၂၀၁၄ ယင်ကျန်းငလျင်
| UTC အချိန် | 2014-05-23 20:49:21 |
|---|---|
| ISC ဖြစ်ရပ် | 604653261 |
| USGS-ANSS | ComCat |
| ဒေသ ရက်စွဲ | 24 May 2014 |
| ဒေသ အချိန် | 04:49 |
| အတိုင်းအတာ | 5.6 Mw |
| အနက် | ၁၂.၀ ကီလိုမီတာ (၇ မိုင်) |
| ငလျင်ဗဟို | 25°00′N 97°48′E / 25.0°N 97.8°Eကိုဩဒိနိတ်: 25°00′N 97°48′E / 25.0°N 97.8°E (Yingjiang County, Yunnan Province) |
| သက်ရောက်ဧရိယာ | China |
| စုစုပေါင်းပျက်စီးမှု | 367 million CNY[၁] |
| အများဆုံးပြင်းအား | VII (Very strong) |
| ထိခိုက်သေကြေမှုများ | 15 injured |
၂၀၁၄ ယင်ကျန်းငလျင် သည် တရုတ်နိုင်ငံ၊ ယူနန်စီရင်စု၊ ယင်ကျန်းမြို့တွင် မေလ ၂၄ ရက်နေ့ မနက် ၄ နာရီ ၄၉ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ [၂] ငလျပ်ပမာဏသည် ၅.၆ ရှိပြီး ပြင်းအားကို Mercalli ပြင်းအားစကေးသည် ၇ (အလွန်ပြင်း) ဖြစ်ခဲ့သည်။[၃] ငလျင်ဗဟိုချက်သည် ကချန့်မြို့ (Kachang) တွင် ဖြစ်သည်။ ယူနန်စီရင်စုငလျင်ဌာနက ငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွင် ငလျင်ငယ် ၁၄ ကြိမ် လှုပ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။[၄][၅]
ငလျင်သည် လူပေါင်း ၂၃၈၀၀ ဦးအပေါ်သက်ရောက်မှု ရှိခဲ့ကာ အိမ်ပေါင်း ၉၄၁၂ လုံးသည် ပျက်စီးခဲ့ရသည်။[၄] လူပေါင်း ၈၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ရပြီး ငလျင်ဗဟိုချက်အနီးရှိ နေရာများတွင် လျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယူနန်ဒေသသည် ငလျင်လှုပ်ရှားရာနေရာတစ်ခု ဖြစ်သည်။ Eurasian ကျောက်ချပ်လွှာနှင့် အိန္ဒိယကျောက်ချပ်လွှာနှစ်ခုအကြား အသက်ဝင်တုန်ခါလျက်ရှိသည့် ရှုပ်ထွေးသည့်နေရာတွင် တည်ရှိသည်။[၄]
ကူညီကယ်ဆယ်မှုများ
[ပြင်ဆင်ရန်]နေရပ်ကို စွန့်ခွာခဲ့ရသူများ ၈၄၆၅ ဦးအတွက် ပြန်လည်နေရာချထားသည့်စခန်းနေရာ သုံးခုကို ထားရှိခဲ့သည်။ စီရင်စုငလျင်ဌာနသည် ကွင်းဆင်းလေ့လာခြင်း၊ စုံစမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆုံးဖြတ်ခြင်း စသည်တို့အတွက် အဖွဲ့ဝင် ၅၀ ဦးကို စေလွှတ်ခဲ့သည်။ ယူနန်စီရင်စုဆောက်လုပ်ရေးဌာနသည် တဲများ ၁၆၀၀ လုံး၊ စောင် ၂၀၀၀၊ ခေါက်ထားနိုင်သည့် အိပ်ရာ ၁၀၀၀ ခုကို ငလျင်ဒဏ်ခံ ဒေသများသို့ ပို့ဆောင်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Strong dangerous earthquake along the Myanmar China (Yunnan) border - 15 people injured and a lot of damage (2014-05-23)။ 17 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2021 တွင် ပြန်စစ်ပြီး။
- ↑ 5.6-magnitude quake hits SW China's Yunnan။ People's Daily။ 24 May 2014 တွင် ပြန်စစ်ပြီး။
- ↑ M5.8 - 27km NNW of Pingyuan, China။ United States Geological Survey။ 4 August 2014 တွင် ပြန်စစ်ပြီး။
- 1 2 3 4 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedshanghaidaily - ↑ You must specify title = and url = when using {{cite web}}. (in Russian)။ ITAR-TASS။ 24 May 2014 တွင် ပြန်စစ်ပြီး။