မာတိကာသို့ ခုန်သွားရန်

၂၀၂၅ အမေရိကန်၏ အီရန်နျူကလီးယားတိုက်ခိုက်မှု

ဝီကီပီးဒီးယား မှ
၂၀၂၅ အမေရိကန်၏ အီရန်နျူကလီးယားတိုက်ခိုက်မှု
အီရန်–အစ္စရေး စစ်ပွဲ၏ တစိတ်တပိုင်း
၂၀၂၅ အမေရိကန်၏ အီရန်နျူကလီးယားတိုက်ခိုက်မှု သည် အီရန်နိုင်ငံ တွင် တည်ရှိသည်
Fordow
Fordow
Natanz
Natanz
Isfahan
Isfahan
၂၀၂၅ အမေရိကန်၏ အီရန်နျူကလီးယားတိုက်ခိုက်မှု (အီရန်နိုင်ငံ)
တည်နေရာ
စီစဉ်သူ အမေရိကန်
အမိန့်ပေးသူဒေါ်နယ်လ် ထရမ့်
အမေရိကန်ပြည်ထောင်စု၏ သမ္မတ
ရည်ရွယ်ဖျက်ဆီးခြင်း — အီရန်၏ နျူကလီးယားစက်ရုံများ
ရက်စွဲဇွန် ၂၂၊ ၂၀၂၅ (၂၀၂၅-၀၆-၂၂)
02:10–02:35 (အီရန် စံတော်ချိန်)
ကျူးလွန်သူ
ရလဒ်ကာတာနိုင်ငံဒိုဟာမြို့အနီးရှိ အမေရိကန်ပြည်ထောင်စု လေတပ်မှ အသုံးပြုလျှက်ရှိသော Al Udeid လေတပ်စခန်းအား အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခြင်း

အမေရိကန်အရာရှိများ၏ ပြောကြားချက်:

  • သုံးနေရာစလုံး “အလွန်ပြင်းထန်သော ပျက်စီးမှုနှင့် ဖျက်ဆီးမှု” ခံခဲ့ရသည်။[]
  • နာတန်ဇ် နျူကလီးယားစက်ရုံ ဖျက်ဆီးခံရပြီး ဖော်ဒို နှင့် အစ္စဖာဟန် စက်ရုံများ “ကြီးမားသော ပျက်စီးမှု” ရရှိခဲ့သည်။[]
  • အီရန်နျူကလီးယားအစီအစဉ်ကို နှစ်နှစ်ခန့် နောက်ဆုတ်စေခဲ့သည်။

ပေါက်ကြားလာသည့် DIA အစီရင်ခံစာ

  • စက်ရုံများ ပျက်စီးခဲ့သော်လည်း လုံးဝဖျက်ဆီးခံရခြင်းမရှိ
  • အီရန်နျူကလီးယားအစီအစဉ်ကို လအနည်းငယ်သာ နှောင့်နှေးစေခဲ့သည်။

အစ္စရေးထောက်လှမ်းရေး

  • စက်ရုံများ ပျက်စီးခဲ့သော်လည်း အီရန်နျူကလီးယားအစီအစဉ်ကို မဖျက်ဆီးနိုင်ခဲ့။[]

အီရန်၏ ပြောကြားချက်:

  • နျူကလီးယားစက်ရုံများ “သိသာထင်ရှားပြီး ပြင်းထန်သော ပျက်စီးမှု” ရရှိခဲ့သည်။"[][]
  • ပထမဆုံးထုတ်ပြန်ချက်တွင် ပျက်စီးမှုမှာ “မျက်နှာပြင်အဆင့်သာ” ဖြစ်ပြီး ပြန်လည်ပြုပြင်နိုင်သည်ဟု ဆိုသည်။[][]

အိုင်အေအီးအေ၏ ပြောကြားချက်

  • အီရန်နျူကလီးယားအစီအစဉ်သည် “အလွန်ကြီးမားသော ပျက်စီးမှု” ခံခဲ့ရသည်။[]
ထိခိုက်သေဆုံးမှုထိခိုက်သေဆုံးမှုမရှိ []

၂၀၂၅ အမေရိကန်၏ အီရန်နျူကလီးယားတိုက်ခိုက်မှု (အင်္ဂလိပ်: 2025 United States strikes on Iranian nuclear sites) သည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ၁၂ရက်ကြာစစ်ပွဲ အဖြစ် ထင်ရှားခဲ့သည့် အီရန်–အစ္စရေး စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စု က ဆောင်ရွက်ခဲ့သော စစ်ရေးတိုက်ခိုက်မှုတစ်ရပ် ဖြစ်သည်။[၁၀]

ဤတိုက်ခိုက်မှုကို သန်းခေါင်ယံ အပြင်းအထန်တိုက်ခိုက်ခြင်း စစ်ဆင်ရေး(အင်္ဂလိပ်: Operation Midnight Hammer)ဟု ကုဒ်အမည်ပေးထားသော စစ်ဆင်ရေးအောက်တွင် အမေရိကန်ပြည်ထောင်စုက အီရန်ရှိ နျူကလီးယားအဆောက်အအုံ သုံးခုကို တိုက်ခိုက်ခဲ့သည်။ ပစ်မှတ်ထားခံရသည့် နေရာများမှာ အီရန်နိုင်ငံအတွင်းရှိ ဖော်ဒိုနာတန်ဇ် နှင့် အစ္စဖာဟန်တို့ ဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် B-2 Spirit stealth ဗုံးကြဲလေယာဉ်များမှ သယ်ဆောင်လာသော GBU-57A/B MOP “bunker buster” ဗုံး ၁၄ လုံးကို အသုံးပြုခဲ့သည့်အပြင်၊အမေရိကန်ပြည်ထောင်စု ရေတပ်မတော်၏ ရေငုပ်သင်္ဘောတစ်စီးမှ ပစ်လွှတ်သော Tomahawk ဒုံးကျည်များကိုလည်း အသုံးပြုခဲ့သည်။

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

ဤတိုက်ခိုက်မှုသည် အစ္စရေး-အီရန် ၁၂ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု ၏ တစ်ခုတည်းသော ထိုးစစ်ဆင်မှုဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အစ္စရေး ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သော စစ်ပွဲသည် ဇွန်လ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲမှုဖြင့် အဆုံးသတ်ခဲ့သည်။

၎င်းသည် ၂၀၂၀ ပြည့်နှစ် အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး ဆူလေမန်နီ[၁၁] ကို လုပ်ကြံမှုနောက်ပိုင်း အီရန်ပစ်မှတ်ကို အမေရိကန်က ပထမဆုံးတိုက်ခိုက်မှုဖြစ်ပြီး ၁၉၈၈ ခုနှစ် ရေတပ်စစ်ဆင်ရေးနောက်ပိုင်း အီရန်ပိုင်နက်အတွင်း ပထမဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရမ့် က အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ အဓိကနျူကလီးယားသန့်စင်စက်ရုံများကို “လုံးဝဖျက်ဆီးပစ်လိုက်သည်” ဟု ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုများ၏ နောက်ဆုံးပျက်စီးမှု အကဲဖြတ်ချက်ကို ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပင်တဂွန်၏ အကဲဖြတ်ချက်အရ အီရန်၏ နျူကလီးယားအစီအစဉ်သည် နှစ်နှစ်ခန့် နောက်ဆုတ်သွားနိုင်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။ယင်းအပြင် အစ္စဖာဟန် ရှိ အီရန်နျူကလီးယားစက်ရုံများသည် ပြင်းထန်သော ပျက်စီးမှုများ ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

အီရန်၏တုံ့ပြန်မှုများ

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၏ ဗုံးကြဲတိုက်ခိုက်မှုအပြီး အီရန်ဘက်က အစ္စရေး နှင့် ကာတာ ရှိ အမေရိကန်စစ်စခန်းတစ်ခုကို မစ်ဆိုင်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်ခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်နေ့တွင် အီရန် ဥပဒေပြုလွှတ်တော် သည် အစ္စရေး နှင့် အမေရိကန်တို့၏ အီရန်နျူကလီးယားဆိုင်ရာ အဆောက်အဦများ အပေါ် လေကြောင်းတိုက်ခိုက်ခဲ့မှုများကို အကြောင်းပြပြီး ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆိုင်းငံ့သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. What we know about US air strikes on three Iranian nuclear sites (in en-GB)။ BBC News (June 22, 2025)။ June 22, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 22, 2025 တွင် ပြန်စစ်ပြီး။
  2. Natanz nuclear site destroyed, Isfahan, Fordow severely damaged by US strikes, sources say (in en) (June 22, 2025)။ June 22, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 22, 2025 တွင် ပြန်စစ်ပြီး။
  3. Israeli intelligence admits Iran's nuclear program has not been destroyed Le Monde (September 13, 2025)။ 10 October 2025 တွင် ပြန်စစ်ပြီး။
  4. Fassihi၊ Farnaz။ "Iran's Foreign Minister Says Nuclear Facilities 'Seriously Damaged'" (in en-US)၊ The New York Times၊ June 27, 2025။
  5. Khraiche၊ Dana။ "Iran Says Nuclear Facilities 'Badly Damaged' by US Strikes"၊ Bloomberg News၊ June 25, 2025။
  6. How badly have US strikes damaged Iran's nuclear facilities? Here's what to know (in en)။ CNN (June 22, 2025)။ June 22, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 22, 2025 တွင် ပြန်စစ်ပြီး။
  7. Satellite images show damage from US strikes on Iran's Fordow nuclear site (in en)။ June 22, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 23, 2025 တွင် ပြန်စစ်ပြီး။
  8. Crisp၊ Elizabeth။ "UN watchdog: Iran nuclear program suffered 'enormous damage'"၊ The Hill၊ June 26, 2025။
  9. US strikes on nuclear sites caused no casualties: Iranian Red Crescent (in en) (June 22, 2025)။ June 23, 2025 တွင် ပြန်စစ်ပြီး။
  10. ဖော်ဒိုးနှင့် အခြားအီရန် နျူကလီယားစခန်းများကို အမေရိကန် ဗုံးကြဲတိုက်ခိုက် DVB (၂၂ ဇွန် ၂၀၂၅)။ ၄ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  11. အမေရိကန် လေကြောင်း တိုက်ခိုက်လို့ အီရန် ဗိုလ်ချုပ်ကြီးသေဆုံး ဘီဘီစီ (၃ ဇန်နဝါရီ ၂၀၂၀)။ ၄ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  12. ကုလ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နဲ့ မပူးပေါင်းရင် အီရန်ဘာဖြစ်မလဲ ဘီဘီစီ (၂၇ ဇွန် ၂၀၂၅)။ ၄ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။