၂၀၁၈ ဟွာလီယန် ငလျင်
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၆ ဖေဖော်ဝါရီ ၂၀၁၈ |
မူလ အချိန် * |
|
အတိုင်းအတာ | ၆.၄ Mw[၁] |
အနက် | ၁၀.၆ ကီလိုမီတာ (၇ မိုင်)[၁] |
ငလျင်ဗဟို | 24°10′26″N 121°39′11″E / 24.174°N 121.653°Eကိုဩဒိနိတ်: 24°10′26″N 121°39′11″E / 24.174°N 121.653°E[၁] |
အမျိုးအစား | Oblique-slip |
သက်ရောက်ဧရိယာ | ဟွာလီယန် စီရင်စု၊ ထိုင်ဝမ် |
အများဆုံးပြင်းအား | VII (အလွန် ပြင်းထန်)[၁] |
အရှိန်ထိပ် | 482.36 gal (0.49 g) |
အဟုန်ထိပ် | 27.53 cm/s |
Foreshocks | yes |
ထိခိုက်သေကြေမှုများ | ၁၀ ဦး သေဆုံး၊ ၂၇၂ ဦး ဒဏ်ရာရ၊ ၇ ဦး ပျောက်ဆုံး |
* Deprecated | See documentation. |

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ဒေသစံတော်ချိန် ၂၃:၅၀ အချိန်တွင် ပြင်းအား ရစ်ချက်စတာ စကေး ၆.၄ ရှိ ငလျင်တစ်ခုသည် ထိုင်ဝမ်နိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည်။[၂] မြေငလျင်ဗဟိုချက်သည် ဟွာလီယန်မြို့အနီးရှိ ပင်လယ်ကမ်းရိုးတန်းတွင် ဖြစ်ပြီး ဟွာလီယန်မြို့သည် ပျက်စီးမှုဒဏ်အများဆုံး ခံခဲ့ရကာ မာကာလ်လီ ပြင်းအားအဆင့် ၇ (အလွန်ပြင်းထန်) အဆင့်ဖြင့် ငလျင်ဒဏ် ခံခဲ့ရသည်။[၁] ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၇၂ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။[၃]
တက်တိုးနစ် အခြေအနေ
[ပြင်ဆင်ရန်]ထိုင်ဝမ်နိုင်ငံသည် အင်အားပြင်း ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိသည့် နိုင်ငံဖြစ်သည်။[၁][၄] ထိုင်ဝမ်ကျွန်းသည် ဖိလစ်ပိုင်ပင်လယ် ကျောက်လွှာချပ်နှင့် ယူရေးရှား ကျောက်လွှာချပ် နှစ်ခုအကြား ပစိဖိတ်မီးကွင်းဒေသဟု ခေါ်သော ရေအောက်မီးတောင်ရပ်ဝန်းနှင့် ဆက်စပ်တည်ရှိနေသည်။ ငလျင်လှုပ်ခတ်သည့် နေရာတွင် ထိုကျောက်လွှာများသည် တစ်နှစ်လျှင် ၇၅ မီလီမီတာနှုန်းဖြင့် တိုးဝင်လျက်ရှိသည်။
ငလျင်
[ပြင်ဆင်ရန်]ငလျင်သည် အစောပိုင်းရက်များတွင် လှုပ်ခတ်နေခဲ့သော ငလျင်ဆက်များအနက် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ ၄.၆ M နှင့် အထက်ရှိ ကနဦးငလျင်များ ၉ ခုကျော် လှုပ်ခတ်ခဲ့သည်။[၁] ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လှုပ်ခဲ့သည့် ငလျင်မှာ ပြတ်ရွေ့တိမ်းစောင်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။[၁]
လူ ၁၁၇ ဦး သေဆုံးခဲ့သော ၂၀၁၆ ထိုင်ဝမ် ငလျင် အပြီး ဒုတိယမြောက်နှစ်တွင် ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။[၅]
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်နေ့ ဒေသစံတော်ချိန် ၂၃:၂၁ အချိန်တွင် ပြင်းအား ၅.၇ M ရှိငလျင်သည် ဟွာလီယန်မြို့၏ အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာအကွာတွင် မာကာလ်လီ ပြင်းအားအဆင့် ၆ (ပြင်းထန်) ဖြင့် လှုပ်ခတ်သွားခဲ့သည်။[၆]
ပျက်စီးမှုများ
[ပြင်ဆင်ရန်]
အဆောက်အဦ လေးခုမှာ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ခြင်း အပါအဝင် ဟွာလီယန်မြို့ရှိ အဆောက်အဦများစွာ ပျက်စီးခဲ့သည်။ မာရှယ်ဟိုတယ်၏ အောက်ပိုင်းအထပ်များ ပြိုကျခဲ့ကာ လူ နှစ်ဦး သေဆုံးခဲ့သည်။ ယန်မန်ဆွိုင်တိ လူနေအဆောက်အဦသည် အောက်ပိုင်းအထပ်များ ပြိုကျမှုကြောင့် ဆိုးရွားစွာ တိမ်းစောင်းသွားခဲ့ရာ လူများစွာ သေဆုံးပြီး နေထိုင်သူ ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် အရ သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အဆောက်အဦကို ထပ်မံပြိုကျမလာစေရန် ကရိန်းကားများဖြင့် ပင့်မထားခဲ့ရသည်။[၇] ၂၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသည် ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။[၇] နေအိမ်များတွင် ရေပြတ်လပ်ခဲ့ပြီး အဝေးပြေးလမ်းများနှင့် တံတားများကို ပျက်စီးမှုများကြောင့် ပိတ်ထားခဲ့ရသည်။[၅]
မီးသတ်သမားနှင့် စစ်သား ရာပေါင်းများစွာက ပျက်စီးနေသော အဆောက်အဦများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် ကူညီမှုများ ပေးခဲ့ကြသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ USGS။ M 6.4 - 22km NNE of Hualian, Taiwan။
- ↑ Taiwan earthquake: Deaths confirmed amid rescue effort။ BBC (2018-02-06)။
- ↑ ၃.၀ ၃.၁ Westcott၊ Ben။ "Dozens feared trapped in Taiwan after earthquake topples buildings"၊ CNN။
- ↑ More than 50 people could be trapped inside this building (in en) (7 February 2018)။ 8 February 2018 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ "Aftershocks rock Taiwan after deadly quake" (in en-GB)၊ BBC News၊ 2018-02-07။
- ↑ USGS (2018-02-07)။ M 5.7 - 19km NE of Hualian, Taiwan။
- ↑ ၇.၀ ၇.၁ "One more body found in toppled building in Hualien; death toll - 9"၊ Focus Taiwan၊ Central News Agency။ 8 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 30 June 2018။