၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၂၀၂၁ မြန်မာနိုင်ငံအာဏာသိမ်းခံရခြင်း
(2021 Myanmar coup d'état)
မြန်မာ့နိုင်ငံရေးပဋိပက္ခများသမိုင်း၏ တစ်စိတ်တစ်ပိုင်း
Aung San Suu Kyi & Min Aung Hlaing collage.jpg
ဖမ်းဆီးခံရသော အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့်
အာဏာသိမ်းပိုက်ခဲ့သော ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် (ယာ)
ရက်စွဲ၁ ဖေဖော်ဝါရီ ၂၀၂၁
နေရာမြန်မာ
ရလဒ်

တပ်မတော်မှ အောင်မြင်

အစိုးရ-တပ်မတော်
မြန်မာအစိုးရ တပ်မတော်
တပ်မှူးများနှင့် ခေါင်းဆောင်များ
ဝင်းမြင့်
(မြန်မာနိုင်ငံသမ္မတ)
Flag of Myanmar.svg အောင်ဆန်းစုကြည်
(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)
မင်းအောင်လှိုင်
(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
မြင့်ဆွေ
(မြန်မာနိုင်ငံဒုသမ္မတ)
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခံခဲ့ရသည်။[၃][၄] ထို့နောက်တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံ‌တော်အရေးပေါ်အခြေအနေကိုကြေညာခဲ့ပြီး တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။[၅][၆][၇] အာဏာသိမ်းပိုက်ပြီးမကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်း‌ကြောင့်လည်းကောင်း တရားစွဲဆိုခဲ့သည်။[၈][၉][၁၀][၁၁] ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့် ထပ်မံတရားစွဲခဲ့ပြန်သည်။[၁၂]

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင်လွှတ်လပ်ရေးရပြီးနောက် တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့သည်။ ၁၉၅၈ နှင့် ၁၉၆၀ အကြားတွင် တပ်မတော်သည် ဝန်ကြီးချုပ်ဦးနုအစား တိုင်းပြည်ကို‌ခေတ္တအုပ်ချုပ်ခဲ့သည်။[၁၃] ၁၉၆၀ တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း[၁၄] ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် အာဏာသိမ်းပိုက်ခဲ့‌လေသည်။[၁၅]

၁၉၈၈ ခုနှစ်တွင် အရေးအခင်းကြီးဖြစ်ခဲ့ရာ ဦးနေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့လေသည်။ သို့သော် တပ်မတော်ဦးစီးသော နအဖအဖွဲ့သည် ချက်ချင်းအာဏာသိမ်းပိုက်ခဲ့သည်။[၁၆] ၁၉၉၀ ခုနှစ်တွင် ရွှေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့လေသည်။ သို့သော်တပ်မတော်သည် ထိုရလဒ်များကို အသိအမှတ်မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချခဲ့သည်။[၁၇][၁၈][၁၉]

စစ်တပ်အစိုးရသည် ၂၀၁၁ ခုနှစ်တွင်ပြီးဆုံးခဲ့သော်လည်း အရပ်သားအစိုးရ၏ပါတီမှာ စစ်တပ်ကသာဖွဲ့စည်းထားခြင်းဖြစ်သည်။[၂၀] ၂၀၁၅ ခုနှစ်၏ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ထပ်မံ၍ အနိုင်ရရှိခဲ့သည်။ သို့သော် လွှတ်တော်၏ နေရာများအနက် ၂၅ ရာခိုင်နှုန်းကိုတပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နေရာယူထားသည်။[၃][၂၁]

၂၀၂၀ ခုနှစ်၏ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နေရာ ၄၇၆ နေရာအနက် ၃၉၆ နေရာကိုအနိုင်ရရှိခဲ့ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက်ပင် ပို၍များပြားသည်။ တပ်မတော်၏ ကျောထောက်နောက်ခံ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ နေရာ ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။[၃] ထိုအခါတပ်မတော်သည် မဲပေးခွင့်ရှိသူ ဦးရေးထက် မဲစာရင်းထုတ်ပြန်ရာတွင် ၁၀ သန်းကျော်ပိုမိုများပြားနေခြင်း ကြိုတင်ဆန္ဒမဲပေးချိန်များတွင်လဲ မလျှော်ကန်သော (ဥပဒေနှင့် မညီညွှတ်သော) မဲပေးခြင်းများကို တွေ့ရှိခဲ့ရသော ကြောင့် ရွေးကောက်ပွဲကော်မရှင်သို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းများမရှိခဲ့ခြင်းကြောင့် ရွေးကောက်ပွဲရလဒ်များကို အမှန်မဟုတ်ကြောင်းစွပ်စွဲခဲ့သည်။[၂၂] သို့ဖြစ်ရာ ပြင်သစ်အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့သည် အာဏာသိမ်းပိုက်နိုင်သည့်အကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ကြသည်။[၃][၂၃]

ဖြစ်ရပ်များ[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေး‌ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်သည် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားသောပါတီခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ဟုဆိုသည်။[၂၄] မိမိကိုလည်း တပ်မတော်မှ လာရောက် ဖမ်းဆီးနိုင်ချေ ရှိကြောင်းလည်းပြောဆိုခဲ့သည်။[၂၅] ထို့အပြင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများမှာလည်း ရုတ်တရက်ပျောက်ဆုံးသွားလေသည်။[၂၆][၂၇][၂၈]

ရွေးကောက်ခံကိုယ်စားလှယ်များ အယောက် ၄၀၀ ခန့်ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ အကျယ်ချုပ်ချခဲ့သည်။[၂၉] ထိုအခါ NLD သည် ထိုဖမ်းဆီးခံရသောသူတို့အား ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နေထိုင်နိုင်အောင်စီစဉ်ပေးခဲ့သည်။[၃၀] ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ထိုကိုယ်စားလှယ်များကိုရိပ်သာအတွင်း၌သာ လွှတ်တော်အစည်းအဝေးစတင်ရန် ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာတပ်မတော်သည် ထိုကိုယ်စားလှယ်များအား ၂၄ နာရီအတွင်း စည်ပင်ဧည့်ရိပ်သာမှ ထွက်ခွာရန်အမိန့်ပေးခဲ့သည်။[၃၁][၃၀] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် NLD လွှတ်တော်အမတ်အယောက် ၇၀ တို့သည် စစ်အစိုးရကိုဆန့်ကျင်သောအားဖြင့် လွတ်တော်အစည်းအဝေးစတင်သကဲ့သို့ သစ္စာဆိုကတိပြုခဲ့ကြသည်။[၃၂]

ထို့အပြင် တပ်မတော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော မြဝ‌တီမင်းကြီးကျောင်း ဆရာတော်နှင့် ရွှေညဝါဆရာတော်တို့အား ဖမ်းဆီးခဲ့သည်။[၃၃][၃၄] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ ကိုမြအေးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၃၅] နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners) အဖွဲ့၏အဆိုအရ လွှတ်တော်အမတ် ၁၃၃ ဦးနှင့် ပြည်သူလှုပ်ရှားမှုအတွက်တက်ကြွသူ ၁၄ ဦးတို့ကိုဖမ်းဆီးထားသည်။[၃၃]

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအနီးတွင် ပိတ်ဆို့ထားစဉ်
မြန်မာစစ်တပ်မှ သံချပ်ကာကားလှည့်လည်နေသည်ကို တွေ့ရစဉ်

နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် တပ်မတော်စစ်သားများကို တွေ့မြင်ခဲ့ရသည်။[၃၆] နံနက် ၁၀နာရီခန့်မှစ၍ မြဝတီရုပ်မြင်သံကြားမှစစ်တပ်သည်တိုင်းပြည်ကို စတင်အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၃၇][၃၈] ဒုသမ္မတဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်အာဏာလွှဲပြောင်းမှုမရှိသော်လည်း ယာယီသမ္မတဖြစ်လာခဲ့ပြီး ၁ ရက် ၂ လ ၂၀၂၁ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၇အရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဗိုလ်ချုပ်မှုးကြီး‌မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။[၃၉] အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်တိုင်းပြည်ကို တစ်နှစ်မျှ အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရန်ရှိသည်များဆောင်ရွက်ပြီး သည့်နောက် နိုင်ငံတော်သမ္မတ အား ပုဒ်မ ၄၂၂ အရ အာဏာ ပြန်လည်လွှဲအပ်ပြီးနောက် (၆) လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၄၀]

[၄၁]ညပိုင်းတွင် တပ်မတော်သည် ပြည်​ထောင်စုဝန်ကြီးအသစ် ၁၁ ဦး ကို ခန့်အပ်ကြောင်းကြေညာခဲ့သည်။[၁] ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။[၄၂][၄၃]

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ရဲတပ်ဖွဲ့ကဝင်စီးခဲ့ရာ ‌သူမအားနိုင်ငံခြားမှဆက်သွယ်ရေးကိရိယာများ (ICOM စကားပြောစက် ၁၀ လုံးနှင့် Jumber တစ်လုံး) ကို တရားမဝင်တင်သွင်းသည်ဟု တရားစွဲ၍ရမန်ယူခဲ့သည်။[၄၄][၄၅][၄၆][၄၇] ထိုအမှု၏ပြစ်ဒဏ်သည် ထောင်ဒဏ် ၃ နှစ် အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်သည်။[၄၄][၄၈] နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလ နေပြည်တော်တွင် ပြုလုပ်ခဲ့သော Car Campaign တွင် လက်ပြနှုတ်ဆက်ခဲ့သည်ကို လူစုလူဝေးပြုလုပ်သည်ဟူ၍ လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး ကာလများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ဥပဒေစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်သည်ဟူ၍ လည်းကောင်း သဘာဝဘေးအန္တရယ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲ၍ရမန်ယူခဲ့သည်။[၄၅][၄၄]

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဩစတြေးလျန်းလူမျိုး စီးပွားရေးအကြံပေးဖြစ်သူ ရှော(န်) တားနဲလ် (Sean Turnell) အားဖမ်းဆီးခဲ့သည်။[၄၉]

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် တပ်မတော်သည် ညအပြင်မထွက်ရနှင့် လူ ၅ ဦးနှင့်အထက် စည်းဝေးခြင်းမပြုရအမိန့်တို့ကို ကြေညာခဲ့သည်။[၅၀][၅၁][၅၂]

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာ့ရဲတပ်ဖွဲ့သည် NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့သည်။[၅၃] ထို့အပြင်တပ်မတော်သည် ဆိုက်ဘာဥပဒေမူကြမ်းကိုရေးဆွဲခဲ့သည်။ ထိုဥပဒေမူကြမ်းကို နည်းပညာသမားများသည် လူ့အခွင့်အရေးကိုချိုးဖောက်သည်ဟုဆိုကာ အပြင်းအထန်ရှုတ်ချခဲ့သည်။[၅၄] မြန်မာ့အင်တာနက်အတွင်း firewall ကို တရုတ်မှကူညီ၍ တည်ဆောက်မည့်အကြောင်းကို သံသယဖြစ်လာခဲ့ကြသဖြင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပါသည်။ သို့သော်တရုတ်သည် ထိုအကြောင်းကို ကောလဟာလဟူ၍ငြင်းပယ်ခဲ့သည်။[၅၅]

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကယားပြည်နယ်၌ ရဲသားများသည်လည်း ဆန္ဒပြသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။[၅၆]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်၌ တပ်မတော်နှင့်မြန်မာ့ရဲတပ်ဖွဲ့သည် အစိုးရဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ၊ ဆန္ဒပြသူများနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းကို ဖမ်းဆီးခဲ့သည်။[၅၇]

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အစိုးရမှသတင်းမီဒီယာအား "အာဏာသိမ်းအစိုးရ" (အင်္ဂလိပ်အားဖြင့် "junta"၊ "regime") စသောအခေါ်အဝေါ်များကို အသုံးမပြုရန်တားမြစ်ခဲ့သည်။[၅၈] ထို့အပြင်မင်းကိုနိုင်အားလည်း ဖေ့စဘွတ်ပေါ်တွင်ပို့စ်များရေးတင်ခဲ့ရာ နိုင်ငံတော်ငြိမ်ချမ်းရေးကို ထိခိုက်စေသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၅၉]

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တပ်မတော်သည် ပြည်သူများအားဖိနှိပ်ရန် တင့်ကားများ၊ သံချပ်ကာကားများစသည်တို့ကို မြို့ကြီးများတစ်ခွင်ပို့ချထားသည်။ ပြည်သူများသည် ​ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ဆက်လက်ဆန္ဒပြခဲ့ကြပါသည်။[၆၀] ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တပ်မတော်သည် ‌ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံတရားစွဲရမန်ယူခဲ့သည်။[၆၁]

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆယ်လီဘရစ်တီ (နာမည်​​ကျော်) ၆ ဦးအား CDM ပြုလုပ်ရန်လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခဲ့သည်။[၆၂]

ရွေးကောက်ခံအစိုးအရအဖွဲ့ တင်မြှောက်ခြင်း[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကို Online Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၇၅ဦး နှင့် လေ့လာသူ အချို့တက်ရောက်ကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။[၆၃]

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တတိယအကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) ကို ကျင်းပခဲ့ရာ ရွေးကောက်ခံ ကိုယ်စားလှယ် ၇၄ ဦးအနက် ကိုယ်တိုင်တက်ရောက်သူ ၃၄ ဦး၊ Online Video Conferencing ဖြင့်တက်ရောက်သူ ၃၃ ဦး၊ စုစုပေါင်း ၆၇ ဦး တက်ရောက်ခဲ့ပြီး ကျန် ၇ ဦးမှာ စစ်တပ်က ဖမ်းဆီးထားသဖြင့် မတက်ရောက်နိုင်ခဲ့ပေ။[၆၄]

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တတိယအကြိမ်မြောက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) ကို Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ရွေးကောက်ခံ ကိုယ်စားလှယ် ၂၁ ဦးအနက် ၁၈ ဦး တက်််ရောက်ခဲ့ပြီး ကျန် ၃ ဦးမှာ စစ်တပ်က ဖမ်းဆီးထားသဖြင့် မတက်ရောက်နိုင်ခဲ့ပေ။[၆၅]

သိမ်းပိုက်ခြင်းအကြောင်းအရင်း[ပြင်ဆင်ရန်]

တပ်မတော်မှ အာဏာသိမ်းပိုက်ခြင်း အကြောင်းအရင်းကို သေချာစွာမသိရသေးပေ။ တပ်မတော်သည် မဲစာရင်းမှားယွင်းမှုသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည်ဟုဆိုခဲ့သည်။[၆၆] အာဏာမသိမ်းပိုက်မီ ရက်အနည်းငယ်အကြာတွင် ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်၏စွပ်စွဲမှုကို သက်သေပြနိုင်ခြင်းမရှိသောကြောင့် ငြင်းပယ်ခဲ့သည်။[၆၇] ထိုသို့အာဏာသိမ်းပိုက်ရခြင်း၏ အကြောင်းအရင်းမှာ တပ်မတော်မှနိုင်ငံကို ဆက်လက်အုပ်ချုပ်လိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။[၆၈][၆၉]

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အသက် ၆၅ နှစ် ပြည့်သောအခါတွင် ရာထူးမှအနားယူရမည်ဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၂၀၂၁ ဇူလိုင်လတွင် အနားယူရတော့မည်ဖြစ်သည်။[၇၀] ဗိုလ်ချုပ်မင်းအောင်လှိုင်အားဆက်ခံမည့်သူသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်သမ္မတကသာလျှင် ရွေးချယ်တင်မြှောက်နိုင်သည်။[၇၀] သို့ဖြစ်ရာမင်းအောင်လှိုင်အနားယူသောအခါ နိုင်ငံတကာတရားရုံးများမှသူ့အား ရိုဟင်ဂျာပြဿနာများနှင့် အခြားစစ်ရာဇဝတ်မှုများဖြင့် တရားစွဲနိုင်မည်ဖြစ်သည်။[၇၁][၇၂] ရာထူးမှအနားယူပြီးနောက်သူသည် နိုင်ငံရေးကိုဆက်လက်လုပ်ဆောင်မည်ဟုလည်း အရိပ်အမြွှက်ပြခဲ့သည်။[၇၂]

Justice For Myanmar အဖွဲ့သည် မင်းအောင်လှိုင်မိသားစုတွင် စီးပွားရေးကိစ္စရပ်များရှိ‌သောကြောင့် စီးပွားရေး အဆင်မပြေမှု မဖြစ်စေရန် အာဏာသိမ်းပိုက်ခြင်း ဖြစ်သည်ဟုဆိုခဲ့သည်။[၇၃] မင်းအောင်လှိုင်သည် စစ်တပ်ပိုင်ဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်တို့ကို ချုပ်ကိုင်ထားပါသည်။ [၇၄] သူ၏ သားသမီးများသည်လည်း စီးပွားရေးဆိုင်ရာနယ်ပယ်အချို့ကို ပိုင်ဆိုင်ထားပါသည်။[၇၃]

အာဏာမသိမ်းမီ ရက်အနည်းငယ်အကြာက International Monetary Fund သည် ကိုဗစ်‌ရောဂါကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား အမေရိကန်ဒေါ်လာ ၃၅၀ မီလီယံ ပေးအပ်ခဲ့သည်။[၇၅] ထိုရန်ပုံငွေကို ထိုအဖွဲ့မှပြန်ယူခြင်းမရှိဘဲ ပေးအပ်ထားပါသည်။[၇၅] နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ IMF သည် အစိုးရပြည်သူ၏အလိုအတိုင်း ငွေကိုသုံးဆောင်သွားမည် ဟူ၍သာဆိုခဲ့သည်။[၇၆] ဗဟိုဘဏ်၏အကြီးအကဲဖြစ်သူသည် စစ်တပ်မှဖြစ်ကြောင်းနှင့်ပက်သက်၍ ပြောဆိုခြင်းမရှိခဲ့ပေ။[၇၆][၇၇]

ဥပဒေအရသုံးသပ်မှု[ပြင်ဆင်ရန်]

တပ်မှ အာဏာသိမ်းခြင်းသည် ဥပဒေနှင့်ကိုက်ညီသည် မညီသည်ကို ဥပဒေပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။[၇၈] NLD အစိုးရသည် တပ်မတော်၏ ဥပဒေအသုံးချမှုကို ငြင်းပယ်ခဲ့ကြသည်။[၇၉][၈၀] တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးပြုခဲ့၍ အာဏာသိမ်းပိုက်ခဲ့သည်။[၈၁] သို့သော်ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်သမ္မတကသာလျှင် နိုင်ငံတော်အရေးပေါ်အခြေအနေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်တိုင်ပင်ပြီးမှသာ ကြေညာနိုင်စွမ်းရှိသည်။[၈၂] ထို့သို့ကြေညာပြီးမှသာလျှင် ဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲနိုင်မည်ဖြစ်သည်။[၈၂] အာဏာမသိမ်းပိုက်ခင် အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှာ ပြည်သူများကရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့ဝင်များပင်ဖြစ်သည်။ သို့သော်တပ်မတော်သည် ထိုကောင်စီကို ဗိုလ်ချုပ်မင်းအောင်လှိုင်ကသာ ဦးဆောင်သည်ဟုဆိုခဲ့ရာ ဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့ကိုအသုံးချခဲ့သည်။[၈၃] ထိုသို့ ဥပဒေများကို အသုံးချခဲ့သော်လည်း အစိုးရ၏ တရားဝင် အတည်ပြုမှုမပါရှိခဲ့သောကြောင့် တပ်မတော်အနေဖြင့် ထိုသို့ပြုလုပ်ရန်တရားဝင်သည် မဝင်သည်မှာ ဝေခွဲမရဖြစ်နေသည်။[၈၄][၇၈]

နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် International Commission of Jurists အဖွဲ့က စစ်တပ်၏အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံဖွဲ့စည်းပုံကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တွေ့ရှိကာ စွပ်စွဲထားသော ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပုံမှန်မဟုတ်ခြင်းသည် အရေးပေါ်အခြေနေကြေညာရန်အတွက် ဖွဲ့စည်းပုံအရ လုံလောက်မျှတသော အနေအထားမဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပေသည်။ ထို့အပြင် အဆိုပါဖော်ပြချက်တွင် ဥပဒေပညာရှင်များအဖွဲ့က စစ်တပ်၏လုပ်ဆောင်ချက်များသည် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံဖွဲ့စည်းပုံ သုံးခုစလုံးကို ဖောက်ဖျက်သည်ဟုလည်း ကြေညာခဲ့သည်။[၈၅]

တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

ပြည်တွင်း[ပြင်ဆင်ရန်]

ဆန္ဒပြမှုများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ
ရန်ကုန်မြို့၊ လှည်းတန်း၌ ဆန္ဒပြနေကြပုံ

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျန်းမာရေးလုပ်သားများနှင့် အခြားအလုပ်သမားများသည် "ပြည်သူများမလိုက်နာခြင်း"ကို စတင်ပြုလုပ်ခဲ့ကြသည်။[၈၆][၈၇] ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌လည်း "Civil Disobedience Movement" အဖွဲ့ကိုဖွဲ့စည်းခဲ့ရာ follower ပေါင်း ၂၀၀,၀၀၀ ကျော်မျှပါဝင်ခဲ့ကြသည်။[၈၈][၈၀] အစိုးရ၌လုပ်ကိုင်ကြသော အလုပ်သမားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အနုနည်းဖြင့်ဆန္ဒပြခဲ့ကြသည်။[၈၀][၈၉] ဆေးရုံနှင့် ကျန်းမာရေးအေဂျင်စီ ၁၁၀ ကျော်မှ အလုပ်သမားများပါဝင်ခဲ့ကြသည်။[၉၀][၈၈] ဆရာဆရာမပေါင်း ၁၀၀,၀၀၀ ကျော်နှင့်[၈၈] နိုင်ငံကြားရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်‌ဟောင်းများသည်လည်း ပါဝင်ခဲ့ကြသည်။[၉၀] နေပြည်တော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အလုပ်သမားများသည်လည်း ဆန္ဒပြခဲ့ကြသည်။[၉၁] ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ မင်းကိုနိုင်သည်လည်း ထိုသို့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်အတွက် တိုက်တွန်းခဲ့သည်။[၉၂] ဆန္ဒပြသရာတွင် လက်သုံးချောင်းထောင်ထားခြင်းကို သင်္ကေတပြုခဲ့ကြသည်။[၉၃] အချို့သော အင်တာနက် အသုံးပြုသူများသည် အာရှ၏ အွန်လိုင်း ဒီမိုကရေစီလှုပ်ရှားမှုဖြစ်သော နို့လက်ဖက်ရည်မဟာမိတ် (Milk Tea Alliance) ဖြင့်ဆန္ဒပြခဲ့ကြပါသည်။[၉၄] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းသည် Civil Disobedience တွင်စတင်ပါဝင်ခဲ့သည်။[၉၅] "ကမ္ဘာမကြေဘူး" နှင့် "အရေးကြီးပြီ" ဟူသောသီချင်းတို့ကိုသီဆိုခြင်းဖြင့်လည်း ဆန္ဒပြခဲ့ကြသည်။[၉၆]

မန္တလေး ဘူတာကြီးအနီး ၇၈ လမ်း၌ ဆိုင်ကယ်စီး၍ ဆန္ဒပြနေကြစဉ်

ရန်ကုန်မြို့ ကဲ့သို့‌သော မြို့ကြီးများ၌ ‌ညနေ ၈ နာရီ အချိန်တိုင်းတွင် အိမ်တွင်း၌ "cacerolazo" ခေါ် အိုးများနှင့်သံပုံးများကို ရိုက်ခတ်ခြင်းဖြင့် စစ်အစိုးရကိုဆန္ဒပြခဲ့ကြသည်။[၉၇][၉၈][၉၉]

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်၏ ထုတ်ကုန်များကို အားမပေးခြင်းလုပ်ငန်းကိုလည်း စတင်ခဲ့သည်။[၁၀၀] ထိုအားမပေးသောထုတ်ကုန်များတွင် Mytel၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ ဒဂုံဘီယာ၊ သတ္တမမြောက်အာရုံ စသည်တို့ပါဝင်ကြသည်။[၁၀၁] စစ်ကိုင်းတိုင်း Mytel ၌ အလုပ်သမား ၇၁ ဦးသည် လုပ်ငန်းမှထွက်ခွာခဲ့ကြသည်။[၈၈]

ကရင်ပြည်နယ်ဘားအံမြို့၌ ဆရာမများ ဆန္ဒပြနေကြစဉ်

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီ၌ အချို့သောရန်ကုန်သားများသည် ဒေါ်အောင်ဆန်းစုကြည်အားစေလွှတ်ရန် ၁၅ မိနစ်မျှထွက်ရောက်ဆန္ဒပြခဲ့ကြသည်။[၁၀၂] မန္တလေးစည်ပင်မှ အဖွဲ့ဝင် ၆ ယောက်သည် ဖေဖော်ဝါရီလ ၃ ရက်တွင် လုပ်ငန်းမှထွက်ခွာခဲ့သည်။[၁၀၃] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ရှေ့၌ လူအယောက် ၃၀ ဆန္ဒပြခဲ့ကြရာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၀၄][၁၀၅] ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လူအယောက်နှစ်သောင်းခန့် လမ်းပေါ်ထွက်ခဲ့၍ အောင်ဆန်းစုကြည်အား လွတ်‌ပေးရန် ဆန္ဒပြခဲ့ကြသည်။[၁၀၆] ထို့အပြင် မန္တလေးနှင့် ပျဉ်းမနားမြို့တို့၌လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။[၁၀၇] ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တပ်မတော်သည် အကြမ်းဖက်အားကိုသုံး၍ ဆန္ဒပြသူများကို လူစုခွဲစေခဲ့သည်။ ဆန္ဒပြသူ ၆ ဦးမှာ ဒဏ်ရာ ရရှိခဲ့သည့်အပြင် အသက် ၂၀ အရွယ်ရှိသော မိန်းကလေးတစ်ဦးသည်လည်း ဦးခေါင်း၌ကျည်ဆံမှန်ခဲ့ကာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁၀၈] ဆန္ဒပြသူအယောက် ၁၀၀ ခန့်မှာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၀၉] ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရသူအများစုကို ပြန်လွှတ်ပေးခဲ့သည်။[၁၁၀]

ရန်ကုန်မြို့၌ ကျွန်ုပ်တို့၏ တရားဝင်အစိုးရသည် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်နေကြစဉ်။

လူငယ်များသည် ရိုးရာဝတ်စုံများ၊ စကတ်များ၊ မင်္ဂလာဆောင်ဝတ်စုံများ စသည်တို့ကိုဝတ်ဆင်ပြီး တစ်မူထူးခြားစွာဆန္ဒပြခြင်းဖြင့် ပြည်တွင်းသာမက နိုင်ငံတကာမီဒီယာများကို တွေ့မြင်စေရန်ပြုလုပ်ခဲ့ကြသည်။[၁၁၁][၁၁၂]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် မော်လမြိုင်မြို့၌ ရဲများသည် သေနတ်များပစ်ခတ်ခြင်းဖြင့် ဆန္ဒပြသူများကိုလူစုခွဲစေခဲ့သည်။[၁၁၃] ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြသူများအား သေနတ်ပစ်ခတ်ခြင်းဖြင့် လူစုခွဲစေခဲ့သည်။ ထို့အပြင် သတင်းထောက် ၅ ဦးလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၁၄] မန္တလေးမြို့တွင်လည်း စစ်သားများသည်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းခဲ့ပြီး ရာဘာကျည်ဆံများအပြင် လောက်လေးခွများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။[၁၁၅]

အင်တာနက်ဖြတ်တောက်မှု[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည် တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ပေးစွမ်းသူများကို အမိန့်ပေးခဲ့သည်။[၁၁၆] MPT သည်လည်း Facebook messenger၊ အင်စတာဂရမ် နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၁၁၇][၁၁၆] ဖေ့စဘွတ်ကို ပြည်သူများမလိုက်နာခြင်းလှုပ်ရှားမှု ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။[၁၁၆] ဖေ့စဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar. စသည်တို့ကိုရေးခဲ့ကြသည်။[၁၁၈] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါပိတ်ပင်ခဲ့သည်။[၁၁၉][၁၂၀] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၁၂၁] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကုလသမဂ္ဂမှ အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သောကြောင့် အင်တာနက် လိုင်းများကိုနေ့လည်တွင်ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် လူမှုကွန်ရက်များကိုမူ ဆက်လက်ပိတ်ပင်ထားသည်။[၁၂၂] ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ အင်တာနက်ဝန်ဆောင်မှုကို မနက် ၁ နာရီမှ ၉ နာရီအထိပိတ်ပင်ခဲ့သည်။[၁၂၃][၁၂၄] စစ်အစိုးရ၏ အင်တာနက်နှင့်ပတ်သက်ပြီး နေ့စွဲအလိုက်စေခိုင်းမှုများကို တယ်လီနော မြန်မာ မှ ထုတ်ဖော်ပြောကြားခဲ့သည်။[၁၂၅]

စီးပွားရေး[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အိမ်ရာတိုးတက်ရေး စီးပွားရေးဖြစ်သော Amata Corporation သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကုန်ကျသော စက်မှုတိုးတက်ရေးဇုန်တည်ဆောက်ခြင်းကို အာဏာသိမ်းပိုက်မှုကြောင့်ရပ်ဆိုင်းထားသည်။[၁၂၆][၁၂၇] မြန်မာနိုင်ငံအတွက် ကားထုတ်လုပ်မှု အကြီးဆုံးဖြစ်သော စူဇူကီးသည်လည်း ပြည်တွင်းကားထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။[၁၂၆] ရန်ကုန် စတော့အိတ်စချိန်းသည်လည်း ကူးသန်းရောင်းဝယ်ရေးကို ရပ်ဆိုင်းထားသည်။[၁၂၆] မြန်မာနိုင်ငံ၏ အိမ်ရောင်းဝယ်ရေးလုပ်ငန်းစီးပွားရေးသည်လည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။[၁၂၈] ပြင်သစ်ရေနံကုမ္ပဏီဖြစ်သော Total SE သည် မိမိ၏ပံ့ပိုးမှုအပေါ် အာဏာသိမ်းပိုက်ခြင်း၏အကျိုးသက်ရောက်မှုကို လေ့လာနေသည်ဟုဆိုခဲ့သည်။[၁၂၉]

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကီရင် ကုမ္ပဏီ (Kirin Company) သည် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်နှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။[၁၃၀][၁၃၁][၁၃၂] ထိုကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဘီယာထုတ်လုပ်မှုတွင် ဈေးကွက်ရှယ်ရာ ၈၀% (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ) ကိုပိုင်ဆိုင်ထားပါသည်။[၁၃၂] ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Razer ကို တွဲဖက်တည်ထောင်သူ သည် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ရှယ်ယာအများစုပိုင်ဖြစ်သော Virginia Tobacco ဆေးလိပ်ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပါသည်။[၁၃၃] ဗိုလ်ချုပ်မင်းအောင်လှိုင်သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပက်သက်၍ နိုင်ငံတကာစီးပွားရေးနှင့်လုပ်ဆောင်မည် ပြောဆိုခဲ့ပါသည်။[၁၃၄]

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် မြန်မာနိုင်ငံအားထောက်ပံ့မည့်ငွေ ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ခြင်းကိုရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။[၁၃၅]

နိုင်ငံတကာ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ရှိသော မြန်မာနိုင်ငံသံရုံးအရှေ့၌ အာဏာသိမ်းပိုက်မှုကိုဆန္ဒပြနေကြစဉ်
ဂျပန်နိုင်ငံတိုကျိုမြို့၌ လူယောက် ၃၀၀၀ ခန့် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ဆန္ဒပြကြစဉ်[၁၃၆]

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးအ‌ယောက် ၂၀၀ ခန့်နှင့် အချို့သော ထိုင်းဒီမိုကရေစီလှုပ်ရှားမှုအတွက် တက်ကြွသူများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၃၇] ထိုဆန္ဒပြပွဲကို ရဲတပ်‌ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦး ဖမ်းဆီး ခံခဲ့ရသည်။[၁၃၈]

ဂျပန်နိုင်ငံတိုကျိုမြို့တွင်လည်း မြန်မာနိုင်ငံသားများသည် ကုလသမဂ္ဂ တက္ကသိုလ်၌ အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြခဲ့ကြသည်။[၁၃၉] ‌ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၏ မြန်မာသံရုံးရှေ့၌ မြန်မာ-အမေရိကန်လူများ အယောက် ၁၅၀ ကျော် ဆန္ဒပြခဲ့ကြသည်။[၁၄၀]

စင်္ကာပူရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန် သတိပေးခဲ့သည်။[၁၄၁][၁၄၂] ထိုရဲတပ်ဖွဲ့သည် မြန်မာသံရုံးရှေ့၌ နိုင်ငံခြားသားဆန္ဒပြသူ ၃ ဦးကို ဆန္ဒပြခွင့်မယူထားသောကြောင့် ဖမ်းဆီးခဲ့သည်။[၁၄၃]

  မြန်မာ
  အာဏာသိမ်းပိုက်မှုကိုဆန့်ကျင်
  အလွန်စိုးရိမ်သည်ဟုဆို
  ကြားနေ
  အဆိုပြုမှုမရှိ

အိန္ဒိယ[၁၄၄] ဘင်္ဂလားဒေ့ရှ်[၁၄၅] အင်ဒိုနီးရှား[၁၄၆] တရုတ်[၁၄၇] မလေးရှား[၁၄၈] ပါကစ္စတန်[၁၄၉] ဖိလစ်ပိုင်[၁၅၀] တောင်ကိုရီးယား[၁၅၁] စင်္ကာပူ[၁၅၂] စသောနိုင်ငံများသည် အာဏာသိမ်းပိုက်ခြင်းကို စိုးရိမ်ပါ‌ကြောင်းနှင့် အစိုးရနှင့်တပ်မတော်တို့သည် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။[၁၅၃] ဩစတြေးလျ[၁၅၄][၁၅၅] ကနေဒါ[၁၅၆] ပြင်သစ်[၁၅၇] ဂျာမနီ[၁၅၈] ဂျပန်[၁၅၉] နယူးဇီလန်[၁၆၀] စပိန်[၁၆၁] ဆွီဒင်[၁၆၂] တူရကီ[၁၆၃] ယူနိုက်တက်ကင်းဒမ်း[၁၆၄] နှင့် အမေရိကန်နိုင်ငံများ[၁၆၅] သည် ဖမ်းဆီး ခံရသူ တို့ကို လွှတ်ပေး သင့်ကြောင်း ရာဇသံအမိန့်ဖြင့် ပြောဆိုခဲ့ကြသည်။[၁၆၆][၁၆၇] အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည်လည်း အာဏာသိမ်းပိုက်ခြင်းသည် နိုင်ငံတော်၏ ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်အား လိုအပ်လာလျှင် ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၆၈][၁၆၉] နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျက်ဆင်တာ အာဒန် (Jacinta Ardern) သည် အာဏာသိမ်းပိုက်မှုကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ရပ်တန့် ထားသည့်အပြင် ရာထူးကြီးဗိုလ်ချုပ်များကိုလည်း ပိတ်ပင်ခဲ့သည်။[၁၇၀] ကမ္ဘောဒီးယားဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့သည် ထိုအာဏာသိမ်းခြင်းကိစ္စကို ပြည်တွင်း ပြဿနာ အဖြစ်နှင့်သာ ယူဆ၍ ဝင်ရောက်မစွက်ဖက်လိုကြောင်း ပြောဆိုခဲ့ကြသည်။[၁၇၁][၁၇၂][၁၇၃]

ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှုးချုပ်ဖြစ်သူ အန်တိုနီရို ဂူတာရက်စ်သည် ထိုသို့အာဏာသိမ်းခြင်းသည် မြန်မာ့ဒီမိုကရေစီကို ထိခိုက်ကြောင်း ပြောဆိုခဲ့သည်။[၁၇၄] ထို့အပြင် အာဆီယံအဖွဲ့ သည်လည်း နိုင်ငံများအစည်းဝေးခေါ်ယူခဲ့၍ ဆွေးနွေးခဲ့ကြသည်။[၁၇၅][၁၇၆] ဥရောပ သမဂ္ဂသည်လည်း ထိုသို့ အာဏာသိမ်းပိုက်ခြင်းနှင့်ပက်သက်၍ ဝေဖန်ခဲ့သည်။[၁၇၇][၁၇၈]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယူကေမှဦးစီး၍ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြန်လည်ဖော်ယူရေးနှင့် တပ်မတော်အားပစ်ဒဏ်ပေးနိုင်ရေးအတွက် အစည်း‌အဝေးခေါ်ယူခဲ့ကြသည်။[၁၇၉][၁၈၀][၁၈၁][၁၈၂] သို့သော် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးမှ သဘောတူညီချက်မရရှိခဲ့ပေ။ တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အစိုးရနှင့်ပြန်လည်ဆွေးနွှေးလိုသည်ဟုဆိုကာ သဘောတူပေးရန်ငြင်းဆိုခဲ့သည်။ ထို့အပြင် အမြဲတမ်း အဖွဲ့ဝင် များဖြစ်ကြသော တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဗီတိုအာဏာကိုအသုံးပြုခဲ့၍ ထိုသို့ပြုလုပ်ရန်ပိတ်ပင်ခဲ့သည့်အပြင် တရုတ်သည် "အစိုးရပြန်လည်ဖွဲ့စည်းခြင်း" သာဖြစ်သည်ဟုဆိုခဲ့သည်။[၁၈၃] အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမဟုတ်ကြသော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့သည် ထိုသို့ဒီမိုကရေစီပြန်လည်ဖော်ယူရေးကို ပြုလုပ်ပေးရန်တောင်းဆိုခဲ့သည်။[၁၈၄]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကားချက်[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Myanmar coup: Aung San Suu Kyi detained as military seizes control" (in en-GB)၊ ဘီဘီစီ၊ 2021-02-01။ 
  2. Protests, Anger Spreading Rapidly in the Wake of Myanmar Coup (8 February 2021)။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Beech၊ Hannah။ "Myanmar’s Leader, Daw Aung San Suu Kyi, Is Detained Amid Coup"၊ The New York Times၊ 31 January 2021။ 
  4. "Myanmar military seizes power in coup after detaining Aung San Suu Kyi"၊ The Washington Post 
  5. Foundation၊ Thomson Reuters။ Myanmar military seizes power, detains elected leader Aung San Suu Kyi
  6. Myanmar gov't declares 1-year state of emergency: President's Office
  7. Myanmar Leader Aung San Suu Kyi, Others Detained by Military။ VOA (Voice of America) (February 1, 2021)။
  8. "Myanmar State Counsellor and President charged, detained for 2 more weeks" (in en-UK)၊ Myanmar Times၊ 2021-02-03။ 
  9. Adange၊ Christy။ "Myanmar Coup: Aung San Suu Kyi charged with military for “transceiver and handshake”" (in en-NZ)၊ Wall Street Journal၊ 2021-02-04။ 
  10. Quint၊ The။ "Days After Coup, Aung San Suu Kyi Charged for Breaching Import Law" (in en-IN)၊ The Quint၊ 2021-02-04။ 
  11. Solomon၊ Feliz။ "After Myanmar Coup, Aung San Suu Kyi Accused of Illegally Importing Walkie Talkies" (in en-US)၊ Eminetra၊ 2021-02-03။ 
  12. "Myanmar coup: Aung San Suu Kyi faces new charge amid protests"၊ BBC News၊ February 16, 2021။ February 17, 2020 တွင် ပြန်စစ်ပြီး 
  13. On This Day, The Day Myanmar’s Elected Prime Minister Handed Over Power (in en-US) (2020-09-26)။
  14. Butwell, Richard (1960). "The 1960 Election in Burma". Pacific Affairs 33 (2): 144–157. Pacific Affairs, University of British Columbia. 
  15. Taylor၊ Robert (2015-05-25)။ General Ne Win။ ISEAS Publishing။ ISBN 978-981-4620-14-7
  16. How A Failed Uprising Set The Stage For Myanmar's Future
  17. Burma: 20 Years After 1990 Elections, Democracy Still Denied
  18. Dieter Nohlen, Florian Grotz & Christof Hartmann (2001) Elections in Asia: A data handbook, Volume I, p611 ISBN 0-19-924958-X
  19. Myanmar’s 1990 Election: Born of a Democratic Uprising, Ignored by the Military။ ဧရာဝတီသတင်းဌာန။
  20. How Myanmar's Fragile Push for Democracy Collapsed in a Military Coup
  21. "As Myanmar opens to the world, the mess inside becomes more apparent"၊ Bloomberg.com 
  22. အာဏာမသိမ်းဘူးလို့ ‘မပြောနိုင်’ ဟု တပ်မတော် ခြိမ်းခြောက်
  23. Australia joins list of countries warning Myanmar military against staging coup amid fraud claims (in English) (Jan 30, 2021)။
  24. စစ်တပ်က အာဏာသိမ်းပြီလို့ ယူဆ - NLD ပြောခွင့်ရသူ။ VOA Burmese။
  25. Foundation၊ Thomson Reuters။ Aung San Suu Kyi and other leaders arrested, party spokesman says
  26. Internet disrupted in Myanmar amid apparent military uprising (in en-US) (31 January 2021)။
  27. ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေဘီဘီစီမြန်မာ။
  28. Myanmar Military Blocks Internet During Coup (in en) (2021-02-02)။
  29. Hundreds of Myanmar MPs under house arrest (in en)။
  30. ၃၀.၀ ၃၀.၁ Myanmar Military Give MPs 24 Hours to Leave Naypyitaw (in en-US) (2021-02-03)။
  31. ​နေပြည်​တော်စည်ပင်ဧည့်ရိပ်သာရှိကိုယ်စားလှယ်များအား ၂၄နာရီအတွင်းထွက်ခွာရန်ညွှန်ကြား (in my) (၄ ​ဖေ​ဖော်ဝါရီ ၂၀၂၁)။
  32. NLD lawmakers in Nay Pyi Taw defy military, take oath of office (in en-US) (2021-02-04)။
  33. ၃၃.၀ ၃၃.၁ Statement on Recent Detainees in Relation to the Military Coup (2021-02-04)။
  34. Three Saffron Revolution monks among those detained in February 1 raids (in en)။
  35. Coup plunges Myanmar further into a climate of religious nationalism - UCA News (in en)။
  36. "Myanmar's Aung San Suu Kyi 'detained by military', NLD party says"၊ ဘီဘီစီ၊ 1 February 2021။ 
  37. Myanmar military says it is taking control of the country (1 February 2021)။
  38. နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာ၊ တပ်မတော်ဗိုလ်ချုပ်ဟောင်း လက်ရှိဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူ
  39. Myanmar military stages coup, declares state of emergency for a year (in en) (2021-02-01)။
  40. Myanmar to clarify voter fraud, hold new round of elections (2021-02-01)။
  41. Telecommunications disruptions shut down Myanmar banks (1 February 2021)။
  42. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2021 တွင် ပြန်စစ်ပြီး။
  43. Myanmar military announces new State Administrative Council (2 February 2021)။
  44. ၄၄.၀ ၄၄.၁ ၄၄.၂ Aung San Suu Kyi, Win Myint to face charges as NLD calls for ‘unconditional’ release (in en-US) (2021-02-03)။
  45. ၄၅.၀ ၄၅.၁ Myanmar police file charges against Aung San Suu Kyi after coup (in English) (Feb 3, 2021)။
  46. Myanmar police file charges against ousted leader Aung San Suu Kyi under import-export law (in English) (Feb 3, 2021)။
  47. Myanmar police charge ousted leader Aung San Suu Kyi, days after military coup (in English) (Feb 3, 2021)။
  48. Myanmar Detained a Team of Journalists for Flying a Drone
  49. Myanmar detains Australian adviser to Aung San Suu Kyi; first known arrest of foreign national since coup (in English) (Feb 6, 2021)။
  50. Facebook
  51. Facebook
  52. Myanmar Military Govt Bans Gatherings of Five or More in Yangon, Other Areas (in en-US) (2021-02-09)။
  53. Myanmar anti-coup protests resume despite bloodshed (10 February 2021)။
  54. Civil society, businesses condemn junta’s draft Cyber Security Law (in en-US) (2021-02-11)။
  55. China Denies Helping Myanmar Military Regime Build Internet Firewall (in en-US) (2021-02-11)။
  56. https://www.ctvnews.ca/world/in-rural-myanmar-residents-protect-police-who-reject-coup-1.5304416
  57. Military casts a wide net with a series of late-night raids (in en)။
  58. Myanmar Military Bans Use of ‘Regime’, ‘Junta’ by Media (in en-US) (2021-02-13)။
  59. ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော်လင်းလင်း ၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လို နှင့် မောင်မောင်အေး တို့အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်မတော် ကြေညာ (in my)။
  60. Myanmar coup: Armoured vehicles deployed to cities amid protests as junta extends Aung San Suu Kyi detention။ 15 February 2021 တွင် ပြန်စစ်ပြီး။
  61. "New charge filed on Suu Kyi as Myanmar crackdown intensifies"၊ Associated Press၊ February 17, 2020။ February 17, 2020 တွင် ပြန်စစ်ပြီး 
  62. Six Myanmar celebrities face arrest upon civil disobedience movement
  63. ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
  64. စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
  65. တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်မြောက် ပထမပုံမှန် အစည်းအဝေး ပထမနေ့ ခေါ်ယူ ကျင်းပ
  66. Tatmadaw seizes power under state of emergency, to rule for a year (in en-US) (1 February 2021)။
  67. Myanmar election commission rejects military’s fraud claims (29 January 2021)။
  68. Min Aung Hlaing: the heir to Myanmar’s military junta (in en) (1 February 2021)။
  69. Myanmar military appoints ministers after ousting Suu Kyi in coup (in en-GB)။
  70. ၇၀.၀ ၇၀.၁ Could Min Aung Hlaing’s retirement break the political deadlock? (in en-US) (12 January 2021)။
  71. Editor၊ Richard Lloyd Parry, Asia။ "Senior General Min Aung Hlaing’s secret motive for Burma coup" (in en)။ 
  72. ၇၂.၀ ၇၂.၁ General Min Aung Hlaing is the ambitious army chief and international pariah who seized power in Myanmar (in en)။
  73. ၇၃.၀ ၇၃.၁ Who profits from a coup? The power and greed of Senior General Min Aung Hlaing
  74. Pierson၊ David (2021-02-02)။ Myanmar's military upended its comfortable status quo by staging a coup. Why? (in en-US)။
  75. ၇၅.၀ ၇၅.၁ Lawder၊ David။ "Days before coup, IMF sent Myanmar $350 million in emergency aid; no precedent for refund" (in en)၊ Reuters၊ 2021-02-03။ 
  76. ၇၆.၀ ၇၆.၁ Lawder၊ David။ "IMF says members to guide decision on whether to recognize Myanmar's military leaders" (in en)၊ Reuters၊ 2021-02-05။ 
  77. Transcript of IMF Press Briefing (in en)။
  78. ၇၈.၀ ၇၈.၁ Crouch၊ Melissa (2021-02-02)။ The power and ambition behind Myanmar’s coup (in en)။
  79. ‘The constitution is invalid now’: NLD patron fires back at military (in en-US) (2021-02-01)။
  80. ၈၀.၀ ၈၀.၁ ၈၀.၂ After coup, medical workers spearhead civil disobedience campaign (in en-US) (2021-02-02)။
  81. "Statement from Myanmar military on state of emergency" (in en)၊ Reuters၊ 2021-02-01။ 
  82. ၈၂.၀ ၈၂.၁ Emergency Powers in Myanmar (in en) (2021-02-01)။
  83. Myanmar latest: NLD calls for Suu Kyi's release (in en-GB)။
  84. "Myanmar coup: Aung San Suu Kyi detained as military seizes control" (in en-GB)၊ BBC News၊ 2021-02-01။ 
  85. Myanmar: Military Coup d'état violates principles of rule of law, international law and Myanmar’s Constitution (in en-US) (2021-02-08)။
  86. Nay Pyi Taw, Mandalay healthcare staff to join 'Civil Disobedience Campaign' (2 February 2021)။
  87. Myanmar Medics Prepare Civil Disobedience Against Military Rule (in en-US) (2 February 2021)။
  88. ၈၈.၀ ၈၈.၁ ၈၈.၂ ၈၈.၃ Teachers, students join anti-coup campaign as hospital staff stop work (in en-US) (2021-02-03)။
  89. Myanmar doctors stop work to protest coup as UN considers response (in English) (Feb 3, 2021)။
  90. ၉၀.၀ ၉၀.၁ Myanmar’s Medics Launch Civil Disobedience Campaign Against Coup (in en-US) (2021-02-03)။
  91. စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ (in my)။
  92. Veteran activist calls for civil disobedience in wake of coup (in en)။
  93. Myanmar blocks Facebook as resistance grows to military coup (in English) (Feb 5, 2021)။
  94. #MilkTeaAlliance has a new target brewing: Myanmar’s military (in en) (2021-02-04)။
  95. Civilian Disobedience Campaign' takes flight in Myanmar (2021-02-05)။
  96. Songwriter Who Provided ‘Theme Song’ to 8888 Uprising Finally Honored (in en-US) (2018-08-09)။
  97. Myanmar coup: army blocks Facebook access as civil disobedience grows (in en) (2021-02-04)။
  98. Anti-coup protests ring out in Myanmar's main city (in English) (Feb 2, 2021)။
  99. Myanmar coup latest: UN Security Council stops short of issuing statement (in en-GB)။
  100. Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။
  101. Military Chief’s Family Members Spend Big on Blockbuster Movies, Beauty Pageants (in en)။
  102. စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း (in my)။
  103. Mandalay vice mayor, MCDC members resign (2021-02-03)။
  104. Mandalay citizens protest against Tatmadaw rule (2021-02-04)။
  105. Four arrested in Mandalay after street protest against military coup (in en)။
  106. search
  107. Thousands Take to Streets of Myanmar to Protest Military Takeover
  108. Six Protesters Injured After Myanmar Police Fire on Protest (in en-US) (2021-02-09)။
  109. Protest crackdown begins in Myanmar, over 100 nabbed in Mandalay (2021-02-09)။
  110. Arrested protesters released in Mandalay (2021-02-10)။
  111. "Myanmar coup: 'My ex is bad but military is worse'" (in en-GB)၊ BBC News၊ 2021-02-08။ 
  112. Princesses and bodybuilders: The new generation of Myanmar protesters (in en) (2021-02-11)။
  113. Limited၊ Bangkok Post Public Company။ "Protesters defy Myanmar junta, shots fired in Mawlamyine"၊ Bangkok Post 
  114. "Myanmar coup: Troops on the streets as internet cut off" (in en-GB)၊ BBC News၊ 2021-02-14။ 
  115. Myanmar: troops and police forcefully disperse marchers in Mandalay (in en) (2021-02-15)။
  116. ၁၁၆.၀ ၁၁၆.၁ ၁၁၆.၂ Staff၊ Reuters။ "Myanmar internet providers block Facebook services after government order" (in en)၊ Reuters၊ 2021-02-03။ 
  117. Directive to block social media service (in en) (2021-02-03)။
  118. Potkin၊ Fanny။ "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (in en)၊ Reuters၊ 2021-02-05။ 
  119. Myanmar’s new military government is now blocking Twitter and Instagram (in en-US)။
  120. Directive to block social media services Twitter and Instagram in Myanmar (in en) (2021-02-05)။
  121. Myanmar junta blocks internet access as coup protests expand (2021-02-06)။
  122. Internet access partially restored in Myanmar as protests grow against military coup (in en)။
  123. Myanmar: tanks roll into cities as internet shut down (in en) (2021-02-14)။
  124. Beech၊ Hannah။ "Military Imposes Full Grip on Myanmar in Overnight Crackdown" (in en-US)၊ The New York Times၊ 2021-02-14။ 
  125. Directives from authorities in Myanmar - February 2021 (in en)။
  126. ၁၂၆.၀ ၁၂၆.၁ ၁၂၆.၂ Thailand's Amata halts $1bn Myanmar property project after coup (in en-GB)။
  127. Thai developer invests $1bn to put Myanmar industry on global map (in en-GB)။
  128. Myanmar's real estate sector crashes (2021-02-05)။
  129. Staff၊ Reuters။ "Total assessing impact of Myanmar coup on its projects" (in en)၊ Reuters၊ 2021-02-04။ 
  130. Kirin, parent company of Australian beer company Lion, cuts ties with Myanmar military after coup (in English) (Feb 5, 2021)။
  131. Kirin beer company cuts brewery ties with Myanmar military over coup (in English) (Feb 5, 2021)။
  132. ၁၃၂.၀ ၁၃၂.၁ Japan's Kirin ends Myanmar beer tie-up with army-owned partner after coup
  133. hermesauto (2021-02-09)။ Razer co-founder and director Lim Kaling pulls out of Myanmar joint venture (in en)။
  134. Myanmar junta chief Min Aung Hlaing says this coup is 'different' (in en-GB)။
  135. Times၊ The New York။ "Video: Biden Imposes New Sanctions on Leaders of Myanmar Military Coup" (in en-US)၊ The New York Times 
  136. 3,000 Myanmar protesters rally in Tokyo for Suu Kyi’s release : The Asahi Shimbun
  137. ด่วน! ชาว 'เมียนมา' ชู 3 นิ้วบุกประท้วงหน้าสถานทูต ต้านรัฐประหารในประเทศ (in th) (1 February 2021)။
  138. Myanmar’s military stages coup d’etat: Live news
  139. Myanmar workers in Japan protest against Tatmadaw’s actions (2021-02-01)။
  140. ဝါရှင်တန်ဒီစီက မြန်မာစစ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေဆန္ဒပြ (in my)။
  141. Police issues warning against plans to protest in Singapore over current situation in Myanmar (in English) (Feb 5, 2021)။
  142. Police warn against plans to protest in Singapore over situation in Myanmar (in English) (Feb 5, 2021)။
  143. https://www.channelnewsasia.com/news/singapore/myanmar-men-investigated-allegedly-protest-embassy-police-14195396
  144. Feb 1၊ TIMESOFINDIA COM /။ Deeply concerned by developments in Myanmar, says India (in en)။
  145. "Bangladesh wants democratic process upheld in Myanmar"၊ Dhaka Tribune၊ 2A Media Limited.၊ 1 February 2021။ 
  146. Indonesia Urges All Parties in Myanmar to Exercise Self-Restraint။ Ministry of Foreign Affairs of the Republic of Indonesia။ 1 February 2021 တွင် ပြန်စစ်ပြီး။
  147. China 'notes' Myanmar coup, hopes for stability (1 February 2021)။
  148. Press Release: Latest Situation in Myanmar။ Ministry of Foreign Affairs (Malaysia)။ 1 February 2021 တွင် ပြန်စစ်ပြီး။
  149. Pakistan hopes from all sides in Myanmar to be restraint, work for peace: Zahid Hafeez (in en)။
  150. "Philippines following Myanmar situation with deep concern"၊ Philstar.com၊ 3 February 2021။ 
  151. S. Korea expresses concerns over Myanmar coup (February 1, 2021)။ February 1, 2021 တွင် ပြန်စစ်ပြီး။
  152. MFA Spokesperson's Comments in Response to Media Queries on the Detention of Myanmar Leaders and Officials (1 February 2021)။
  153. Goldman၊ Russell။ "Myanmar’s Coup, Explained" (in en-US)၊ The New York Times၊ 2021-02-01။ 
  154. Australia joins global condemnation of Myanmar generals (in English) (Feb 1, 2021)။
  155. Statement on Myanmar
  156. Justin Trudeau on Myanmar: “The democratic process must be respected” (2 February 2021)။
  157. France calls on Myanmar military to release Suu Kyi, respect election results
  158. https://www.aa.com.tr/en/asia-pacific/germany-condemns-myanmar-coup-in-strongest-terms-/2129847
  159. "Japan urges Myanmar military to free Suu Kyi, restore democracy"၊ Manila Bulletin၊ 1 February 2021။ 
  160. Mahuta၊ Nanaia (1 February 2021)။ New Zealand statement on Myanmar
  161. Sánchez condena el golpe de Estado en Myanmar y pide vuelta a la democracia (in es) (2021-02-01)။
  162. Foreign Minister condemns military coup in Myanmar။ Sveriges Radio။
  163. "Turkey condemns, 'deeply concerned' by coup in Myanmar"၊ Anadolu Agency၊ 1 February 2021။ 
  164. UK condemns military coup in Myanmar (in en)။ Anadolu Agency (1 February 2021)။
  165. Statement by White House Spokesperson Jen Psaki on Burma (1 February 2021)။
  166. "‘Serious blow to democracy’: World condemns Myanmar military coup" (in en)၊ Al Jazeera၊ 1 February 2021။ 
  167. https://www.aa.com.tr/fr/monde/la-maison-blanche-menace-les-auteurs-du-coup-d%c3%a9tat-militaire-du-myanmar-de-sanctions/2129551
  168. Lee, Matthew (February 1, 2021)။ Biden threatens sanctions on Myanmar after military coup
  169. Statement by President Joseph R. Biden, Jr. on the Situation in Burma (February 1, 2021)။
  170. New Zealand suspends ties with Myanmar; to ban visits from military leaders
  171. "West condemns Myanmar coup but Thailand, Cambodia shrug"၊ Bangkok Post၊ Bangkok Post Public Company Ltd.၊ 1 February 2021။ 
  172. "Myanmar's army seizes power, detains Aung San Suu Kyi" (in en-CA)၊ National Post၊ 1 February 2021။ 
  173. "Myanmar military coup: Nordic and Asian reactions"၊ ScandAsia၊ 2 February 2021။ 
  174. Statement attributable to the Spokesperson for the Secretary General - on Myanmar
  175. ASEAN calls for "return to normalcy" in Myanmar after coup | Reuters
  176. Negara-negara ASEAN Bahas Kudeta Militer di Myanmar
  177. https://twitter.com/vonderleyen/status/1356154420459933696
  178. Adkins၊ William။ "EU leaders condemn military coup in Myanmar"၊ Politico၊ 1 February 2021။ 1 February 2021 တွင် ပြန်စစ်ပြီး 
  179. "UNSC takes no action on coup in Myanmar"၊ Gulf Today၊ 3 February 2021။ 
  180. UN Security Council searches for unity on Myanmar (in English) (Feb 2, 2021)။
  181. Security Council fails to agree statement condemning Myanmar coup (in English) (Feb 3, 2021)။ “The UN Security Council has failed to agree on a joint statement condemning Monday’s coup in Myanmar, after a two hour long emergency meeting failed to secure the support of China, a key Myanmar ally and a veto-holding permanent member of the council.”
  182. UN Security Council takes no action on Myanmar coup (in English) (February 3, 2021)။
  183. Myanmar coup: China blocks UN condemnation as protest grows (in English) (Feb 3, 2021)။
  184. "Aung San Suu Kyi could face two years in jail over ‘illegal’ walkie-talkies"၊ The Guardian၊ 3 February 2021။