၁၉၈၀ ခုနှစ်များအတွင်း ဖရန်စစ်ကန်ဘုန်းတော်ကြီးများအား သတ်မှု

ဝီကီပီးဒီးယား မှ
Reynaldo John Rivera
မွေးဖွား(1924-10-29)အောက်တိုဘာ ၂၉၊ ၁၉၂၄
Santa Fe, New Mexico, U.S.
ကွယ်လွန်ဩဂုတ် ၅၊ ၁၉၈၂(1982-08-05) (အသက် ၅၇)
Waldo, New Mexico U.S.
သေဆုံးရခြင်း အကြောင်းရင်းHomicide
John Patrick Kerrigan
မွေးဖွား(1926-01-20)ဇန်နဝါရီ ၂၀၊ ၁၉၂၆
Butte, Montana, U.S.
ပျောက်ဆုံးဇူလိုင် ၂၀၊ ၁၉၈၄ (အသက် ၅၈)
Ronan, Montana, U.S.

၁၉၈၂ နှင့် ၈၄ အကြားတွင် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း၌ ဖရန်စစ်စကန်အမိန့်တော်ရ ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ၂ ပါး ထူးဆန်းသောအနေအထားဖြင့် ပျောက်ဆုံးသွားကြသည်။ နျူးမက္ကဆီကို ဆန်တာဖေးအရပ်ရှိ Cathedral Basilica of St. Francis မှ ဘုန်းတော်ကြီး ဖာသာ ရနားဒိုလ်ရီဗဲရာ အမည်အသိနေရာတခု၌ အသတ်ခံရပြီး ၃ ရက်အကြာတွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

၁ နှစ်ခွဲအကြာတွင် မွန်တားနားပြည်နယ် ရိုနန်အရပ်ရှိ မြင့်မြတ်သောနှလုံးသား ကက်သလစ်ဘုရားကျောင်းမှ ဖာသာ ဂျွန်ကယ်ရီဂန်သည် ရိုနန်မြို့လယ်ရှိ မုန့်ဖုတ်ဆိုင်သို့ ထွက်ခွာသွားရာမှ ပျောက်ဆုံးသွားသည်။ ရက်အနည်းငယ်ကြာပြီးနောက် သွေးစိုရွှဲနေသောအဝတ်အစားများနှင့် သွေးပေနေသည့်အင်္ကျီချိတ်တခုတို့ကို မွန်တားနားအဝေးပြေးလမ်း အမှတ် ၃၅ ၏ လမ်းနံဘေးတွင် တွေ့ရှိခဲ့ပြီး ကယ်ရီဂန်၏ကားကို ၇ ရက်ကြာမြင့်ပြီးနောက်တွင် ပေါ်လဆန်၌ ရှာဖွေတွေ့ရှိသည်။ အမေရိကန်ဒေါ်လာ ၁၂၀၀ ပါဝင်သော ကယ်ရီဂန်၏ ပိုက်ဆံအိတ်ကို သွေးစွန်းပေနေသော ဂေါ်ပြား ၊ ခေါင်းအုံးစွပ်တို့နှင့်အတူ ကားအတွင်းခန်းထဲ၌ ချန်ထားရစ်ခဲ့သည်။ ကယ်ရီဂန်၏ ရုပ်အလောင်းအကြွင်းအကျန်ကို ရှာဖွေမတွေ့ရပေ။

၎င်းတို့ ၂ ဦးအကြားက သေချာသည့်ဆက်နွယ်မှု ပေါ်ထွက်လာခြင်းမရှိသော်လည်း ရိုမန်ကက်သလစ်ဟယ်လီနာအသင်းတော်သို့ ခန့်အပ်ခြင်းမခံရမီ ကယ်ရီဂန်က နျူးမက္ကဆီကိုနှင့်ဆက်နွယ်မှုရှိခဲ့ရာ ရီဗဲရာနှင့် ကယ်ရီဂန်တို့၏ လူသတ်မှုများအား ချိတ်ဆက်မှုများရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာများအသီးသီးမှလည်း နောက်ပ်တိုး တိုက်ဆိုင်မှုများအား ဖော်ထုတ်ခဲ့သည်။ ၁၉၈၈ မှတ်တမ်းတင်စီးရီးတွဲ မဖြေရှင်းရသေးသောထူးဆန်းမှုများ တွင် ၎င်းတို့၏အမှုများအား ကောက်ကြောင်းဖော်ခဲ့သည်။ ယင်းထုတ်လွှင့်မှုအတွင်း ကယ်ရီဂန်မှာ လိင်စော်ကားမှုစွပ်စွဲချက်များစွာအတွက် စဉ်းစားခံရသူဖြစ်ကြောင်းပေါ်ထွက်လာသည်။ ကယ်ရီဂန်ပါဝင်သော အရွယ်မရောက်သေးသူများအား လိင်စော်ကားမှုတွင် ပါဝင်ပတ်သက်သည့် သာသနာ့ဝန်ထမ်းစာရင်း တခုကို ၂၀၁၅ တွင် ဟယ်လီနာအသင်းတော်က ထုတ်ပြန်ခဲ့သည်။

အဓိကသက်ဆိုင်သူများ[ပြင်ဆင်ရန်]

ဖာသာ ရနားဒိုလ် ရီဗဲရာ[ပြင်ဆင်ရန်]

Fr. Reynaldo Rivera served as priest of the Cathedral Basilica of St. Francis

သိက္ခာတော်ရ ဘုန်းတော်ကြီး ရနားဒိုလ် ဂျွန် ရီဗဲရာ (၁၉၂၄ အောက်တိုဘာ ၂၉ တွင် မွေးဖွား) သည် နျူးမက္ကဆီကို ၊ ဆန်တာဖေးရှိ Cathedral Basilica of St. Francis  တွင် အမှုတော်ထမ်းနေသော ဖရန်စစ်စကန် အမိန့်တော်ရ ကက်သလစ်ဘုန်းတော်ကြီးတပါးဖြစ်သည်။ ၁၉၈၂ ခုနှစ် ဩဂုတ် ၅ ရက်နေ့ ညခင်း၌ မိုက်ကယ်ကာမယ်လိုဟုဆိုသည့် အမျိုးသားတဦးက သင်းအုပ်ဆရာနေအိမ်သို့ဖုန်းဆက်လာပြီး သူ၏အဘိုးဖြစ်သူမှာ ဝါလ်ဒိုရှိ နားနေစခန်းတခုအနီးတွင် သေခါနီးဆဲဆဲဖြစ်နေရာ သူ၏သုဂတိကောင်းစေရန်ဆုတောင်းပေးမှု တောင်းဆိုကြောင်း ပြောခဲ့သည်။ ဖုန်းဖြေခဲ့သည့် ဖာသာ ပက်ထရစ်ဂျရတ်က သူ၏အမြင်အာရုံမှုံဝါးနေသည့်အတွက်   ကားမောင်းရန် ဘေးမကင်းကြောင်းနှင့် မကြာမီပြန်ခေါ်ပါမည်ဟု အကြောင်းပြန်ကြားလိုက်သည်။ ရီဗဲရာက ဒုတိယဖုန်းကို လက်ခံဖြေကြားရာတွင် အဆိုပါအမျိုးသားအား တွေ့ဆုံပြီး ၎င်း၏ အဘိုး နောက်ဆုံးခရီးအတွက်ဆုတောင်းပေးမှု ဆောင်ရွက်ပေးရန် သဘောတူလိုက်သည်။ အပြာရောင် ပစ်ကပ်ကား အတွင်း၌ စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ဖုန်းခေါ်သူက ပြောခဲ့သည်။

ရက်ပေါင်းများစွာလွန်ပြီးနောက် နားနေမှတ်တိုင်မှ မိုင်ပေါင်းများစွာအကွာ ပြည်နယ်ချင်းဆက်လမ်း အမှတ် ၂၅ ပေါ်ရှိ ဝါလ်ဒိုအထွက်အနီး ရွှံ့ထူသောကွင်းပြင်တွင်း၌ ရီဗဲရာ၏ ရုပ်အလောင်းကို ပုံလျက်သားတွေ့ရသည်။ ဝမ်းဗိုက်တွင်း သေနတ်တချက် ပစ်သွင်းခံရပြီး ၊ ကုတ်အင်္ကျီချိတ်ဖြစ်ဖွယ်ရာရှိသော ဝိုင်ယာကြိုးဖြင့် လည်ညှစ်ခံထားရသည်။ သူ၏ ၁၉၇၄ ထုတ် အညိုရောင် ရှက်ဗရ်လေးမာလီဘူးကားကို ဂရန့်စ်အနီး ပြည်နယ်ချင်းဆက်လမ်း အမှတ် ၄၀ ပေါ်ရှိ နားနေစခန်းတခုတွင် ရပ်ထားသည်ကို တွေ့ရပြီး ဓာတ်ဆီတိုင်ကီတွင် ပြောင်သလင်းခါလျက်ရှိသည်။ သုဂတိကောင်းစေရန် ဆုတောင်းပေးသည့်ပစ္စည်းပစ္စယများ မတွေ့ရပေ။ စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗျူရို (အက်ဖ်ဘီအိုင်) က အမှုစစ်ဆေးရာတွင် ကြားဝင်ဆောင်ရွက်ခဲ့ပြီး ရီဗဲရာ၏ သေဆုံးမှုအတွက် တာဝန်ရှိသူ(များ)၏ အဇ္ဈတ္တကောက်ကြောင်းကို ထုတ်ပြန်ခဲ့သည်။ ရီဗဲရာအား သတ်မှု၏ စေ့ဆော်မှုအရင်းခံမှာ လက်စားချေခြင်းဖြစ်သည်ဟု မှုခင်းဆေးပညာ စိတ်ပညာရှင်က ဆုံးဖြတ်သည်။ မကြာမီက ခံဝန်ဖြင့်လွတ်လာသူတဦးကို သံသယတရားခံအဖြစ် တရားဥပဒေစိုးမိုးရေးအဖွဲ့က ခေတ္တစဉ်းစားခဲ့ကြသေးသော်လည်း ထိုသူ၏အလီဘိုင်‌ကြောင့်သာမက ရီဗဲရာ၏ကားပေါ်မှတွေ့ရှိရသော အမည်မသိလက်ဗွေပုံစံ နှင့် ထိုသူ၏လက်ဗွေရာကိုက်ညီမှုမရှိသောကြောင့် စာရင်းမှဖယ်ထုတ်လိုက်သည်။ ဆန်တာဖေးနယ်ခံတဦးဖြစ်ပြီး နောက်ပိုင်းတွင် နျူးယော့ခ်သို့ပြောင်းရွှေ့သွားသော အမည်မဖော်သူ တဦးကိုလည်း သံသယတရားခံ အဖြစ် စဉ်းစားခဲ့သည်။ 

ဖာသာ ဂျွန်ကယ်ရီဂန်[ပြင်ဆင်ရန်]

Bloodied clothing belonging to Kerrigan was found along the south shore of Flathead Lake

သိက္ခာတော်ရ ဘုန်းတော်ကြီး ဂျွန်ပက်ထရစ် ကယ်ရီဂန် (၁၉၂၆ ဇန်နဝါရီ ၂၀ မွေး)သည် ၁၉၈၄ ဇူလိုင်၁၈၌ ရိုနန်ရှိ မြင့်မြတ်သောနှလုံးသား ကက်သလစ်ဘုရားကျောင်းသို့ ပြောင်းရွှေ့ခြင်းမခံရမီက မွန်တားနားပြည်နယ် ပလိန်းအရပ်၌ ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းခဲ့သည်။ ဘုရားကျောင်းသို့ ကယ်ရီဂန်ရောက်ရှိကာ ရာထူးခန့်အပ်အပြီး ၂ ရက်အကြာ ဇူလိုင် ၂၀ ညခင်းတွင် ရိုနန်မြို့လယ်ရှိ မုန့်ဖုတ်ဆိုင်သို့ သွားရောက်ခဲ့ပြီး ထိုအချိန်က သူ့အားနောက်ဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီခွဲ စုရုံးစားသောက်ပွဲသို့သတင်းပို့ရန်ပျက်ကွက်ခဲ့ရာမှ ဇူလိုင် ၂၃ ရက်နေ့တွင် လူပျောက်တိုင်ကြားရသည်။ ဇူလိုင် ၂၉ ၌ သွေးစိုရွှဲနေသောအဝတ်အစားများနှင့် သွေးပေနေသည့်အင်္ကျီချိတ်တခုတို့ကို ပေါ်လ်ဆန်အနီး Flathead Lake  ကမ်းရိုးတန်းပေါ်ရှိ မွန်တားနားအဝေးပြေးလမ်း အမှတ် ၃၅ ၏ လမ်းနံဘေးတွင် တွေ့ရှိခဲ့ရာ ရိုနန်မှ ၅ မိုင် (၈ ကီလိုမီတာ) ခန့် အကွာတွင် ဖြစ်သည်။ မိုင်များစွာအကွာတွင် စွန့်ပစ်ထားသော ရှက်ဗရ်လေးမာလီဘူးအမျိုးအစား အညိုရောင်ကားပင်ဖြစ်သည့် ကယ်ရီဂန်၏ မော်တော်ယာဉ်ကို ဇူလိုင် ၃၀ ၌ တွေ့ရှိခဲ့သည်။ အမေရိကန်ဒေါ်လာ ၁၂၀၀ ပါဝင်သော ကယ်ရီဂန်၏ ပိုက်ဆံအိတ်ကို သွေးစွန်းပေနေသော ဂေါ်ပြား ၊ ခေါင်းအုံးစွပ်တို့နှင့်အတူ ကားအတွင်းခန်းမှ တွေ့ရသည်။ ကယ်ရီဂန်၏ ရုပ်အလောင်းအကြွင်းအကျန်ကို ရှာဖွေမတွေ့ရသော်လည်း အသတ်ခံရပြီး ဖြစ်ကြောင်း ယုံကြည်ဖွယ်ရှိသည်။  

စုံစမ်းစစ်ဆေးမှု[ပြင်ဆင်ရန်]

ကယ်ရီဂန်ပျောက်ဆုံးသွားသည့်နောက် ရီဗဲရာအမှုနှင့် ဆင်တူမှုများရှိသည့်အတွက် နျူးမက္ကဆီကို တရားဥပဒေစိုးမိုးရေးအဖွဲ့ကို အကြောင်းကြားခဲ့သည်။ သားကောင်များအကြားက ဆင်တူမှုများတွင် ၎င်းတို့၏ ပုံစံတူမော်တော်ယာဉ်များသာမက အသတ်ခံရပုံခြင်း (သို့မဟုတ် အသတ်ခံရသည်ဟု ယုံကြည်ရ) တူညီမှုများပါဝင်သည်။ အမှု ၂ ခုလုံးတွင် ၎င်းတို့၏ကားများကို လူသတ်မှုဖြစ်ရာနေရာမှ အဝေးသို့ မောင်းယူသွားခြင်း ၊ ကုတ်အင်္ကျီချိတ်များ အသုံးပြုခြင်း အထောက်အထားများရှိခဲ့သည်။ ရီဗဲရာ၏ အလောင်းအားခွဲစိတ်စစ်ဆေးမှုအရ ကုတ်အင်္ကျီချိတ်ဖြစ်ဖွယ်ရှိသော သံကြိုးဖြင့် လည်ညှစ်ခံခဲ့ပုံရပြီး ကယ်ရီဂန်ပျောက်ဆုံးမှုတွင်လည်း သူ၏အဝတ်အစားများနှင့်အတူ လိမ်ယှက်ကောက်ကွေးနေပြီး သွေးစွန်းနေသောကုတ်အင်္ကျီချိတ်တခုကို တွေ့ရှိခဲ့ရသည်။ ဖရန်စစ်စကန်အမိန့်တော်ရအသင်း နှင့် သက်ဆိုင်သော ဘုန်းတော်ကြီးများဖြစ်နေကြခြင်းနှင့် သူတို့၏ သေဆုံး/ပျောက်ဆုံးမှုဖြစ်ချိန်တွင် အသက် ၅၈ နှစ်နီးပါးရှိနေကြခြင်း ဖြစ်သည်။

ကယ်ရီဂန်နှင့် ရီဗဲရာအကြားက နောက်ထပ်ဆက်နွယ်မှုများကို ဖော်ထုတ်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့က ကြိုးပမ်းခဲ့ကြပြီး မွန်တားနာရှိ ဟယ်လီနာအသင်းတော်၌ ခန့်အပ်ခြင်းမခံရမီ ၁၉၈၃ တွင် နျူးမက္ကဆီကို ၊  Jemez Springs ၊ the Servants of the Paraclete ဝတ်ပြုကျောင်းတွင် ကယ်ရီဂန် နေခဲ့ဖူးကြောင်း အတည်ပြုဆုံးဖြတ်သည်။ အဆိုပါ ဝတ်ပြုကျောင်းကို မူးယစ်ဆေးသုံးစွဲမှု ၊ စိတ်ဓာတ်ကျဆင်းမှု နှင့် လိင်မတော်မလျော်ပြုမှုစသည့် ပုဂ္ဂိုလ်ရေးပြဿနာများ ကြုံတွေ့နေသည့် သာသနာ့ဝန်ထမ်းများအတွက် နားခိုရာအဖြစ် အသုံးပြုသည်။ ထိုနေရာတွင် ကယ်ရီဂန် ၁ နှစ်နီးပါးခန့် နေသွားခဲ့သည်ဟု အသင်းတော်က ဝန်ခံသော်လည်း အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ကယ်ရီဂန်နှင့် ရီဗဲရာတို့ လူချင်းသိကျွမ်းကြောင်း သက်သေအထောက်အထားများ ထွက်ပေါ်လာခြင်းမရှိပေ။ သူ၏ "ဝမ်းတွင်းပါအသိ" အရ အမှု ၂ ခု ဆက်စပ်နေပြီး “ဘုန်းတော်ကြီးများနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာရှိသော ရေစုန်မျော/ခြေဦးတည့်ရာသွားနေသူတဦး” က ကျူးလွန်ဖွယ်ရှိကြောင်း ဆန်တာဖေးမှ ရဲအရာရှိ ဗိုလ် Gilbert Ulibarri က ၁၉၈၄ နိုဝင်ဘာတွင် ပြောသည်။ မှုခင်း ၂ ခုမှာ အပြိုင်တိုက်ဆိုင်မှုရှိသော်လည်း ရီဗဲရာ လူသတ်မှုနှင့် ကယ်ရီဂန်ပျောက်ဆုံးမှုအကြား “မည်သည့်ဆက်စပ်မှုမျှမရှိ” ဟု ၁၉၉၂ တွင် နျူးမက္ကဆီကိုပြည်နယ်ရဲတပ်ဖွဲ့ စုံထောက် Eric Lucero က အတိုက်အခံပြောကြားသည်။

ကယ်ရီဂန် ပျောက်ဆုံးပြီး ၂ ရက်အကြာတွင် အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာ ကားတစ်စ်ဟိုလ်မန်းသည် Missoula မှ ပျောက်ဆုံးသွားပြီး ကယ်ရီဂန်အားတွေ့ရှိသည့်နေရာမှ မိုင် ၄၀ (၆၄ ကီလိုမီတာ) ခန့် အကွာတွင် ၎င်း၏ကားကို စွန့်ပစ်ထားသည်အား တွေ့ရသည်။ ပျောက်ဆုံးမှု ၂ ခုအကြား ဆက်နွယ်မှုအထောက်အထားမတွေ့ရသော်လည်း အချိန်နှင့်နေရာ နီးစပ်မှုကြောင့် အမှုများအကြား အချိတ်အဆက်ရှိနိင်ကြောင်း ဟိုလ်မန်း၏အကိုဖြစ်သူက လူသိရှင်ကြားပြောခဲ့သည်။ ၂၀၁၉ အထိ ဟိုလ်မန်း မည်သည့်နေရာရောက်ရှိနေသည်ကို မသိရပေ။

၂၀၁၅ တွင် အဖွဲ့ ၂ ဖွဲ့က ဟယ်လီနာအသင်းတော်အား လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် ၂၀၁၁ အတန်းကိုယ်စားပြု တရားစွဲဆိုမှုပြုခဲ့ပြီးနောက် အရွယ်မရောက်သေးသူများအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် သံသယဖြစ်ခံရခြင်း သို့မဟုတ် ပတ်သတ်နေသည့် သာသနာ့ဝန်ထမ်း ၈၀ စာရင်းကို အသင်းတော်က ထုတ်ပြန်ခဲ့သည်။ ဘုန်းတော်ကြီး နှင့် သီလရှင်အများစု ပါဝင်သော ထိုစာရင်းတွင် ကယ်ရီဂန်လည်း တဦးအပါအဝင်ဖြစ်သည်။