ဧကပိဏ္ဍပါတဒါယိကာထေရီ

ဝီကီပီးဒီးယား မှ

ဧကပိဏ္ဍပါတဒါယိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

တစ်ခုသောဘဝတွင် ဧကပိဏ္ဍပါတဒါယိကာထေရီသည် ဗန္ဓုမတီမြို့ရှိ ဗန္ဓုမာအမည်ရှိသည့် မင်း၏ မိဖုရား ဖြစ်၏။ ထိုမင်းသည်လည်း တရားကို ကြည်ညိုရိုသေ၏။ ထို့ကြောင့် ထိုမင်းနှင့်အတူ မိဖုရားသည် တရားကျင့်ကြံ၏။

ထို့နောက် မိဖုရားသည် မင်းအား ရဟန်းတစ်ပါးအား ဆွမ်းလုပ်ကျွေးရန် တောင်းဆို၏။ မိဖုရားသည် ရဟန်းအား ဆွမ်းလုပ်ကျွေးခဲ့သည်ကို တစ်သက်ပတ်လုံး အောက်မေ့ကာ နေခဲ့၏။ သေဆုံးလတ်သော် တာဝတိံသာသို့ ရောက်၏။ သုံးဆယ်သော နတ်မင်းတို့၏ မိဖုရား ဖြစ်ခဲ့၏။ ထို့ပြင် ဧကပိဏ္ဍပါတဒါယိကာထေရီသည် အလိုရှိ၍ တောင့်တသော အရာတိုင်းသည် ပြည့်စုံလေ၏။

ဤဘဒ္ဒကမ္မာမှ ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို လှူခဲ့သောအကျိုးကျေးဇူးကြောင့် ဧကပိဏ္ဍပါတဒါယိကာထေရီသည် မကောင်းသောသူတို့ သွားရာ ဒုဂ္ဂတိ ဘဝသို့ မရောက်ခဲ့ရပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ သုမေဓာဝဂ်