မာတိကာသို့ ခုန်သွားရန်

၂၀၁၉ ဗင်နီဇွဲလား သမ္မတ အကျပ်အတည်း

ဝီကီပီးဒီးယား မှ
၂၀၁၉ ဗင်နီဇွဲလား သမ္မတ အကျပ်အတည်း
ဟွမ်ဂွိုင်ဒို (ဘယ်) နှင့် နီကိုးလပ်စ် မဒူရို (ညာ)
နေ့ရက်၁၀ ဇန်နဝါရီ ၂၀၁၉ (၂၀၁၉-၀၁-၁၀) – ၅ ဇန်နဝါရီ ၂၀၂၃ (၂၀၂၃-၀၁-၀၅)
(၁၄၅၆ ရက်)
နေရာ
အကြောင်းရင်းခံ
  • ၂၀၁၈ သမ္မတ ရွေးကောက်ပွဲ ရလဒ် အငြင်းပွားခြင်း၊
  • မဒူရို၏ သမ္မတအဖြစ် ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုမှုကို အမျိုးသားလွှတ်တော်က တရားဝင်မဟုတ်ကြောင်း ကြေညာခြင်း၊
  • အမျိုးသားလွှတ်တော်၏ ကြေညာချက်ကို နိုင်ငံတော်တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ဆုံးဖြတ်ခြင်း
  • ဟွမ် ဂွိုင်ဒိုက မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာကာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း
    (၂၃ ဇန်နဝါရီ ၂၀၁၉)
ရည်မှန်းချက်များ
  • မဒူရိုအစိုးရ အဆုံးသတ်ခြင်း၊
  • ကြားဖြတ်အစိုးရဖွဲ့စည်းခြင်း၊
  • လွတ်လပ်သည့်ရွေးကောက်ပွဲ ကျင်းပခြင်း၊
နည်းလမ်းများ
  • ဆန္ဒပြပွဲများ၊ ထောက်ခံလှုပ်ရှားမှုများ၊ နိုင်ငံခြားသံတမန်ဖိအားပေးမှုများနှင့် ဗင်နီဇွဲလားအကျပ်အတည်းအတွင်း နိုင်ငံတကာပိတ်ဆို့မှုများ
ရလဒ်ပုံမှန်အတိုင်းဆက်လက်တည်ရှိခဲ့
  • ၂၀၂၄ ရွေးကောက်ပွဲအတွက် အတိုက်အခံအဖွဲ့များ စည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ဟွမ်ဂွိုင်ဒိုသည် ကြားဖြတ်အစိုးရကို ဖျက်သိမ်းခဲ့ပြီး ၎င်း၏ ရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့၊
  • မဒူရိုသည် ၂၀၂၄ သမ္မတရွေးကောက်ပွဲ၌ ဝင်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့၊
  • မဒူရို ရွေးကောက်ပွဲ ပြန်နိုင်ပြီး နောက်ထပ် နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့
Parties to the civil conflict

ဗင်နီဇွဲလားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ

  • အမျိုးသားလွှတ်တော် (ဗင်နီဇွဲလား) (၂၀၁၆)
  • အဝေးရောက် ဗင်နီဇွဲလား တရားရုံးချုပ်

  • နိုင်ငံပေါင်း ၅၀ ကျော် ၏ ထောက်ခံမှုကို ရရှိ

ဗင်နီဇွဲလားနိုင်ငံ မဒူရိုအစိုးရ

  • ဗင်နီဇွဲလားအမျိုးသားလွှတ်တော် (၂၀၁၇)
  • ဗင်နီဇွဲလား တရားရုံးချုပ်
  • ရွေးကောက်ပွဲကော်မရှင်
  • ဗင်နီဇွဲလားစစ်တပ်

  • နိုင်ငံပေါင်း ၃၀ ကျော် ထောက်ခံ
ဦးဆောင်သူများ
ဟွမ်ဂွိုင်ဒို

၂၀၁၉ ဗင်နီဇွဲလား သမ္မတ အကျပ်အတည်း (အင်္ဂလိပ်: 2019 Venezuelan presidential crisis) သည် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံ ၏ သမ္မတရာထူးဆိုင်ရာ နိုင်ငံရေးအငြင်းပွားမှုတစ်ခုဖြစ်သည်။

၂၀၁၈ ခုနှစ် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲရလဒ်ကို နှစ်ဖက် အငြင်းပွားမှုများရှိခဲ့ရာမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟွမ်ဂွိုင်ဒို သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သည်။သမ္မတ နီကိုးလပ်စ် မဒူရို ကို ထောက်ခံသည့်နိုင်ငံများနှင့် ဟွမ်ဂွိုင်ဒို ကို အသိအမှတ်ပြုသည့်နိုင်ငံများအကြား နိုင်ငံတကာအငြင်းပွားမှုများအထိ ဖြစ်ပွားခဲ့သည့်အပြင် နိုင်ငံတွင်းတွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်။

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် မေလ ၂၀ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ တွင် သမ္မတရွေးကောက်ပွဲများကျင်းပခဲ့သည်။ သမ္မတ မဒူရို သည် ဆက်လက်ရွေးချယ်ခံရသည်။သို့သော်လည်း သမ္မတ မဒူရို ၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သတ်ပြီး အငြင်းပွားချက်များရှိလာခဲ့သည်။[]

သို့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် မဒူရိုသည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ထိုအချိန်တွင် သူသည် ပြည်တွင်းအတိုက်အခံများ၏ ပြင်းထန်သောရှုတ်ချမှုများကြုံခဲ့ရသည်။

ဤအခြေအနေအောက်တွင် ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟွမ် ဂွိုင်ဒို သည် အတိုက်အခံဥပဒေပြုအဖွဲ့၏ ထောက်ခံချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် နိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် ကိုယ်တိုင် ကြေညာခဲ့သည်။

ဟွမ် ဂွိုင်ဒို သည် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတအဖြစ် ၎င်းကိုယ်တိုင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံတွင် နီကိုးလပ်စ် မဒူရို နှင့် ဟွမ် ဂွိုင်ဒို တို့အကြား အာဏာလွန်ဆွဲပွဲသည် ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံအတွင်းတွင်လည်း နိုင်ငံရေးတိုက်ပွဲမှသည် အကြမ်းဖက်မှုများအထိ ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံတကာအငြင်းပွားမှု

[ပြင်ဆင်ရန်]

ဟွမ် ဂွိုင်ဒို ၏ မိမိကိုယ်တိုင် ကြားဖြတ်သမ္မတအဖြစ် ကြေညာမှုအား အမေရိကန်က ချက်ချင်းထောက်ခံခဲ့ပြီး၊ကနေဒါ၊အာဂျင်တီးနား နှင့် ဘရားဇီးတို့၏ ထောက်ခံမှုကိုလည်း သူက ရရှိခဲ့သည်။ သို့သော် တရုတ်၊ရုရှားတို့က ကန့်ကွက်ခဲ့ကြပြီး ဟွမ် ဂွိုင်ဒို ၏ သမ္မတအဖြစ်ကြေညာခြင်းကို လက်မခံဘဲ၊ မဒူရို၏ သမ္မတအဖြစ် တည်ရှိမှုကိုသာ ထောက်ခံပေးခဲ့ကြသည်။[]

ဗင်နီဇွဲလား သမ္မတ အကျပ်အတည်း ၂၀၁၉ ခုနှစ် နိုင်ငံအလိုက် အသိအမှတ်ပြုမှု မြေပုံ
  ဗင်နီဇွဲလား
  ကြားနေနိုင်ငံများ
  ကြေညာချက် မထုတ်သော နိုင်ငံများ
  
  အတိုက်အခံလွှတ်တော်အဖွဲ့အား ထောက်ခံနိုင်ငံများ
  

မဒူရိုအား ထောက်ခံမှုများထဲ မြန်မာနိုင်ငံသည်လည်း ပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် ကုလသမဂ္ဂကိုယ်စားလှယ်မှတဆင့် နီကိုးလပ်စ် မဒူရို၏ အစိုးရအား ထောက်ခံသည့် ထုတ်ပြန်ချက်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ထံ မြန်မာက ပေးပို့ခဲ့သည်။[][]

ဟွမ် ဂွိုင်ဒို၏ ကြားဖြတ်အစိုးရ ဖျက်သိမ်းခြင်း မတိုင်ခင်(၂၀၂၂ခုနှစ်)အခြေအနေပြမြေပုံ:
  ဗင်နီဇွဲလား
  ကြားနေနိုင်ငံများ
  ကြေညာချက် မထုတ်သော နိုင်ငံများ
  ဟွမ် ဂွိုင်ဒို ကို အသိအမှတ်ပြုနိုင်ငံများ
  အတိုက်အခံလွှတ်တော်အဖွဲ့အား ထောက်ခံနိုင်ငံများ
  မဒူရိုကို အသိအမှတ်ပြုသည့် နိုင်ငံများ

ထိုသို့ ဗင်နီဇွဲလားတွင် ဖြစ်ပေါ်ခဲ့သည့် သမ္မတအကျပ်အတည်းတွင် နီကိုးလပ်စ် မဒူရို အား မထောက်ခံသည့် အမေရိကန် နှင့် ဗင်နီဇွဲလားတို့အကြား သံတမန်အဆက်အသွယ်သည် တင်းမာခဲ့ကာ နောင်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဆိုးရွားသွားခဲ့သည်။

နောက်ဆက်တွဲသက်ရောက်မှုများ

[ပြင်ဆင်ရန်]

ဗင်နီဇွဲလားတွင် နှစ်ရှည်ဖြစ်ပေါ်နေသည့် စင်ပြိုင်သမ္မတများအရေးသည် ၂၀၂၃ ခုနှစ်၊နှစ်ဆန်းပိုင်း၌ အမျိုးသားလွှတ်တော်တွင် စင်ပြိုင်အစိုးရကို ဖျက်သိမ်းရေး မဲခွဲမှုဖြစ်လာခဲ့သည်။

ကြားဖြတ်သမ္မတ ခေါင်းဆောင်ဖြစ်သူ ဂွိုင်ဒို အစိုးရ ဖယ်ရှားရန် အတိုက်အခံအမတ်များက လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ဖြုတ်ချခဲ့ကြသည်။

ဟွမ်ဂွိုင်ဒို (Juan Guaidó) သည် ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်ဟောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ၎င်းကိုယ်၎င်း ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သူဖြစ်သည်။ မာဒူရိုအစိုးရကို ဆန့်ကျင်ပြီး အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်၏ ထောက်ခံမှုကို ရရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် အာဏာရယူနိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရ အားနည်းသွားခဲ့သူဖြစ်သည်။

၎င်းကိုယ်တိုင် ကြားဖြတ်အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး၊ရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ဗင်နီဇွဲလား သမ္မတ အကျပ်အတည်းသည် ၂၀၂၃ ခုနှစ် တွင် ပြီးဆုံးသွားခဲ့သည်။၂၀၂၄ ခုနှစ် ဗင်နီဇွဲလားရွေးကောက်ပွဲ တွင် သမ္မတ နီကိုးလပ်စ် မဒူရို သမ္မတအဖြစ် ဆက်လက် တင်မြှောက်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

အတိုက်အခံများကမူ ၎င်းတို့ စုစည်းထားသော မဲစာရင်းများ ကိုးကားပြီး ကိုယ်စားလှယ်လောင်း Edmundo González သည် မဲအများဆုံးရရှိထားကြောင်း ကြေညာခဲ့သော်လည်း၊ မာဒူရိုသည်သာ ၎င်း၏ သမ္မတတတိယသက်တမ်းအတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို အမေရိကန် အသိအမှတ်ပြု BBC (၂၄ ဇန်နဝါရီ ၂၀၁၉)။ ၁၇ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. Nugent၊ Clara (16 April 2019)။ "Inside the Battle to Get News to Venezuelans"Time။ 17 April 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 17 April 2019 တွင် ပြန်စစ်ပြီး
  3. Escuela၊ Samuel Morales (28 September 2020)။ Solo 11 países apoyan a Maduro en debate de la ONU por DD. HH. El Pitazo။ 21 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2022 တွင် ပြန်စစ်ပြီး။
  4. Moncada၊ Samuel, ed. (31 July 2019)။ Letter dated 29 July 2019 from the Permanent Representative of the Bolivarian Republic of Venezuela to the United Nations addressed to the Secretary-General။ United Nations။ 7 March 2022 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 June 2021 တွင် ပြန်စစ်ပြီး
  5. Venezuela faces landmark ICC investigation over alleged crimes against humanity (4 November 2021)။ 10 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2022 တွင် ပြန်စစ်ပြီး။