ဝီကီပီးဒီးယား မှ
← 0 1 2 →
-1 0 1 2 3 4 5 6 7 8 9
Cardinalတစ်
Ordinal1st
(first)
Numeral systemunary
Factorization
Divisors1
Greek numeralΑ´
Roman numeralI, i
Greek prefixmono-/haplo-
Latin prefixuni-
BinaryScript error: The function "10to2" does not exist.2
TernaryScript error: The function "10to3" does not exist.3
OctalScript error: The function "10to8" does not exist.8
DuodecimalScript error: The function "10to12" does not exist.12
HexadecimalScript error: The function "10to16" does not exist.16
ဂရိဂဏန်းα'
အာရဗီ၊ ကာဒစ်၊ ပါရှန်း၊ စင်ဓီ၊ အူရဒူ١
အာသံ & ဘင်္ဂါလီ
တရုတ်ဂဏန်း一/弌/壹
ဒေဝနာဂရီ
Ge'ez
ဂျော်ဂျီယန်Ⴀ/ⴀ/ა(Ani)
ဟီဘရူးא
ဂျပန်ဂဏန်း一/壱
ကန်နဒါ
ခမာ
မလေး
ထိုင်း
တမီးလ်
တယ်လူဂူ
Counting rod𝍠
အင်္ဂလိပ် ထိပ်ချွန်ပါ ၁ ဂဏန်း
အင်္ဂလိပ် ထိပ်ချွန်ပါ ၁ ဂဏန်း

သည် မြန်မာဘာသာစကားအရ တစ်ဟု ခေါ်သည်။ မျိုးပြပစ္စည်း တခုခုနှင့် တွဲကာ၊ တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဟု ရေတွက်ရသည်။ ၁ ကို ပထမဟုလဲ ခေါ်သည်။ သဘာဝကိန်း တလုံး ဖြစ်သော ၁ ရှေ့တွင် သုည အလျင်လာပြီး၊ ၁ နောက်တွင် လိုက်သည်။ သုညကို အပေါင်းလည်းမဟုတ် အနုတ်လည်းမဟုတ် သတ်မှတ်ထားရာ၊ ၁ သည် ပထမဆုံးနှင့် အငယ်ဆုံး အပေါင်းကိန်း ဖြစ်သည်။ အတိုင်းအတာ၊ ယူနစ်တို့ကို တစ်ကစ အခြေခံထား တွက်ချက်ကြသည်။[၁] တခါတရံ သဘာဝကိန်းများ၏ အနန္တကိန်းစဉ်တန်း၏ အဦးအစ အဖြစ် မှတ်ယူသည်။ အချို့သတ်မှတ်ချက်များတွင် ၁ ကို ဝ နောက်မှ လိုက်သော ဒုတိယ သဘာဝကိန်းဟု ယူဆသည်။

၁ ၏ အခြေခံကျဆုံး သင်္ချာဂုဏ်သတ္တိမှာ မြှောက်ဂုဏ် ဖြစ်ကာ၊ ၁ ကို မည်သည့်ကိန်းဂဏန်းဖြင့် မြှောက်မြှောက်၊ ထိုကိန်းကို ပြန်ရသည်။ မည်သည့်ဂုဏ်သတ္တိမှမဆို ၁ ကို ဖယ်ရှား၍ မရပေ။ အဆင့်မြင့်သင်္ချာတွင်၊ ကိန်းတခု မဟုတ်လျှင်ပင် မြှောက်ကိန်းကို မကြာခဏ ၁ ထားကြသည်။ ၁ ကို သုဒ္ဓကိန်းတလုံးဟုလည်း မယူဆကြချေ။ ၂၀ ရာစုအလယ် ရောက်သည်ထိ အငြင်းပွားမှုအချို့ ရှိနေသေးသည်။

ကိန်းဂဏန်းအဖြစ်[ပြင်ဆင်ရန်]

တစ်သည် အင်္ဂလိပ်လို တခါတရံ unity ဟု ညွှန်းပြီး၊[၂][၁] အဦးဆုံး သုညမဟုတ်သော သဘာဝကိန်း ဖြစ်သည်။ သို့ဖြစ်၍ သုညနောက်က လိုက်သော အပေါင်းကိန်း ဖြစ်သည်။

သင်္ချာဝယ် တစ်ကို မည်သည့်ဂဏန်းဖြင့် မြှောက်သည်ဖြစ်စေ ထိုဂဏန်း ပြန်ရကြောင်း အများသိပြီး ဖြစ်သည်။ ရလဒ်အဖြစ်၊ ၁ သည် သူ့ကိုယ်သူ ဆခွဲကိန်း ဖြစ်ကာ၊ သူ့ကိုယ်သူ၏ နှစ်ထပ်ကိန်းနှစ်ထပ်ကိန်းရင်း ဖြစ်သည်။ သုံးထပ်ကိန်း တင်၍ ရသလို၊ သုံးထပ်ကိန်းရင်း ပြန်ရှာ၍လည်း ရသည်။ ထို့ကြောင့် မည်သည့်ကိန်းဂဏန်းဖြင့် မြှောက်သော်လည်း ထိုကိန်းပင် ပြန်ရသဖြင့် empty product ဖြစ်စေသော ရလဒ် ဖြစ်သည်။ ring theory ဟု သတ်မှတ်သည်။

ဂဏန်းခြေအဖြစ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - History of the Hindu–Arabic numeral system

နံပါတ် ၁ သည် အင်္ဂလိပ်လို 1 ဖြစ်ကာ၊ အနောက်တိုင်းတွင် ယနေ့ အသုံးပြုသော 1 အတွက် ဂလဖ် glyph မှာ ထိပ်တွင် အကောက်ပါပြီး၊ တခါတရံ အောက်ခြေဝယ် အလျားလိုက် မျဉ်းတကြောင်း ပါတတ်သေးသည်။ ထို 1 ရေးထုံးကို ခြေရာ ပြန်လိုက်သော် ရှေးခေတ် အိန္ဒိယ၏ ဗြဟ္မီ အရေးအသားတွင် ရိုးရိုးရှင်းရှင်း ဒေါင်လိုက်မျဉ်း တကြောင်းတည်းသာ ဖြစ်ခဲ့သည်။ အလယ်ခေတ်တွင် ပညာတတ်များ အာရဗီလို ရေးသားသော အာရဗီ ကိန်းဂဏန်းများမှတဆင့် ဥရောပသို့ ပျံ့နှံ့သွားသည်။

အချို့တိုင်းပြည်များတွင် ထိပ်မှ အချွန်သည် မျဉ်းဖြောင့် ပြီး ရှည်ထွက်လာရာ၊ အခြားတိုင်းပြည်များက 7 အတွက် အသုံးပြုသော ခဲစာလုံးနှင့် မှားယွင်း ရှုပ်ထွေးကြသည်။ ထိုအခါ ထိပ်ကို မျဉ်းဖြောင့် ရှည်ထွက်သော စတိုင်ကို အသုံးပြုသော ဖောင့်စာလုံးမျိုးတွင် 7 ကို အလယ်၌ 1 နှင့် ကွဲပြားသွားစေရန် အလျားလိုက် မျဉ်း တကြောင်း ထပ်ထည့်ထားလေသည်။ ထိပ်ရှည် 1 ကို မသုံးသော ဖောင့်စာလုံးတွင် 7 အလယ်၌ မျဉ်း ထည့်လေ့ မရှိချေ။ မြန်မာတွင် ဤ ပြဿနာမျိုး မရှိသော်လည်း၊ ၁ သည် နှင့်လည်း ဆင်တူယိုးမှား ဖြစ်နိုင်သည်။ လက်ရေးတွင် ၈ ကို မျက်ဆန်ထည့်ရေးတတ်ကြသော်လည်း၊ မျက်ဆန်မထည့်သော ဖောင့်ဝယ် သည် ၁ နှင့်လည်း မှားနိုင်သည်။ ၁ ပုံစံ ခဲစာလုံးသည် အပေါ် ၉၀° လှည့်လိုက်ပါက မြန်မာအက္ခရာ ပစောက်၊ ထိုမှ အနောက် ၉၀ ဒီဂရီထပ်လှည့်လိုက်ပါက ၊ အောက်သို့ ၉၀ ဒီဂရီ ထပ်လှည့်ပေးလိုက်ပါက ဂငယ် အသီးသီး ရရှိသည်။ တရုတ်လို 一 သည် အင်္ဂလိပ် 1 နှင့် အလဲအထောင် ဆန့်ကျင်လျက် ရှိသည်။

Horizontal guidelines with a one fitting within lines, a four extending below guideline, and an eight poking above guideline ဤသို့ အက္ခရာများနှင့် မျဉ်းတပြေးအရွယ်အစား ဖြစ်နေလျှင် x-height, x အမြင့်ဟု ခေါ်သည်။

Decorative clay/stone circular off-white sundial with bright gold stylized sunburst in center of 24-hour clock face, one through twelve clockwise on right, and one through twelve again clockwise on left, with J shapes where ones' digits would be expected when numbering the clock hours. Shadow suggests 3 PM toward lower left.
ဗင်းနစ်မြို့မှ ၂၄ နာရီလည်ပတ်နေသော နာရီစင်သည် ၁ နေရာအတွက် J ကို သုံးထားပုံ

ရှေးက လက်နှိပ်စက်ဟောင်း အတော်များများတွင် 1 ကိုရိုက်ရန် သင်္ကေတသတ်သတ် မရှိချေ။ ယင်းအစား l (အယ်လ်အသေး) ကို သုံးသည်။ အလှဆင်သည့်အနေဖြင့် လိုလာသည့်အခါ J အကြီးကို ရိုက်ကြလေသည်။

အခြေခံတွက်ချက်ဇယား[ပြင်ဆင်ရန်]

Multiplication 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 50 100 1000
1 × x 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 50 100 1000
Division 1 2 3 4 5 6 7 8 9 10 11 12 13 14 15
1 ÷ x 1 0.5 0.3 0.25 0.2 0.16 0.142857 0.125 0.1 0.1 0.09 0.083 0.076923 0.0714285 0.06
x ÷ 1 1 2 3 4 5 6 7 8 9 10 11 12 13 14 15
Exponentiation 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20
1x 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1
x1 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20

နည်းပညာဝယ်[ပြင်ဆင်ရန်]

အတွင်းတွင် ၁ နှင့်အတူ မြားလိုက်နေသော တြိဂံ
ပြန်လှည့်ပတ်ရာတွင် သုံးသော ရီစင်ညွှန်းကိန်းအဖြစ် ၁
  • Polyethylene terephthalate ကို ခွဲခြားရန် ပြန်လှည့်ပတ်ရာ၌ သုံးသော ရီစင်ညွှန်းကုတ် resin identification code။[၃]
  • မြောက်အမေရိကန် နံပါတ်ပလန်ဒေသအတွက် အမေရိကန်၊ ကနေဒါနှင့် ကရစ်ဘီယံ အစိတ်အပိုင်းများ ပါဝင်သော ITU နိုင်ငံတကာ ကြိုးမဲ့ဆက်သွယ်ရေးသမဂ္ဂ နိုင်ငံကုတ်။
  • ဘိုင်နရီကုတ် binary code ဆိုသည်မှာ မည်သည့် ဒေတာအမျိုးအစားမဆို ကိုယ်စားပြုရန်အတွက် ကွန်ပျူတာများတွင် အသုံးပြုသည့် ၁ နှင့် ၀ အတွဲ ဖြစ်သည်။
  • ရုပ်ဝတ္ထုပစ္စည်း များစွာမှာ၊ ၁ သည် ဖွင့်သည် on အတွက် တန်ဖိုး ဖြစ်ကာ၊ လျှပ်စစ် စီးနေသည့် အဓိပ္ပာယ် ဖြစ်သည်။[၄][၅]
  • ပရိုဂရမ် ဘာသာစကားများစွာတွင် Boolean data type ဖြစ်သော true ၏ ကိန်းတန်ဖိုး။
  • ၁ သည် ခေါင်းစဉ် အစ Start of Header ၏ ASCII ကုတ်။

သိပ္ပံဝယ်[ပြင်ဆင်ရန်]

ဒဿနိကဗေဒဝယ်[ပြင်ဆင်ရန်]

ပလိုတီးနပ် Plotinus အပါအဝင် အခြားသော ဒဿနိကဗေဒပညာရှင်များ အယူတွင်၊ The One သည် သက်ရှိအားလုံး၏ အရင်းမြစ် ဖြစ်ကာ၊ အတုမရှိသော နံပါတ်တစ် ဖြစ်သည်။[၆] ဖီလို အလက်ဇန္ဒြီးယား(၂၀ BC – AD ၅၀)က နံပါတ်တစ်ကို ဘုရားသခင်၏ နံပါတ်၊ ကိန်းဂဏန်းအားလုံးအတွက် အခြေခံဟု မှတ်ယူသည်။("De Allegoriis Legum," ii.12 [i.66]) ပိုက်သဂိုးရပ်ဆန်ဆန်တွေးခေါ်ကြသော ဂယ်ရာဆာမှ နီကိုမချပ်ကမူ တစ်သည် ကိန်းမဟုတ်၊ သို့သော် ကိန်း၏ အရင်းမြစ်ဟု အခိုင်အမာ ဆိုသည်။ နံပါတ် ၂ သည်ပင် အခြား၏ အရင်းမြစ် ပါဝင်နေသည်ဟု သူက ယုံကြည်သည်။[၇]

အားကစားဝယ်[ပြင်ဆင်ရန်]

  • ရဂ်ဘီ လိဂ်အသင်းများ ပြိုင်ပွဲအများစုတွင် စပေးသည့် ကျောပြည့် fullback သည် ဂျာစီနံပါတ်  ၁ ကို ဝတ်သည်။
  • ရဂ်ဘီသမဂ္ဂတွင် စပေးသည့် ခေါင်ထိပ်လူ loosehead prop က ဂျာစီနံပါတ်  ၁ ကို ဝတ်ဆင်သည်။
  • အမျိုးသား ဟော်ကီလိဂ်အသင်း ကစားသမားများ အသုံးပြုရန် ၁ သည် ခွင့်ပြုထားသော အနိမ့်ဆုံး နံပါတ် ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နှင့် ၀၀ အသုံးပြုခြင်းကို လိဂ်က တားမြစ်သည် (အမြင့်ဆုံးခွင့်ပြုနံပါတ်မှာ ၉၈ ထိသာ ဖြစ်သည်)။
  • ၁ သည် အမေရိကန် ဘောလုံး၏ အဆင့်အများစုတွက် သုံးရန် ခွင့်ပြုသော အနိမ့်ဆုံးနံပါတ် ဖြစ်သည်။ အမျိုးသားဘောလုံးလိဂ်အသင်း မူဝါဒအရ၊ တိုက်စစ်မျဉ်းစောင့် offensive linemen နှင့် ခံစစ်မျဉ်းစောင့် defensive linemen တို့က အသုံးမပြုရ။
  • ဖော်မြူလာဝမ်းတွင်၊ ရှေ့နှစ် ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံက ထိုနံပါတ်ကို သုံးမည်ဆိုလျှင် ခွင့်ပြုထားသည်။

အချိန်ကာလဝယ်[ပြင်ဆင်ရန်]

°[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Weisstein၊ Eric W.။ 1 (in en)။ 2020-08-10 တွင် ပြန်စစ်ပြီး။
  2. Skoog, Douglas. Principles of Instrumental Analysis. Brooks/Cole, 2007, p. 758.
  3. Plastic Packaging Resins။ American Chemistry Council။ 21 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  4. Woodford၊ Chris (2006)၊ Digital Technology၊ Evans Brothers၊ p. 9၊ ISBN 978-0-237-52725-9
  5. Godbole၊ Achyut S. (1 September 2002)၊ Data Comms & Networks၊ Tata McGraw-Hill Education၊ p. 34၊ ISBN 978-1-259-08223-8
  6. Olson၊ Roger (2017)။ The Essentials of Christian Thought: Seeing Reality through the Biblical Story။ Zondervan Academic။ ISBN 9780310521563
  7. British Society for the History of Science (July 1, 1977). "From Abacus to Algorism: Theory and Practice in Medieval Arithmetic". The British Journal for the History of Science 10 (2). Cambridge University PRess. doi:10.1017/S0007087400015375.