ဧရာဝတီတံတား (စင်းခန်း)

ဝီကီပီးဒီးယား မှ
ဧရာဝတီတံတား (စင်းခန်း)
သယ်ဆောင်မှုနှစ်လမ်းသွားကားလမ်း၊ မီးရထားလမ်း၊ လူသွားလမ်း
ဖြတ်သန်းမှုဧရာဝတီမြစ်
တည်နေရာကချင်ပြည်နယ်ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိသံပေါင်တံတား
စုစုပေါင်းအရှည်ကားတံတားအရှည်စုစုပေါင်း ၄၆၃ဝ ပေ၊ ရထားတံတားအရှည်စုစုပေါင်း ၅၅၁ဝ ပေ
အကျယ်ကားလမ်း ၂၈ ပေ၊ ရထားလမ်း ၁၄ ပေ၊ လူသွားလမ်း ၃ ပေစီ
ခံနိုင်ဝန်အားယာဉ်တစ်စီး ခွင့်ပြုအလေးချိန်မှာ တန် ၆ဝ
သမိုင်းကြောင်း
ဆောက်လုပ်သူပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အထူးစီမံကိန်းကြီးအဖွဲ့(၂)
သံမဏိထုတ်လုပ်သူမြောင်းတကာ သံမဏိစက်ရုံ
စတင်ဆောက်လုပ်ချိန်၁၅ ဇွန် ၂၀၀၉
ဖွင့်လှစ်သည့်နေ့၄ ဖေဖော်ဝါရီ ၂၀၁၂

ဧရာဝတီတံတား (စင်းခန်း)သည် ကချင်ပြည်နယ်ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီး ကသာ-ဗန်းမော် မီးရထားလမ်းတွင် တည်ရှိပြီး ကားလမ်းနှင့် ရထားလမ်း နှစ်မျိုးစလုံး ပါဝင်သော တံတားအမျိုးအစားဖြစ်သည်။ တံတားကြီးသည် ဧရာဝတီ မြစ်ကြီးပေါ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ၁၂ စင်းမြောက်တံတားဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည့် ၁၁ စင်း မြောက် ပေ ၁၈ဝ အထက် တံတားကြီးတစ်စင်း ဖြစ်သည်။

တံတားအချက်အလက်များ[ပြင်ဆင်ရန်]

ဧရာဝတီတံတား (စင်းခန်း)၏ တံတားအောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်၊ ကြိုတင်အားဖြည့်ကွန်ကရစ်နှင့် သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်သည်။ တံတားကြီးတည်ဆောက်ရေးအတွက် အသုံးပြုသည့် သံမဏိသံပေါင်များကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် မြောင်းတကာ သံမဏိစက်ရုံမှ ထုတ်လုပ်ပေးခဲ့သည်။

ပင်မတံတားအရှည်မှာ ၃၂၁၅ ပေရှိပြီး ချဉ်းကပ်ကားတံတားအရှည် စုစုပေါင်း ၁၄၁၅ ပေရှိကာ ကားတံတားအရှည် စုစုပေါင်း ပေ ၄၆၃ဝ ရှိသည်။ ချဉ်းကပ်ရထားတံတားအရှည်မှာ စုစုပေါင်း ၂၂၉၅ ပေ ရှိပြီး ပင်မတံတားအပါအဝင် စုစုပေါင်းရထားတံတားအရှည်ပေ ၅၅၁ဝ ရှိသည်။ တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းမောင်းကားလမ်း၊ အကျယ် ၁၄ ပေ ရှိ ရထားလမ်း နှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါရှိသည်။ ယာဉ်တစ်စီး ခွင့်ပြုအလေးချိန်မှာ တန် ၆ဝ ဖြစ်သည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးရှိ ဧရာဝတီတံတား(စင်းခန်း)ဖွင့်ပွဲအခမ်းအနားတက်ရောက်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတရုံး (၅-၂-၂၀၁၂)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။