ဩကိလိနီသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ ရှေ့တော်၌ အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ “ယနေ့ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်စဉ် ကောင်းကင်၌သွားနေသော ထက်ဝန်းကျင်မှ မီးခဲတဖွားဖွားကျ၍ မီးကျီးပုံ၌ လူလှိမ့်ခံနေရသော မီးလောင်ဖုတို့မှ အရည်တစက်စက် ယိုထွက်နေသော ပြိတ္တာမကို တွေ့မြင်ရပုံ”ကို အရှင်မောဂ္ဂလ္လာန်ထေရ်က ဖြေကြားရာ ထိုပြိတ္တာမ၏ မကောင်းမှု အကုသိုလ်ကံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-အကျယ်ဖွင့်ပြချက် ပါရှိပါသည်။ (ဝိ၊၁၊၁၄၇။ ဝိ၊ဋ္ဌ၊၂၊၁၀၀။ သာရတ္ထ၊၂။၂၉၅။) [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅၁။ သံ၊မြန်၊၁၊၄၄၀။ သံ၊ဋ္ဌ၊၂၊၂၀၄။ သံ၊ဋီ၊၂၊၁၈၅။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၈-လက္ခဏသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ