မာတိကာသို့ ခုန်သွားရန်

၂၀၂၁ ဟေတီ ငလျင်

ဝီကီပီးဒီးယား မှ
၂၀၂၁ ဟေတီငလျင်
၂၀၂၁ ဟေတီ ငလျင် သည် ဟေတီနိုင်ငံ တွင် တည်ရှိသည်
၂၀၂၁ ဟေတီ ငလျင်
Port-au-Prince
Port-au-Prince
Léogâne
Léogâne
Les Cayes
Les Cayes
UTC အချိန်2021-08-14 12:29:09
ISC ဖြစ်ရပ်620986707
USGS-ANSSComCat
ဒေသ ရက်စွဲ၂၀၂၁ ဩဂုတ် ၁၄
ဒေသ အချိန်၀၈:၂၉:၀၈
အတိုင်းအတာ7.2 Mw
အနက်၁၀ ကီလိုမီတာ (၆.၂ မိုင်)
ငလျင်ဗဟို18°24′29″N 73°28′30″W / 18.408°N 73.475°W / 18.408; -73.475ကိုဩဒိနိတ်: 18°24′29″N 73°28′30″W / 18.408°N 73.475°W / 18.408; -73.475[]
အက်ကွဲကြောင်းအန်းရစ်ကွီလို-ပလန်တင် ဂါးဒန်း ပြတ်ရွေ့ဇုံ
အမျိုးအစားထက်အောက်ဘေးစောင်းပွတ်တိုက်ခြင်း (Oblique-reverse)
အများဆုံးပြင်းအားMMI VIII (ဆိုးရွားစွာပြင်းထန်)[]
ထိခိုက်သေကြေမှုများအနည်းဆုံး ၁,၉၄၁ (သေဆုံး) ၊ ၉,၉၁၅ (ဒဏ်ရာရသူ) [][]

၂၀၂၁ ဟေတီငလျင် သည် ဟစ်ပန်ယိုလာကျွန်းရှိ ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သော ဟေတီနိုင်ငံ၏ တီဘာရွန်ကျွန်းဆွယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်၍ ပြင်းအားမှာ ၇.၂ မဂ္ဂနီကျူရှိကာ ၂၀၂၁ ဩဂုတ် ၁၄ တွင် လှုပ်ခတ်ခဲ့သည်။[] မြို့တော် ပေါ့တ်-အို-ပရင့်စ် ၏ အနောက်ဘက် ၁၅၀ ကီလိုမီတာ (၉၃ မိုင်) ခန့်၊ ပဲတစ်တ်-ထရို-ဒီ-နစ်ပဲဇ် ဒေသအပိုင်းအနီးတွင် မြေအောက်အနက် ၁၀-ကီလိုမီတာ-deep (၆.၂-မိုင်) ၌ ဗဟိုချက်ပြု၍ လှုပ်ခတ်ခဲ့သည်။[][] အစောပိုင်းတွင် ဟေတီကမ်းရိုးတန်းတစ်လျှောက် ဆူနာမီဖြစ်နိုင်ချေရှိသည်ဟု သတိပေးခဲ့သော်လည်း မကြာမီ ထိုသတိပေးထုတ်ပြန်လျက်ကို ရုပ်သိမ်းခဲ့သည်။[] အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့၏ "တုံ့ပြန်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ငလျင်များကို ချက်ချင်းအကဲဖြတ်မှု"ဝန်ဆောင်အဖွဲ့ (PAGER) က သေကျေမှုနှုန်းမြင့်မား၍ ကျယ်ပြန့်သည့် ကပ်ဆိုးဖြစ်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ကြသည်။[] ၂၀၂၁ ဩဂုတ် ၁၅ အထိ အနည်းဆုံး အဆောက်အအုံ ၈၃,၀၀၀ (သို့) ယင်းထက်ပို၍ ပျက်စီးထိခိုက်ခဲ့ကာ[] သေဆုံးမှု အရေအတွက်မှာ ၁၉၄၁ ဦးအထိရှိပြီဖြစ်သည်။[][] ၂၀၂၁ တွင် ဖြစ်ပွားသော သေကျေမှုအများဆုံး သဘာဝကပ်ဆိုး၊ သေကျေမှုအများဆုံး ငလျင်တစ်ခုလည်း ဖြစ်လေသည်။

ငလျင်အကြောင်းအရာ

[ပြင်ဆင်ရန်]

အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့အရ ငလျင်သည် အန်းရစ်ကွီလို-ပလန်တင် ဂါးဒန်း ပြတ်ရွေ့ဇုံ (Enriquillo–Plantain Garden fault zone) တွင် ကျောက်လွှာနှစ်ချပ် ထက်အောက်စောင်း၍ ဆန့်ကျင်ဘက်သို့ရွေ့လျားခြင်း (oblique-reverse) ၏ ရလဒ်ကြောင့် ဖြစ်သည်။ ပြတ်ရွေ့ကြောသည် ဘေးတိုက်ရေပြင်ညီပြတ်ရွေ့ဖြစ်၍ ထိုပြတ်ရွေ့သည် ဂိုနေ့ဗ် မိုက်ခရိုကျောက်လွှာချပ် (Gonave Microplate) မှ ကာရစ်ဘီယံကျောက်လွှာချပ်ကို ကွဲကွာသွားစေ၏ ။[၁၀] ဘယ်ဖက်သို့ ဘေးတိုက်ရေပြင်ညီပြတ်ရွေ့(ရွေ့လျားခြင်း)သည် ၁၇၅၁ နှင့် ၁၇၇၀ ဟေတီငလျင်များ၏ အရင်းအမြစ်ဟု ယူဆကြ၍ ထိုငလျင်များသည် ပေါ့တ်-အို-ပရင့်စ် မြို့တော်ကို အကြီးကျယ် ဖျက်ဆီးခဲ့လေသည်။[၁၁] မကြာသေးမီကလည်း ဤဘူမိအသွင်အပြင်ကြောင့် ၂၀၁၀ ဟေတီငလျင် ကိုဖြစ်ပေါ်စေခဲ့၍ လူပေါင်း ၁၀၀,၀၀၀ နှင့် ၃၁၆,၀၀၀ တို့ကြား အရေအတွက်ကို သေကြေစေခဲ့သည်။

ငလျင်ပြင်းအားသည် လေးကေးဒေသတွင် MMI စကေး ၇ ၊ မြို့တော်တွင် MMI စကေး ၆ အထိရောက်ရှိခဲ့သည်။[၁၂] ဂျမေကာနိုင်ငံတွင်လည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားမိကြ၍ ဂျမေကာနိုင်ငံ၏မြို့တော် ကင်းစတန်တွင် MMI စကေး ၄ အထိရောက်ရှိသည်။[၁၃][၁၂]

ဆူနာမီသတိပေးချက်ကို ဟေတီအတွက် ထုတ်ပြန်ကြေညာခဲ့သော်လည်း ထိုနေ့တွင်ပင် ကြေညာချက်ကို ရုပ်သိမ်းခဲ့သည်။[၁၄]

နောက်ဆက်တွဲငလျင်များ

[ပြင်ဆင်ရန်]

အဓိကငလျင်ကြီးပြီးနောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများကို မှတ်တမ်းတင်ခဲ့ကြရာ၌ အပြင်းဆုံးသည် Mw ၅.၈ မဂ္ဂနီကျု ဖြစ်၍ တီဘာရွန်ကျွန်းဆွယ်၏ အနောက်ဘက် ၆၅ ကီလိုမီတာ ဝေးသောနေရာကို ဗဟိုပြုခဲ့သည်။

2021 Haiti earthquake sequence (only earthquakes with magnitudes 5.0 or greater)
Date and time (UTC) Location M MMI Ref
2021-08-14 12:29:08 13 km SSE of Petit Trou de Nippes 7.2 VIII []
2021-08-14 12:49:33 20 km WNW of Cavaillon 5.2 V [၁၅]
2021-08-14 16:08:03 10 km NW of Baradères 5.1 VII [၁၆]
2021-08-14 17:05:19 2 km ESE of Baradères 5.2 VII [၁၇]
2021-08-14 18:11:10 12 km NNE of Baradères 5.1 III [၁၈]
2021-08-15 02:37:53 11 km NW of Petit Trou de Nippes 5.0 III [၁၉]
2021-08-15 03:20:45 12 km NNE of Chardonnière 5.8 VII [၂၀]

ထိခိုက်မှုပျက်စီးမှုများ

[ပြင်ဆင်ရန်]

ဟေတီ၏ တတိယအကြီးဆုံး လေးကေးမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ရာ ပြည်သူပိုင်အဆောက်အဦများ၊ ဝတ်ပြရှိခိုးကျောင်းတော်များ၊ နေအိမ်များအပါအဝင် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့၏ ။[၂၁] ဟေတီမြို့တော်ကာကွယ်ရေး အေဂျင်စီအရဆိုလျှင် အနည်းဆုံးနေအိမ် ၃၇,၃၀၀ (သို) ယင်းအရေအတွက်၏ အထက် လုံးဝပျက်စီးပြီး နေအိမ် ၄၆,၀၀၀ ထိခိုက်မှုရှိခဲ့သည်။[၂၂][၂၃] ပြင်းထန်စွာပျက်စီး၊ ပြိုလဲခဲ့သည့်အထဲတွင် ဟိုတယ်အမြောက်အမြားလည်းပါဝင်သည်။[၂၄]

ဘာသာရေးအဆောက်အဦ

[ပြင်ဆင်ရန်]

၁၉၀၇ တွင် ဆောက်လုပ်ခဲ့ကာ သမိုင်းဝင်အထင်ကရနေရာဖြစ်သည့်၊ လေး အန်ဂလာယစ် (Les Anglais) မြို့၏ "Immaculee Conception" ဘုရားရှိခိုးကျောင်းသည် ပြိုလဲခဲ့ရသည်။ လူအများဝတ်ပြုနေစဉ် လှုပ်ခတ်ခြင်းဖြစ်သည်။[၂၅] အရှေ့ဘက်မျက်နှာစာ ပြိုလဲမှုသည် အသက် ၃ နှစ် နှင့် ၂၄ နှစ်ကြားရှိ လူပေါင်း ၁၇ ဦးကို သေကျေစေခဲ့ပြီး အုတ်ပုံအောက်ပိတ်မိနေသော နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြလေသည်။[၂၆]

လေးကေးမြို့ အပြင်ရှိ တွိုင်ရာခ် (Toirac) ရွာ၌ "St. Famille du Toirac" ဘုရားရှိခိုးကျောင်းတော်ပြိုကျမှု ကြောင့် ဈာပနပွဲရှိ လူ ၂၀ သေဆုံးခဲ့ရသည်။[၂၇]

သေကြေမှုများ

[ပြင်ဆင်ရန်]

ဟေတီ ဝန်ကြီးချုပ် အေရီယယ်လ် ဟန်နရီက ထိုသို့ သေကျေ၊ ပျက်စီး၊ ထိခိုက်မှုများကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ရသည်။[၂၈] အနည်းဆုံ ၁,၉၁၄ ဦးသေဆုံးခဲ့ရ၏ ။[][၂၉][၃၀] လေးကေးရှိ "Hôtel Le Manguier" ပြိုကျပျက်စီးခဲ့ကာ (လေးကေးမြို့တော်ဝန်ဟောင်း)အထက်လွှတ်တော်အမတ်တစ်ဦး အပါအဝင် လူအချို့သေကျေခဲ့ကြသည်။[၃၁][၃၂] ကတ်သလစ်ဘုန်းတော်ကြီးနေအိမ်အပိုင်းများ ပြိုကျမှုကြောင့် ဘုန်တော်ကြီးတစ်ပါးနှင့် အလုပ်သမားနှစ်ဦး ကွယ်လွန်ခဲ့သည်။[၃၃] သေဆုံးအရေအတွက်အပြင် အနည်းဆုံး ၉,၉၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အများအပြားလည်း ပျောက်ဆုံးလျက် ရှိသည်။[၃၄]

ကယ်ဆယ်မှု

[ပြင်ဆင်ရန်]
Debris from a building strewn on the ground following the earthquake

ဟေတီရဲတပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအသင်းများ၊ ကျန်းမာရေးဌာနလုပ်သားများကို စေတနာ့ဝန်ထမ်းများက လာရောက်ပူးပေါင်း ကူညီခဲ့ကြသည်။[၃၅] နိုင်ငံခြားမှ ရန်ပုံငွေအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အခြားစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ကူညီရှာဖွေ ကယ်ဆည်ထူထောင်ရေးအတွက် အလုပ်သမားများ၊ ထောက်ပံ့ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများကို ပေးပို့ခဲ့ကြသည်။[၃၆]

တုံ့ပြန်ဆောင်ရွက်မှုများ

[ပြင်ဆင်ရန်]

ပြည်တွင်း

[ပြင်ဆင်ရန်]

ဟေတီဝန်ကြီးချုပ်အရ ငလျင်လှုတ်ခတ်မှုပြီးနောက် ဒေသဆိုင်ရာဆေးရုံများ၌ ဒဏ်ရာရလူများကို လက်ခံရန်ပင် နေရာမရှိခဲ့လေသည်။ ထို့နောက် ဝန်ကြီးချုပ်က ချက်ချင်းပင် နိုင်ငံတော်၏ အရေးပေါ်အခြေအနေကို တစ်လကာလသတ်မှတ် ကြေညာခဲ့သည်။[၂၁]

နိုင်ငံတကာ

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ကနေဒါ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပီရူး၊ ချီလီနှင် ဗင်နီဇွဲလား၊ အီကွေဒေါနိုင်ငံများက ကူညီခဲ့ကြသည်။


အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 M 7.2 - 12 km NE of Saint-Louis du Sud, Haiti 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  2. 1 2 "Haiti quake death toll surges to nearly 2,000, survivors clamor for aid"၊ Reuters၊ 17 August 2021။
  3. "Haiti struck by deadly 7.2-magnitude earthquake"၊ 14 August 2021။
  4. European-Mediterranean Seismological Centre။ Earthquake, Magnitude 7.2 - HAITI REGION - 2021 August 14, 12:29:09 UTC 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  5. 1 2 Major earthquake in Haiti felt across Caribbean, high casualties expected (14 August 2021)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  6. "Live updates: 7.2 magnitude earthquake hits near Haiti"၊ 14 August 2021။
  7. Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
  8. "Haiti quake death toll surges to nearly 2,000, survivors clamor for aid"၊ Reuters၊ 2021-08-17။
  9. Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
  10. Magnitude 7.2 Earthquake in Haiti USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  11. "Why Haiti Is Prone to Devastating Earthquakes"၊ 16 August 2021။
  12. 1 2 M 7.2 - 13 km SSE of Petit Trou de Nippes, Haiti 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
  13. 'The longest ever': Jamaicans react after quake rattles island Jamaicaobserver.com။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
  14. Paz၊ Isabella Grullón။ "Haiti quake prompted tsunami warning that was later rescinded."၊ The New York Times၊ 2021-08-14။
  15. M 5.2 - 20 km WNW of Cavaillon, Haiti USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  16. M 5.1 - 10 km NW of Baradères, Haiti USGS။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  17. M 5.2 - 2 km ESE of Baradères, Haiti USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  18. M 5.1 - 12 km NNE of Baradères, Haiti USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  19. M 5.0 - 11 km NW of Petit Trou de Nippes, Haiti USGS။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
  20. M 5.8 - 12 km NNE of Chardonnière, Haiti USGS။ 15 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  21. 1 2 "Haiti Earthquake Death Toll Climbs Past 300"၊ 14 August 2021။
  22. "Death toll of powerful earthquake in Haiti soars to 1,297"။
  23. Haiti: Earthquake - Flash Update No. 2 (16 August 2021) - Haiti (in en) (2021)။ 2021-08-16 တွင် ပြန်စစ်ပြီး။
  24. "Hunt for survivors goes on after earthquake leaves at least 304 dead in Haiti"။
  25. Parishoners killed in quake-damaged historic Haiti church (in en) (2021-08-17)။ 2021-08-17 တွင် ပြန်စစ်ပြီး။
  26. "Parishioners Killed In Quake-damaged Historic Haiti Church"၊ Barron's၊ 16 August 2021။
  27. "Haiti mourners tell of church collapse horror during quake"၊ Reuters၊ 17 August 2021။
  28. Haiti earthquake causes several deaths, 'enormous damage': PM 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
  29. "7.2 magnitude earthquake hits Haiti; at least 304 killed"၊ ABC News၊ 14 August 2021 18 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 14 August 2021။
  30. At least 227 dead as Haiti struck by 7.2-magnitude earthquake (2021-08-14)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
  31. "Haïti-Séïsme: Jean Gabriel Fortuné est mort" (in fr)၊ 14 August 2021 18 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 14 August 2021။
  32. Tremblement de terre: l'ancien sénateur Gabriel Fortuné parmi les personnes tuées (in fr)။ Le Nouvelliste (2020-09-15)။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-08-14 တွင် ပြန်စစ်ပြီး။
  33. "Cardinal injured, priest dead after earthquake in Haiti"၊ Catholic News Agency၊ 14 August 2021။
  34. "Haiti quake death toll rises as crews scramble to find survivors"၊ al-Jazeera၊ 2021-08-15။
  35. "Death toll from massive Haiti earthquake soars"၊ Washington Post
  36. Arnesen၊ Ingrid။ "Death toll from massive Haiti earthquake soars past 700"၊ Washington Post၊ August 15, 2021။

ကိုးကား

[ပြင်ဆင်ရန်]