မာတိကာသို့ ခုန်သွားရန်

၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ

ဝီကီပီးဒီးယား မှ
၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများ
ဆန္ဒပြပွဲများ၏အဆုံးသတ်သည် မဒါဂတ်စတား၌ စစ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ရသည်
နေ့ရက်၂၅ စက်တင်ဘာ ၂၀၂၅ (၂၀၂၅-၀၉-၂၅) – ၁၄ အောက်တိုဘာ ၂၀၂၅
နေရာ
အကြောင်းရင်းခံလျှပ်စစ် နှင့် ရေပြတ်တောက်မှု
ရည်မှန်းချက်များသမ္မတ အန်ဒရီ လာဂျိုလီနာ အစိုးရအဖွဲ့ ပြုတ်ကျရေး []
အခြေအနေနောက်ဆက်တွဲဖြစ်ရပ်များ
  • လေကြောင်းရထားလမ်း အဆောက်အဦများ၊ စီးပွားဖြစ်နေရာများနှင့် စူပါမားကတ်များ ပျက်စီးခြင်း
  • နိုင်ငံရေးသမားများ၏ နေအိမ်များ လုယက်ခံရခြင်း
  • သမ္မတ အန်ဒရီ လာဂျိုလီနာ နိုင်ငံမှ ထွက်ပြေးခြင်း
  • သမ္မတ အန်ဒရီ လာဂျိုလီနာ အား အယုံအကြည်မရှိအဆိုတင်ကာ ဖြုတ်ချခြင်း
  • သမ္မတ အန်ဒရီ လာဂျိုလီနာ အစိုးရအဖွဲ့ ပြုတ်ကျသွားခြင်း
  • မဒါဂတ်စကားနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားခြင်း
  • အာဏာသိမ်းစစ်အစိုးရက ၂နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမည့် ကတိဝန်ခံချက်ပေးခြင်း
လိုက်လျောချက်များအန်ဒရီ လာဂျိုလီနာ အစိုးရအဖွဲ့ ပြုတ်ကျသွားခြင်း
Parties to the civil conflict
  • အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ
  • မဒါဂတ်စကားနိုင်ငံလက်နက်ကိုင်အဖွဲ့ (အတိုက်အခံအင်အားစုများ)
  • CAPSAT အထူးတပ်ဖွဲ့ [][]
ဦးဆောင်သူများ
မာဒါဂတ်စတား Gen Z များ
ထိခိုက်သူများ
၂၂ ဦး သေဆုံး, ၁၀၀ ဦး နှင့်အထက် ဒဏ်ရာရ
မသိရှိရ

၂၀၂၅ မဒါဂတ်စတား Gen Z ဆန္ဒပြပွဲများသည် မဒါဂတ်စကားနိုင်ငံ ၏ မြို့တော် အန်တာနာနာရီဗိုမြို့တွင် စတင်အခြေတည်ဖြစ်ပွားခဲ့သည့် မဒါဂတ်စတား Gen Z များ၏ ဆန္ဒပြပွဲများ ဖြစ်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများသည် စက်တင်ဘာ ၂၅ ရက်မှစပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တုံ့ပြန်မှုကြောင့် (သို့မဟုတ်) လုယက်မှုနှင့် အထွေထွေမငြိမ်မသက်မှုများကြောင့် ဆန္ဒပြသူများနှင့် အရပ်သားများအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့သည်။

ဆန္ဒပြမှုများသည် မြို့တွင်း၌ မကြာခဏ ရေနှင့် ဓာတ်အား ပြတ်တောက်မှုများကို အခြေခံ၍ ဖြစ်ပေါ်ခဲ့သည်။နောက်ပိုင်းတွင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားများ၏ နေအိမ်များသည် ပစ်မှတ်ထားခံခဲ့ရသည်။ ဆန္ဒပြမှုများသည် မြို့တော်အပြင် အခြားမြို့များသို့လည်း ပျံ့နှံ့သွားခဲ့သည်။

ဆန္ဒပြမှုများနှင့်အတူ မြို့ကြီးများ၏ စီးပွားရေးနေရာများ၊အများပြည်သူပိုင် အဆောက်အဦများသည် လုယက်ခြင်းနှင့် ဖောက်ထွင်းမှုများ ကြုံတွေ့ခဲ့ရသည်။သမ္မတ အန်ဒရီ လာဂျိုနာ သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် အစိုးရအဖွဲ့မှ စွမ်းအင်ဝန်ကြီးကို ဖယ်ရှားပစ်ခဲ့သည်။ယင်းအပြင် ဝန်ကြီးချုပ် Christian Ntsay ၏ အစိုးရကို စက်တင်ဘာ ၂၉ ရက်တွင် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက် တွင် စစ်ဗိုလ်ချုပ်ကြီး Ruphin Zafisambo အား ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခဲ့သည်။ အောက်တိုဘာ ၁၄ ရက် တွင်၊ Madagascar လက်နက်ကိုင်တပ်ဖွဲ့များ၏ယူနစ်များသည်ဆန္ဒပြမှုများကိုထောက်ခံသောအာဏာသိမ်းမှုပြုလုပ်ခဲ့သည်။

နောက်ခံအကြောင်းအရင်းများ

[ပြင်ဆင်ရန်]

အရှေ့အာဖရိကကမ်းရိုးတန်း နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းတည်ရှိသည့် မဒါဂတ်စကားနိုင်ငံ သည် အခက်အခဲအများအပြားကြုံတွေ့နေသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ကမ္ဘာ့ဘဏ် ၏ ၂၀၂၂ ခုနှစ် အတွက် ခန့်မှန်းချက်အရ မဒါဂတ်စကားနိုင်ငံ ရှိ ပြည်သူအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် (စုစုပေါင်း လူဦးရေ ၃၀ သန်းခန့်ရှိသည့်အနက်)မှာ ဆင်းရဲနွမ်းပါးကြသည်။

၂၀၀၉ ခုနှစ်၊မတ် ၁၇ ရက် တွင်  မာဒါဂတ်စကားနိုင်ငံအတွင်း၌ နိုင်ငံရေးအကျပ်အတည်းနှင့်အတူ စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။

အန်ဒရီလာဂျိုနီ သည် စစ်တပ်ကျောထောက်နောက်ခံပြုအာဏာသိမ်းမှုနှင့်အတူ နိုင်ငံ၏ယာယီအစိုးရအဖွဲ့ သမ္မတဖြစ်လာခဲ့သည်။သူသည် နိုင်ငံ၏ယာယီအစိုးရအဖွဲ့ သမ္မတအဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိ လည်းကောင်း၊ရွေးကောက်ပွဲဖြင့် ၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ လည်းကောင်း၊ဆက်၍ ၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ် အထိ လည်းကောင်း အနိုင်များရရှိခဲ့၍ နိုင်ငံကို ကာလရှည် အုပ်ချုပ်ခဲ့သော်လည်း စီးပွားရေးကျဆင်းနေမှုများအတွက် အဓိကတာဝန်ရှိအဖြစ် စွပ်စွဲခံခဲ့ရသည်။

ယင်းအပြင် နိုင်ငံ၏ မြို့တော် အန်တာနာနာရီဗိုတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း နှင့် ရေပြတ်တောက်ခြင်းများသည် တစ်ကြိမ်လျှင် အနည်းဆုံး နာရီ ၁၂ ခန့်ကြာမြင့်သည်အထိ ပြည်သူများမှာ ခံစားနေကြရသည်။

တစ်ဖက်တွင် အစိုးရသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်များ နှင့် မသက်ဆိုင်သည့် ပွင့်လင်းမြင်သာမှုမရှိသည့် ပရောဂျက်များ — ဥပမာအားဖြင့် အန်တာနာနာရီဗိုမြို့တွင် ၁၃မိုင် ကျော် (ကီလိုမီတာ ၁၃) ရှည်လျားသည့် အမေရိကန်ဒေါ်လာ ၁၅၂ မီလီယံတန် ကေဘယ်လ်ကား စနစ် စသည်တို့တွင် ငွေထုတ်ရင်းနှီးလျှက်ရှိသည်။ ဤပရောဂျက်ကို ပြည်သူများက ဝေဖန်ကြသော်လည်း၊အန်ဒရီလာဂျိုနီ ကမူ တုန့်ပြန်ကာကွယ်ပြောဆိုချက်များဖြင့် ဖြေရှင်းခဲ့သည်။

အဆိုးဆုံးမှာ သမ္မတ အန်ဒရီ လာဂျိုလီနာသည် ပြင်သစ်နိုင်ငံသား အဖြစ် လည်းကောင်း၊ မဒါဂတ်စကားနိုင်ငံသားအဖြစ် လည်းကောင်း နိုင်ငံသားနှစ်မျိုး ခံယူထားမှုနှင့်အတူ မိသားစုလိုက် ချမ်းသာကြွယ်ဝနေမှုများသည် ဆင်းရဲနွမ်းပါးသည့်ပြည်သူများအဖို့ အနှောင့်အယှက်ဖြစ်လာခဲ့သည်။ယင်းအပြင် ၎င်း၏ သမီး အီလိုနာ လာဂျိုလီနာ၏ နာမည်ကြီးဒီဇိုင်နာအမှတ်တံဆိပ်များ ဝတ်ဆင်နေမှုများ၊သားဖြစ်သူ အရီနာ လာဂျိုလီနာ ၏ ဆွစ်ဇာလန်နိုင်ငံ အတွင်း ထင်ရှားသော ဟိုတယ်စီးပွားရေးကျောင်း EHL Hospitality Business School သို့ တက်ရောက်နေမှုများက ဆင်းရဲနွမ်းပါးသည့်လူထုအတွက် မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့သည်။ထိုကျောင်းသည် ကျောင်းလခကြေး အမြင့်ဆုံးကျောင်းများထဲမှတစ်ခုဖြစ်သဖြင့် မဒါဂတ်စကားပြည်သူအများစုအတွက် မလွယ်ကူသော အခွင့်အရေးဖြစ်သည်။

ဆန္ဒပြပွဲအစ

[ပြင်ဆင်ရန်]

လူထု၏ အထွေထွေမကျေနပ်ချက်များနှင့် ကြုံတွေ့နေကြရသည့် အခက်အခဲများသည် Gen Zများ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲငယ်များအဖြစ် နိုင်ငံ၏မြို့တော်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် စတင် ပေါ်ထွက်လာခဲ့ကြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက် တွင် အထက်လွှတ်တော်ရှေ့တွင် လျှပ်စစ်မီးပြတ်တောက်မှု၊ ရေပြတ်တောက်မှုနှင့် အကျင့်ပျက်ခြစားမှုများကို ရှုတ်ချခဲ့ကြသည်။

အချိန်နေ့ရက်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် တွင် သမ္မတ အန်ဒရီလာဂျိုနီ နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအစည်းအဝေး ၌ မိန့်ခွန်းပြောကြားခဲ့သည်။ထိုသို့ပြောကြားမှု၌ ၎င်းအား အချို့သော နိုင်ငံရေးသမားများသည် ဆန္ဒပြပွဲများကို အခွင့်ကောင်းယူပြီး၊ အာဏာသိမ်းရန်စဥ်းစားနေကြသည့်အကြောင်း ထည့်သွင်းဆိုခဲ့သည်။ထိုနေ့တွင်ပင် မြို့တော်အစိုးရသည် ဆူပူအုံကြွမှုများအား တားမြစ်ခဲ့ကြသည်။

စက်တင်ဘာ ၂၅ ရက်

[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်ကတည်းက အန်ဒရီ လာဂျိုလီနာ ကိုယ်တိုင် “ဒီမိုကရေစီနေရာ” အဖြစ် သတ်မှတ်ခဲ့သည့် Ambohijatovo ၌ လူငယ်ထောင်ပေါင်းများစွာတို့သည် စုဝေးရန် ကြိုးပမ်းခဲ့ကြသည်။ရဲတပ်ဖွဲ့များ သည် ဝင်ပေါက်နေရာအားလုံးကို ပိတ်ဆို့ခဲ့ပြီး စုဝေးမှုကို တားဆီးခဲ့သည်။ ထို့နောက် ဆန္ဒပြသူများသည် ရပ်ကွက်အများအပြားမှ ရင်ပြင်သို့ရောက်ရှိရန် ကြိုးပမ်းခဲ့သော်လည်း လမ်းကြောင်းတစ်ခုစီတိုင်းတွင် မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်ဆန်များဖြင့် တားဆီးခံခဲ့ရသည်။

ဆန္ဒပြသူများသည် အတားအဆီးများ တပ်ဆင်ကာ တာယာများကို မီးရှို့ခဲ့ကြသည်။လွှတ်တော်အမတ် Lalatiana Rakotondrazafy နှင့် MP Naivo Raholdina တို့၏နေအိမ်များ အပါအဝင် လာဂျိုလီနာနှင့် နီးစပ်သည့် နိုင်ငံရေးသမားများ၏ အိမ်(၃)အိမ် မီးလောင်ခဲ့သည်။လက်လီအရောင်းဆိုင်အချို့၊ ဘဏ်နှင့် စက်ပစ္စည်း စက်ရုံ အချို့ကို လုယက်ခံရခြင်းများ၊ ရထားဘူတာရုံ မီးလောင်မှုနှင့်အတူ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မြို့အပြင်ဘက်တွင်လည်း အမျိုးသားလျှပ်စစ်နှင့် ရေပေးဝေရေးကုမ္ပဏီ ၏ရုံးများကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။လူထုစုဝေးပွဲမှုများထဲမှ အချို့သည် လုယက်ခြင်းနှင့် ဖျက်ဆီးခြင်းသို့ ဦးတည်သွားခဲ့ကြသည်။

ပရိဘောဂများ၊ ရေခဲသေတ္တာများနှင့် အဖိုးတန်ပစ္စည်းများ လုယက်နေသည့် ဗီဒီယိုဖိုင်များသည်လည်း ပြန့်နှံ့လာခဲ့သည်။ မြို့တော် ရဲတပ်ဖွဲ့က ည ၇ နာရီမှ စတင်ကာ ညမထွက်ရအမိန့်ကို ကြေညာခဲ့သည်။ ဆန္ဒပြပွဲများသည် အစပိုင်းတွင် လူစုခွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန့်ကြဲနေသည့်လူထုကို တားဆီးနိုင်ခြင်းမရှိကြတော့ပေ။

စက်တင်ဘာ ၂၆ ရက်

[ပြင်ဆင်ရန်]

အန်ဆီရာဘေး (Antsirabe) မြို့တွင် မြို့ရှိ ကုန်သွယ်ရေးအဆောက်အအုံများ ဖောက်ထွင်းခံရမှုများ ဖြစ်ပွားလာခဲ့သည်။

ညနေ ၄ နာရီခန့်တွင် ဖီရိုင်ဆန်ကီနာ (Firaisankina) အဖွဲ့မှ အနောက်ဘက် Betioky ကိုယ်စားလှယ် ဂျန်-ဂျက်စ် ရာဘင်နီရီနီယာ (Jean-Jacques Rabenirinia) သည် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး နောက်ဆုံးအသက်ဆုံးရှုံးသွားကြောင်း အသိပေးကြေညာခဲ့သည်။

ည ၇ နာရီခွဲအချိန်တွင် နယူးယောက်မြို့မှ တိုက်ရိုက်ထုတ်လွှင့်သော မိန့်ခွန်းတွင် သမ္မတ အန်ဒရီ လာဂျိုလီနာ သည် စွမ်းအင်ဝန်ကြီး ဂျန်-ဘာတစ်စ် အိုလီဗီယာ (Jean-Baptiste Olivier) ကို တာဝန်မှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။

စက်တင်ဘာ ၂၇ ရက်

[ပြင်ဆင်ရန်]

ဆန္ဒပြသူများသည် မြို့တော် အန်တာနာနာရီဗိုတွင် ဆက်လက်စုဝေးခဲ့ကြသည်။ အန်ဒရီ လာဂျိုလီနာ သည် နယူးယောက်မှ ပြန်လာခဲ့ပြီး ကုန်သွယ်ရေး ဧရိယာများနှင့်အတူ လောင်စာဆီဆိုင်များနှင့် သိုလှောင်ရုံများ လုံခြုံစေရန် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကျက်ချထားရန် စစ်တပ်နှင့် ရဲမှူးများ အစည်းအဝေးကို ဆင့်ခေါ်ခဲ့သည်။

ဤဆန္ဒပြပွဲများသည် မဒါဂတ်စကားနိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးခြောက်မြို့၌ စုဝေးမှုများနှင့်အတူ ကျောင်းသားဆန္ဒပြသူများသည် နေရေးထိုင်ရေး ခက်ခဲမှုကို မကျေမနပ်ဖြစ်ပြီး သာတူညီမျှ သင်ကြားခွင့်ရရှိရေး တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် မာလာဂါစီခေါင်းဆောင်များ၏ ကလေးသူငယ်များကဲ့သို့ တူညီသောအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား AK-47 နှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။ ဤဖြိုခွင်းမှုသည် တိုင်းပြည်၏ဂုဏ်သိက္ခာအရှိဆုံးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သည့် Mpitsabo Mikambanana 24/24 ပုဂ္ဂလိကဆေးရုံ၏ လမ်းတစ်လျှောက်တွင် ရှိနေခြင်းကြောင့် လူထုကို ထပ်မံဒေါသထွက်စေသည်။

စက်တင်ဘာ ၂၉ ရက်

[ပြင်ဆင်ရန်]

Gen Z များသည် အထွေထွေ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး စက်တင်ဘာ ၂၇ ရက်က ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ယင်းအပြင် ရေနှင့်လျှပ်စစ်မီး ပြတ်တောက်မှုအား ရှုတ်ချခဲ့သည်။ University of Antananarivo ကျောင်းဝင်းမှ ချီတက်လာသည့် ကျောင်းသား ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ဆန္ဒပြသူများသည် သမ္မတကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလာကြသည်။

ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ၍ သမ္မတ လာဂျိုလီနာ သည် ဝန်ကြီးချုပ် Christian Ntsay ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Volker Türk သည် နိုင်ငံအတွင်း ဆန္ဒပြပွဲများကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၁၀၀ ဒဏ်ရာရရှိခဲ့သည့်အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဤကိန်းဂဏန်းကို မာလာဂါစီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပယ်ချခဲ့သည်။

စက်တင်ဘာ ၃၀ ရက်

[ပြင်ဆင်ရန်]

ဆန္ဒပြမှုများသည် မြို့တော်အနှံ ဆက်လက် ဖြစ်ပွားခဲ့သည်။အထက်လွှတ်တော်ဥက္ကဋ္ဌ Richard Ravalomanana ၏ကားကို ဆန္ဒပြသူများမှ ရပ်တန့်စေခဲ့ကြပြီး ကားပေါ်မှဆင်းကာ ခြေလျင်လျှောက်သွားစေခဲ့သည်။[]

အောက်တိုဘာ ၁ ရက်

[ပြင်ဆင်ရန်]

ဆန္ဒပြမှုများသည် အခြားမြို့များသို့ လျှင်မြန်စွာ ဆက်လက် ပျံ့နှံ့သွားခဲ့သည်။ အတိုက်အခံခေါင်းဆောင် Rivo Rakotovao သည် ၎င်း၏ပါတီနှင့် မဟာမိတ်များသည် သမ္မတ လာဂျိုလီနာ ၏ ဦးဆောင်မှုအောက်တွင် မည်သည့် ပူးပေါင်းမှုကိုမျှဆောင်ရွက်မည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့သည်။

အလုပ်သမားသမဂ္ဂများသည် ဆန္ဒပြပွဲများတွင် စတင်ပါဝင်ကြပြီး အထွေထွေသပိတ်ကို တောင်းဆိုခဲ့ကြသည်။သမ္မတ လာဂျိုလီနာ သည် သမ္မတအိမ်တော်တွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခဲ့သည်။ရာဂျိုလီနာကို ထောက်ခံသော အုပ်စုများကလည်း တန်ပြန်ဆန္ဒပြပွဲများ ကျင်းပတော့မည်ဟု ကြေညာခဲ့သည်။

အောက်တိုဘာ ၅ ရက်

[ပြင်ဆင်ရန်]

သမ္မတ အန်ဒရီ လာဂျိုလီနာကို ထောက်ခံသည့် တန်ပြန့် ဆန့်ကျင်ဆန္ဒပြသူများသည် ရာနှင့်ချီအနည်းငယ်သာ စုဝေးခဲ့ကြပြီး၊ သမ္မတ လာဂျိုလီနာ မျှော်မှန်းထားသလောက် များစွာလာရောက်ခြင်း မရှိခဲ့ပေ။ထို့အပြင် ၎င်းတို့အနက် လာဂျိုလီနာ၏ ပုံပါအဝတ်အစားများ ဝတ်ဆင်ထားသူများသည်လည်း မရှိသလောက်နည်းပါးခဲ့သည်။

အောက်တိုဘာ ၇ ရက်

[ပြင်ဆင်ရန်]

ရဲတပ်ဖွဲ့သည် ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြသူ အများအပြားကို နှိမ်နင်းခဲ့သည်။ ကုလသမဂ္ဂ သည် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသော ကျည်များ အသုံးပြုခြင်းကို ဝေဖန်ခဲ့သည်။

အောက်တိုဘာ ၈ ရက်

[ပြင်ဆင်ရန်]

သမ္မတ လာဂျိုလီနာသည် ဆန္ဒပြသူများကို ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဆန္ဒပြသူများက ဆွေးနွေးမည်မဟုတ်ဟု ငြင်းဆိုခဲ့သည်။ လာဂျိုလီနာသည် ထိုဆန္ဒပြမှုများကို အာဏာသိမ်းမှုတစ်ခု ဟု သတ်မှတ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်

[ပြင်ဆင်ရန်]

ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့က ပြင်းထန်သည့် နှိမ်နင်းမှုများပြုလုပ်ခဲ့သည်။[]

အောက်တိုဘာ ၁၁ ရက်

[ပြင်ဆင်ရန်]

နိုင်ငံအဝှမ်းဆန္ဒပြမှုကို ရင်ဆိုင်နေရသည့် သမ္မတ ရာဂျိုလီနာသည် ၂၀၀၉ အာဏာသိမ်းမှု၌ ၎င်းအား အာဏာရအောင်ကူညီပေးခဲ့သည့် စစ်တပ်အထူးတပ်ဖွဲ့ CAPSAT ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့သည်။ယင်းတပ်ဖွဲ့သည် ဆန္ဒပြသူများနှင့်ပူးပေါင်းလိုက်ပြီး၊ မဒါဂတ်စကားတပ်မတော်ကို အာဏာဖီဆန်မှုပြုလုပ်ခဲ့သည်။ ၎င်းအဖွဲ့သည် အန်တနာနာရီဗိုမြို့ ဗဟိုဒေသများကို ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်မှုနှင့်ဆန့်ကျင်မှု အနည်းငယ်သာခံခဲ့ရသည်။

အောက်တိုဘာ ၁၂ ရက်

[ပြင်ဆင်ရန်]

သမ္မတ အန်ဒရီ လာဂျိုလီနာသည် ၎င်း၏အစိုးရကိုဖြုတ်ချကြရန်ကြိုးပမ်းမှုအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ထိုနေ့မှာပင် သူသည် ပြင်သစ်စစ်လေယာဥ်ဖြင့် နိုင်ငံမှ လူမသိသူမသိ ထွက်ပြေးသွားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်

[ပြင်ဆင်ရန်]

CAPSAT သည် နိုင်ငံရှိ စစ်အဖွဲ့အစည်းအားလုံးကို ထိန်းချုပ်နိုင်ကြောင်း ကြေညာခဲ့သည်။[]နိုင်ငံမှထွက်ပြေးသွားခဲ့သည့် သမ္မတ အန်ဒရီ လာဂျိုလီနာ သည် ၎င်း၏ အသက်အန္တရာယ်ကြောင့် တိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။[]

အောက်တိုဘာ ၁၄ ရက်

[ပြင်ဆင်ရန်]

နိုင်ငံတော်ရေဒီယိုမှ စစ်တပ်သည် အစိုးရကို လုံးဝအပြည့်အဝ ထိန်းချုပ်သွားကြောင်း ကြေညာခဲ့သည်။သမ္မတ အန်ဒရီ လာဂျိုလီနာ သည် နိုင်ငံတော်အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပြီး အောက်လွှတ်တော် ကိုသာ ဆက်လက်ထားရှိမည်ဟု ကြေညာခဲ့သည်။သို့သော် ထိုကြေညာချက်သည် သမ္မတ အန်ဒရီ လာဂျိုလီနာအား အောက်လွှတ်တော်မှ အယုံအကြည်မရှိ အဆိုတင်သွင်းပြီး၊ အပြစ်တင်ဖြုတ်ချလိုက်ပြီးမှ ထုတ်ပြန်ခြင်းဖြစ်သည်။[၁၀][၁၁]


ကိုးကား

[ပြင်ဆင်ရန်]
  1. "Madagascar protesters demand president's resignation in fifth day of rallies"၊ Reuters၊ 1 October 2025။
  2. Kappès-Grangé၊ Anne (11 October 2025)။ Appel à la mutinerie à Madagascar : ce que l'on sait de la situation 4 August 2025 တွင် ပြန်စစ်ပြီး။
  3. Madagascar army contingent calls on security forces to 'refuse orders' 4 August 2025 တွင် ပြန်စစ်ပြီး။
  4. Madagascar's president dismisses cabinet as blackout protests turn deadly (30 September 2025)။ 1 October 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2025 တွင် ပြန်စစ်ပြီး။
  5. 1 2 "Curfew declared in Madagascar capital after violent protests" (in en)၊ Reuters၊ 26 September 2025။
  6. "Tension politique : Le président du Sénat conspué à Ambatonakanga" (in fr-FR)၊ Midi Madagasikara၊ 1 October 2025။
  7. Rogers၊ Abby။ Police fire tear gas, rubber bullets as Madagascar protesters rally (in en)။ 2025-10-09 တွင် ပြန်စစ်ပြီး။
  8. Madagascar's President Andry Rajoelina faces impeachment threat amid reports he has fled (13 October 2025)။
  9. Madagascar : le président Andry Rajoelina a quitté le pays (in fr) (2025-10-13)။ 2025-10-13 တွင် ပြန်စစ်ပြီး။
  10. Madagascar's president dissolves national assembly as crisis escalates (14 October 2025)။ 15 October 2025 တွင် ပြန်စစ်ပြီး။
  11. Madagascar's military takes power, says colonel (14 October 2025)။ 15 October 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]