၂၀၀၉ ကပ္ပလီကျွန်းများငလျင်
UTC အချိန် | 2009-08-10 19:55:38 |
---|---|
ISC ဖြစ်ရပ် | 15190110 |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | ၁၁ ဩဂုတ် ၂၀၀၉ |
ဒေသ အချိန် | 01:25 |
အတိုင်းအတာ | 7.5 Mw |
အနက် | ၃၃.၁ ကီလိုမီတာ (၂၀.၆ မိုင်) |
ငလျင်ဗဟို | 14°00′47″N 92°55′23″E / 14.013°N 92.923°Eကိုဩဒိနိတ်: 14°00′47″N 92°55′23″E / 14.013°N 92.923°E |
သက်ရောက်ဧရိယာ | India |
အများဆုံးပြင်းအား | VIII (Severe) |
ထိခိုက်သေကြေမှုများ | None |
၂၀၀၉ ကပ္ပလီကျွန်းများငလျင် သည် အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းများတွင် ဩဂုတ်လ ၁၁ ရက်၊ 19:55 UTC အချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[၁] ပမာဏ 7.5 Mw ရှိသည်။ ဤငလျင်သည် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာငလျင်နှင့်ဆူနာမီ ဖြစ်ပြီးအချိန်ကတည်းက ဆိုပါက ထိုဒေသတွင် အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်။[၂] ငလျင်ဗဟိုချက်သည် Port Blair မြို့၏ မြောက်ဘက် ၂၆၀ ကီလိုမီတာတွင် ဖြစ်သည်။ ငလျင်တုန်ခါမှုများကို အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းနိုင်ငံများကပါ ခံစားခဲ့ရသည်။[၃] ပစိဖိတ်ဆူနာမီသတိပေးစင်တာက အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများကို ဆူနာမီစောင့်ကြည့်ရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းအသိပေးချက်ကို အဆင့်မြှင့်တင်ခဲ့သည်။[၄] ပျက်စီးမှုများနှင် ထိခိုက်မှုများ မရှိခဲ့ပေ။ အဆောက်အဦများကို အသေးစားပျက်စီးမှုများသာ ဖြစ်ခဲ့သည်။[၂] ဤငလျင်လှုပ်ခတ်နေသည့် တစ်ချိန်တည်းတွင်ပင် ၂၀၀၉ ရှိဇုအိုကငလျင် သည်လည်း ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်းတောင်ဘက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Big quake hits off India's Andamans, no tsunami။ Reuters (11 August 2009)။ 31 August 2010 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ "Quake triggers tsunami fears"၊ Times of India၊ 12 August 2009။ 2009-08-12 တွင် ပြန်စစ်ပြီး။
- ↑ Magnitude 7.5 – Andaman Islands, India region။ United States Geological Survey (10 August 2009)။ 13 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-08-12 တွင် ပြန်စစ်ပြီး။
- ↑ Tsunami watch issued for five countries canceled။ CNN (10 August 2009)။ 1 September 2010 တွင် ပြန်စစ်ပြီး။