ | |
၂၀၂၆ နမ့်ခမ်း ပေါက်ကွဲမှု သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကျေးရွာအုပ်စုရှိ ကောင်းတပ်ရွာအနီး၌ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ရပ်တစ်ခု ဖြစ်သည်။ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော "ယမ်းပျော့" များ မတော်တဆ ပေါက်ကွဲမှုကြောင့်ဟု TNLA က သတင်းထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် လူပေါင်း ၄၃ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးအထိ ရှိခဲ့သည်။[၁][၂][၃]
ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကျေးရွာအုပ်စု၊ ကောင်းတပ်ရွာအနီးရှိ သိုလှောင်ရုံ တွင် မတော်မဆဖြစ်ပြီး ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ လက်နက်ခဲယမ်း သိုလှောင်ထားသည့် နေရာဟူ၍ ကနဦးသတင်းများတွင် ဖော်ပြချက်ရှိခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးအရှိန်ကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ နေအိမ်မှန်များ အားလုံးကွဲကြေပျက်စီးခဲ့သည်။[၄]
ထိခိုက်သေဆုံးမှုနှင့် ကယ်ဆယ်ရေး
[ပြင်ဆင်ရန်]ကနဦး မြေပြင်သတင်းများတွင် အဆိုပါ ပေါက်ကွဲမှုအတွင်း နေရာ၌ပင် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိခဲ့ရာမှ နောက်ဆုံးသိရှိရသော အခြေအနေများအရ သေဆုံးသူသည် ဆက်တိုက် တိုးလာခဲ့သည်။ ထို့ပြင် အပျက်အစီးပုံများကြားတွင် ပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရေးသမားများက ဆက်လက်ကယ်ထုတ်ခဲ့ရသည်။[၅]
ထိခိုက်ဒဏ်ရာရရှိသူများကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ လူနာများအတွက် အရေးပေါ် သွေးအကူအညီများအပါအဝင် ဆေးဝါးကုသမှုများဖြင့် အသက်ကယ်ပေးခဲ့ရသည်။ အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် နမ့်ခမ်းမြို့နှင့် အနီးနားရှိ မူဆယ်မြို့မှ လူမှုကူညီရေး ပရဟိတအသင်း တစ်ဒါဇင်နီးပါးခန့်က မြေပြင်တွင် ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို ရှာဖွေကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ဧရာဝတီသတင်းဌာနသည် ထိုဖြစ်ရပ်ကြောင့် လူပေါင်း ၅၀ ဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦးကျော်အထိ ရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းရေးသားဖော်ပြခဲ့သည်။[၆]
တရုတ်နိုင်ငံ၏ တုန့်ပြန်မှု
[ပြင်ဆင်ရန်]တရုတ်နိုင်ငံ၊ ရွှေလီမြို့တစ်ဖက်ခြမ်းတွင် ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ပြင်းအားမြင့် ပေါက်ကွဲမှုအလွန် နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်နိုင်ရန်အတွက် လိုအပ်သည့် အကူအညီများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်း (Lin Jian) က ပြောကြားခဲ့သည်။[၇]
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုလည်း အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ လင်ကျန်းက ထည့်သွင်းပြောကြားခဲ့သည်။[၈]
တရားဝင် ထုတ်ပြန်ချက်နှင့် အကြောင်းရင်း
[ပြင်ဆင်ရန်]ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ယင်းနေ့ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက် ညနေပိုင်းတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က တရားဝင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ မွန်းလွဲ ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုမှာ စစ်ရေးအရ တိုက်ခိုက်ခံရခြင်းမဟုတ်ဘဲ ၎င်းတို့၏ စီးပွားရေးဌာနပိုင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော "ယမ်းပျော့" များ မတော်တဆ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ဝန်ခံခဲ့သည်။ထို့အပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ ညပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်းအား ထုတ်ပြန်ခဲ့သည်။[၉]
| (က) အသက်ဆုံးရှုံးရသူများစာရင်း (၄၃)ဦး | |||||
|---|---|---|---|---|---|
| စဉ် | လူကြီး (အသက် ၁၁ နှစ်အထက်) | ကလေး (အသက် ၁နှစ်မှ ၁၁နှစ်ထိ) | စုစုပေါင်း | ||
| ကျား | မ | ကျား | မ | ||
| ၁ | ၆ | ၁ | ဝ | ဝ | ၇ |
| ၂ | ၂၃ | ၁၃ | ဝ | ဝ | ၃၆ |
| စုစုပေါင်း | ၂၉ | ၁၄ | ဝ | ဝ | ၄၃ |
| မှတ်ချက်။ ။သေဆုံးသူ (၄၃)ထဲမှ (၇)ဦးသည် ကုသမှု ခံယူနေစဉ် ဆုံးပါးသွားသော လူနာဖြစ်ပြီး ကျန်သော (၃၆)ဦးသည် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်။ | |||||
| (ခ) အနည်းငယ်ထိခိုက်ဒဏ်ရာရသူ (လူနာ)စာရင်း (၇၅)ဦး | |||||
|---|---|---|---|---|---|
| စဉ် | လူကြီး (အသက် ၁၁ နှစ်အထက်) | ကလေး (အသက် ၁နှစ်မှ ၁၁နှစ်ထိ) | စုစုပေါင်း | ||
| ကျား | မ | ကျား | မ | ||
| ၁ | ၃၃ | ၂၆ | ဝ | ဝ | ၅၉ |
| ၂ | ဝ | ဝ | ၁၀ | ၆ | ၁၆ |
| စုစုပေါင်း | ၃၃ | ၂၆ | ၁၀ | ၆ | ၇၅ |
| (ဂ) ပြင်းထန်းဒဏ်ရာရသူ လူနာစာရင်း (၃၇)ဦး | |||||
|---|---|---|---|---|---|
| စဉ် | လူကြီး (အသက် ၁၁ နှစ်အထက်) | ကလေး (အသက် ၁နှစ်မှ ၁၁နှစ်ထိ) | စုစုပေါင်း | ||
| ကျား | မ | ကျား | မ | ||
| ၁ | ၉ | ၁၉ | ဝ | ဝ | ၂၈ |
| ၂ | ဝ | ဝ | ၅ | ၄ | ၉ |
| စုစုပေါင်း | ၉ | ၁၉ | ၅ | ၄ | ၃၇ |
| မှတ်ချက်။ ။ဤလူနာစာရင်းများသည် နမ့်ခမ်းဆေးရုံတွင် ရောက်ရှိလာသော လူနာစာရင်းသာ ဖြစ်သည်။ | |||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ နမ့်ခမ်းတွင် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးသူ များပြား (in en)။ 2026-05-31 တွင် ပြန်စစ်ပြီး။
- ↑ SHAN (2026-05-31)။ နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ (in en-US)။ 2026-05-31 တွင် ပြန်စစ်ပြီး။
- ↑ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ် (in my) (2026-06-01)။ 2026-06-02 တွင် ပြန်စစ်ပြီး။
- ↑ MizzimaTV (2026-05-31)။ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာအနီး ပြင်းထန်ပေါက်ကွဲမှု အနည်းဆုံး ၃ ဦးသေဆုံး။ 2026-05-31 တွင် ပြန်စစ်ပြီး။
- ↑ မေ ၃၁ ရက်သတင်းအနှစ်ချုပ် - မန္တလေးမှာ အာဆင်နယ်နဲ့ PSG ပွဲကြည့်ရင်း ရိုက်မှုဖြစ် (in my) (2026-05-31)။ 2026-05-31 တွင် ပြန်စစ်ပြီး။
- ↑ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာအနီး ပြင်းထန်ပေါက်ကွဲမှု အနည်းဆုံး ၃ ဦးသေဆုံး။ Mizzima Burmese (၃၁ မေ ၂၀၂၆)။ ၃၁ မေ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ Triumph၊ Ojo (2026-06-01)။ 46 Killed as Explosion Destroys Hundreds of Homes in Myanmar Village (in en-US)။ 2026-06-02 တွင် ပြန်စစ်ပြီး။
- ↑ Foreign Ministry Spokesperson Lin Jian’s Regular Press Conference on June 1, 2026_Embassy of the People's Republic of China in the Republic of South Africa။ 2026-06-02 တွင် ပြန်စစ်ပြီး။
- ↑ "TNLA ပိုင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဒေသခံ ၂၀ ဝန်းကျင်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း TNLA ထုတ်ပြန် - New Day Myanmar" (in en-US)၊ New Day Myanmar၊ 2026-05-31။