မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား မှ
non-negative integer, automorphic number, မကိန်း, triangular number, centered triangular number, square number, သုံးထပ်ကိန်း, centered cube number, centered decagonal number, centered dodecahedral number, centered heptagonal number, centered hexagonal number, centered icosahedral number, centered nonagonal number, centered octagonal number, centered octahedral number, centered pentachoric number, centered pentagonal number, centered square number, centered tetrahedral number, dodecahedral number, decagonal number, ဆယ့်နှစ်ထောင့်ကိန်း, heptagonal number, heptagonal pyramidal number, hexagonal number, hexagonal pyramidal number, မျက်နှာပြင်နှစ်ဆယ်ပုံကိန်း, nonagonal number, octagonal number, ပဉ္စဂံကိန်း, pentagonal pyramidal number, pentatope number, square pyramidal number, square triangular number, star number, stella octangula number, tetrahedral number, ဖီဘိုနက်ချီ ကိန်းစဉ်, အပေါင်းကိန်းပြည့်, power of two, power of 10, power of 1000, unit, fourth power, fifth power, sixth power, seventh power, Mersenne number, repunit, multiplicative identity, coherent SI unit, dimensionless unit, eighth power, ninth power, harshad number, unit of amount, trimorphic number, Motzkin number
၏ အစိတ်အပိုင်းsingleton of 1 ပြင်ဆင်ရန်
အီဂျစ်ရုပ်ပုံစာရေးထုံးကုဒ်ဖြင့် ဖော်ပြထားသောအမည်Z1 ပြင်ဆင်ရန်
အခန်းဆက်Fibonacci sequence, Lucas sequence ပြင်ဆင်ရန်
နောက်ဂဏန်း ပြင်ဆင်ရန်
ရှေ့ဂဏန်း ပြင်ဆင်ရန်
အကြိမ် (သို့) ဘာသာပြန် ပြင်ဆင်ရန်
ယူနစ်တန်ဖိုး1, 1 ပြင်ဆင်ရန်
ဟက်ရှ်တက်ဂ်one ပြင်ဆင်ရန်
ရုပ်ပိုင်းသွင်ပြင်ပမာဏdimensionless quantity ပြင်ဆင်ရန်
အသုံးပြုသည်မှာလူသား ပြင်ဆင်ရန်
အခြေခံယူနစ်မှ ဆင်းသက်လာno value ပြင်ဆင်ရန်
သုတ်ခွဲကိန်းno value ပြင်ဆင်ရန်
သင်္ချာဆိုင်ရာ ပြောင်းပြန်တန်ဖိုး−1,  ပြင်ဆင်ရန်
ဆန့်ကျင်ဖက်များမှာများစွာ ပြင်ဆင်ရန်
အင်္ဂလိပ် ထိပ်ချွန်ပါ ၁ ဂဏန်း
အင်္ဂလိပ် ထိပ်ချွန်ပါ ၁ ဂဏန်း

သည် မြန်မာဘာသာစကားအရ တစ်ဟု ခေါ်သည်။ မျိုးပြပစ္စည်း တခုခုနှင့် တွဲကာ၊ တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဟု ရေတွက်ရသည်။ ၁ ကို ပထမဟုလဲ ခေါ်သည်။ သဘာဝကိန်း တလုံး ဖြစ်သော ၁ ရှေ့တွင် သုည အလျင်လာပြီး၊ ၁ နောက်တွင် လိုက်သည်။ သုညကို အပေါင်းလည်းမဟုတ် အနုတ်လည်းမဟုတ် သတ်မှတ်ထားရာ၊ ၁ သည် ပထမဆုံးနှင့် အငယ်ဆုံး အပေါင်းကိန်း ဖြစ်သည်။ အတိုင်းအတာ၊ ယူနစ်တို့ကို တစ်ကစ အခြေခံထား တွက်ချက်ကြသည်။[] တခါတရံ သဘာဝကိန်းများ၏ အနန္တကိန်းစဉ်တန်း၏ အဦးအစ အဖြစ် မှတ်ယူသည်။ အချို့သတ်မှတ်ချက်များတွင် ၁ ကို ဝ နောက်မှ လိုက်သော ဒုတိယ သဘာဝကိန်းဟု ယူဆသည်။

၁ ၏ အခြေခံကျဆုံး သင်္ချာဂုဏ်သတ္တိမှာ မြှောက်ဂုဏ် ဖြစ်ကာ၊ ၁ ကို မည်သည့်ကိန်းဂဏန်းဖြင့် မြှောက်မြှောက်၊ ထိုကိန်းကို ပြန်ရသည်။ မည်သည့်ဂုဏ်သတ္တိမှမဆို ၁ ကို ဖယ်ရှား၍ မရပေ။ အဆင့်မြင့်သင်္ချာတွင်၊ ကိန်းတခု မဟုတ်လျှင်ပင် မြှောက်ကိန်းကို မကြာခဏ ၁ ထားကြသည်။ ၁ ကို သုဒ္ဓကိန်းတလုံးဟုလည်း မယူဆကြချေ။ ၂၀ ရာစုအလယ် ရောက်သည်ထိ အငြင်းပွားမှုအချို့ ရှိနေသေးသည်။

ကိန်းဂဏန်းအဖြစ်

[ပြင်ဆင်ရန်]

တစ်သည် အင်္ဂလိပ်လို တခါတရံ unity ဟု ညွှန်းပြီး၊[][] အဦးဆုံး သုညမဟုတ်သော သဘာဝကိန်း ဖြစ်သည်။ သို့ဖြစ်၍ သုညနောက်က လိုက်သော အပေါင်းကိန်း ဖြစ်သည်။

သင်္ချာဝယ် တစ်ကို မည်သည့်ဂဏန်းဖြင့် မြှောက်သည်ဖြစ်စေ ထိုဂဏန်း ပြန်ရကြောင်း အများသိပြီး ဖြစ်သည်။ ရလဒ်အဖြစ်၊ ၁ သည် သူ့ကိုယ်သူ ဆခွဲကိန်း ဖြစ်ကာ၊ သူ့ကိုယ်သူ၏ နှစ်ထပ်ကိန်းနှစ်ထပ်ကိန်းရင်း ဖြစ်သည်။ သုံးထပ်ကိန်း တင်၍ ရသလို၊ သုံးထပ်ကိန်းရင်း ပြန်ရှာ၍လည်း ရသည်။ ထို့ကြောင့် မည်သည့်ကိန်းဂဏန်းဖြင့် မြှောက်သော်လည်း ထိုကိန်းပင် ပြန်ရသဖြင့် empty product ဖြစ်စေသော ရလဒ် ဖြစ်သည်။ ring theory ဟု သတ်မှတ်သည်။

ဂဏန်းခြေအဖြစ်

[ပြင်ဆင်ရန်]

နံပါတ် ၁ သည် အင်္ဂလိပ်လို 1 ဖြစ်ကာ၊ အနောက်တိုင်းတွင် ယနေ့ အသုံးပြုသော 1 အတွက် ဂလဖ် glyph မှာ ထိပ်တွင် အကောက်ပါပြီး၊ တခါတရံ အောက်ခြေဝယ် အလျားလိုက် မျဉ်းတကြောင်း ပါတတ်သေးသည်။ ထို 1 ရေးထုံးကို ခြေရာ ပြန်လိုက်သော် ရှေးခေတ် အိန္ဒိယ၏ ဗြဟ္မီ အရေးအသားတွင် ရိုးရိုးရှင်းရှင်း ဒေါင်လိုက်မျဉ်း တကြောင်းတည်းသာ ဖြစ်ခဲ့သည်။ အလယ်ခေတ်တွင် ပညာတတ်များ အာရဗီလို ရေးသားသော အာရဗီ ကိန်းဂဏန်းများမှတဆင့် ဥရောပသို့ ပျံ့နှံ့သွားသည်။

အချို့တိုင်းပြည်များတွင် ထိပ်မှ အချွန်သည် မျဉ်းဖြောင့် ပြီး ရှည်ထွက်လာရာ၊ အခြားတိုင်းပြည်များက 7 အတွက် အသုံးပြုသော ခဲစာလုံးနှင့် မှားယွင်း ရှုပ်ထွေးကြသည်။ ထိုအခါ ထိပ်ကို မျဉ်းဖြောင့် ရှည်ထွက်သော စတိုင်ကို အသုံးပြုသော ဖောင့်စာလုံးမျိုးတွင် 7 ကို အလယ်၌ 1 နှင့် ကွဲပြားသွားစေရန် အလျားလိုက် မျဉ်း တကြောင်း ထပ်ထည့်ထားလေသည်။ ထိပ်ရှည် 1 ကို မသုံးသော ဖောင့်စာလုံးတွင် 7 အလယ်၌ မျဉ်း ထည့်လေ့ မရှိချေ။ မြန်မာတွင် ဤ ပြဿနာမျိုး မရှိသော်လည်း၊ ၁ သည် နှင့်လည်း ဆင်တူယိုးမှား ဖြစ်နိုင်သည်။ လက်ရေးတွင် ၈ ကို မျက်ဆန်ထည့်ရေးတတ်ကြသော်လည်း၊ မျက်ဆန်မထည့်သော ဖောင့်ဝယ် သည် ၁ နှင့်လည်း မှားနိုင်သည်။ ၁ ပုံစံ ခဲစာလုံးသည် အပေါ် ၉၀° လှည့်လိုက်ပါက မြန်မာအက္ခရာ ပစောက်၊ ထိုမှ အနောက် ၉၀ ဒီဂရီထပ်လှည့်လိုက်ပါက ၊ အောက်သို့ ၉၀ ဒီဂရီ ထပ်လှည့်ပေးလိုက်ပါက ဂငယ် အသီးသီး ရရှိသည်။ တရုတ်လို 一 သည် အင်္ဂလိပ် 1 နှင့် အလဲအထောင် ဆန့်ကျင်လျက် ရှိသည်။

Horizontal guidelines with a one fitting within lines, a four extending below guideline, and an eight poking above guideline ဤသို့ အက္ခရာများနှင့် မျဉ်းတပြေးအရွယ်အစား ဖြစ်နေလျှင် x-height, x အမြင့်ဟု ခေါ်သည်။

Decorative clay/stone circular off-white sundial with bright gold stylized sunburst in center of 24-hour clock face, one through twelve clockwise on right, and one through twelve again clockwise on left, with J shapes where ones' digits would be expected when numbering the clock hours. Shadow suggests 3 PM toward lower left.
ဗင်းနစ်မြို့မှ ၂၄ နာရီလည်ပတ်နေသော နာရီစင်သည် ၁ နေရာအတွက် J ကို သုံးထားပုံ

ရှေးက လက်နှိပ်စက်ဟောင်း အတော်များများတွင် 1 ကိုရိုက်ရန် သင်္ကေတသတ်သတ် မရှိချေ။ ယင်းအစား l (အယ်လ်အသေး) ကို သုံးသည်။ အလှဆင်သည့်အနေဖြင့် လိုလာသည့်အခါ J အကြီးကို ရိုက်ကြလေသည်။

အခြေခံတွက်ချက်ဇယား

[ပြင်ဆင်ရန်]
Multiplication 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 50 100 1000
1 × x 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 50 100 1000
Division 1 2 3 4 5 6 7 8 9 10 11 12 13 14 15
1 ÷ x 1 0.5 0.3 0.25 0.2 0.16 0.142857 0.125 0.1 0.1 0.09 0.083 0.076923 0.0714285 0.06
x ÷ 1 1 2 3 4 5 6 7 8 9 10 11 12 13 14 15
Exponentiation 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20
1x 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1 1
x1 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20

နည်းပညာဝယ်

[ပြင်ဆင်ရန်]
အတွင်းတွင် ၁ နှင့်အတူ မြားလိုက်နေသော တြိဂံ
ပြန်လှည့်ပတ်ရာတွင် သုံးသော ရီစင်ညွှန်းကိန်းအဖြစ် ၁
  • Polyethylene terephthalate ကို ခွဲခြားရန် ပြန်လှည့်ပတ်ရာ၌ သုံးသော ရီစင်ညွှန်းကုတ် resin identification code။[]
  • မြောက်အမေရိကန် နံပါတ်ပလန်ဒေသအတွက် အမေရိကန်၊ ကနေဒါနှင့် ကရစ်ဘီယံ အစိတ်အပိုင်းများ ပါဝင်သော ITU နိုင်ငံတကာ ကြိုးမဲ့ဆက်သွယ်ရေးသမဂ္ဂ နိုင်ငံကုတ်။
  • ဘိုင်နရီကုတ် binary code ဆိုသည်မှာ မည်သည့် ဒေတာအမျိုးအစားမဆို ကိုယ်စားပြုရန်အတွက် ကွန်ပျူတာများတွင် အသုံးပြုသည့် ၁ နှင့် ၀ အတွဲ ဖြစ်သည်။
  • ရုပ်ဝတ္ထုပစ္စည်း များစွာမှာ၊ ၁ သည် ဖွင့်သည် on အတွက် တန်ဖိုး ဖြစ်ကာ၊ လျှပ်စစ် စီးနေသည့် အဓိပ္ပာယ် ဖြစ်သည်။[][]
  • ပရိုဂရမ် ဘာသာစကားများစွာတွင် Boolean data type ဖြစ်သော true ၏ ကိန်းတန်ဖိုး။
  • ၁ သည် ခေါင်းစဉ် အစ Start of Header ၏ ASCII ကုတ်။

သိပ္ပံဝယ်

[ပြင်ဆင်ရန်]

ဒဿနိကဗေဒဝယ်

[ပြင်ဆင်ရန်]

ပလိုတီးနပ် Plotinus အပါအဝင် အခြားသော ဒဿနိကဗေဒပညာရှင်များ အယူတွင်၊ The One သည် သက်ရှိအားလုံး၏ အရင်းမြစ် ဖြစ်ကာ၊ အတုမရှိသော နံပါတ်တစ် ဖြစ်သည်။[] ဖီလို အလက်ဇန္ဒြီးယား(၂၀ BC – AD ၅၀)က နံပါတ်တစ်ကို ဘုရားသခင်၏ နံပါတ်၊ ကိန်းဂဏန်းအားလုံးအတွက် အခြေခံဟု မှတ်ယူသည်။("De Allegoriis Legum," ii.12 [i.66]) ပိုက်သဂိုးရပ်ဆန်ဆန်တွေးခေါ်ကြသော ဂယ်ရာဆာမှ နီကိုမချပ်ကမူ တစ်သည် ကိန်းမဟုတ်၊ သို့သော် ကိန်း၏ အရင်းမြစ်ဟု အခိုင်အမာ ဆိုသည်။ နံပါတ် ၂ သည်ပင် အခြား၏ အရင်းမြစ် ပါဝင်နေသည်ဟု သူက ယုံကြည်သည်။[]

အားကစားဝယ်

[ပြင်ဆင်ရန်]
  • ရဂ်ဘီ လိဂ်အသင်းများ ပြိုင်ပွဲအများစုတွင် စပေးသည့် ကျောပြည့် fullback သည် ဂျာစီနံပါတ်  ၁ ကို ဝတ်သည်။
  • ရဂ်ဘီသမဂ္ဂတွင် စပေးသည့် ခေါင်ထိပ်လူ loosehead prop က ဂျာစီနံပါတ်  ၁ ကို ဝတ်ဆင်သည်။
  • အမျိုးသား ဟော်ကီလိဂ်အသင်း ကစားသမားများ အသုံးပြုရန် ၁ သည် ခွင့်ပြုထားသော အနိမ့်ဆုံး နံပါတ် ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နှင့် ၀၀ အသုံးပြုခြင်းကို လိဂ်က တားမြစ်သည် (အမြင့်ဆုံးခွင့်ပြုနံပါတ်မှာ ၉၈ ထိသာ ဖြစ်သည်)။
  • ၁ သည် အမေရိကန် ဘောလုံး၏ အဆင့်အများစုတွက် သုံးရန် ခွင့်ပြုသော အနိမ့်ဆုံးနံပါတ် ဖြစ်သည်။ အမျိုးသားဘောလုံးလိဂ်အသင်း မူဝါဒအရ၊ တိုက်စစ်မျဉ်းစောင့် offensive linemen နှင့် ခံစစ်မျဉ်းစောင့် defensive linemen တို့က အသုံးမပြုရ။
  • ဖော်မြူလာဝမ်းတွင်၊ ရှေ့နှစ် ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံက ထိုနံပါတ်ကို သုံးမည်ဆိုလျှင် ခွင့်ပြုထားသည်။

အချိန်ကာလဝယ်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Weisstein၊ Eric W.။ 1 (in en)။ 2020-08-10 တွင် ပြန်စစ်ပြီး။
  2. Skoog, Douglas. Principles of Instrumental Analysis. Brooks/Cole, 2007, p. 758.
  3. Plastic Packaging Resins American Chemistry Council။ 21 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  4. Woodford၊ Chris (2006)၊ Digital Technology၊ Evans Brothers၊ p. 9၊ ISBN 978-0-237-52725-9
  5. Godbole၊ Achyut S. (1 September 2002)၊ Data Comms & Networks၊ Tata McGraw-Hill Education၊ p. 34၊ ISBN 978-1-259-08223-8
  6. Olson၊ Roger (2017)။ The Essentials of Christian Thought: Seeing Reality through the Biblical Story။ Zondervan Academic။ ISBN 9780310521563
  7. British Society for the History of Science (July 1, 1977). "From Abacus to Algorism: Theory and Practice in Medieval Arithmetic". The British Journal for the History of Science 10 (2). Cambridge University PRess. doi:10.1017/S0007087400015375.