မာတိကာသို့ ခုန်သွားရန်

အောင်စိုးမြင့်

ဝီကီပီးဒီးယား မှ
(ဦးအောင်စိုးမြင့် မှ ပြန်ညွှန်းထားသည်)
ဦး

အောင်စိုးမြင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူဦးအောင်မင်း
ဆက်ခံသူဦးခင်​​မောင်သန်း
မဲဆန္ဒနယ်တောင်ငူမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေစတင်
ဆက်ခံသူအခြေခံဥပဒေဖျက်သိမ်း
မဲဆန္ဒနယ်တောင်ငူ မဲဆန္ဒနယ် ၂
အနိုင်ရမဲ အရေအတွက်၂၁,၃၆၉ (၆၈%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-08-03) ၃ ဩဂုတ်၊ ၁၉၅၂ (အသက် ၇၃)
တောင်ငူမြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူဦးအုန်းကျော် (ဖခင်)
ဒေါ်အေးမိ (မိခင်)
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား

ဦးအောင်စိုးမြင့် သည် တောင်ငူမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံရေး သမားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည်။[] ဦးအောင်စိုးမြင့်သည်၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၆၈% (၂၁,၃၆၉ မဲ) ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့ဖူးသည်။[]

ဦအောင်စိုးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၁၉၇၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။[] ၈၈၈၈ အရေးအခင်း တွင် တောင်ငူခရိုင် ပြည်သူ့လွတ်မြောက်ရေး မဟာမိတ်အဖွဲ့တွင် ဗဟိုတိုက်ခိုက်ရေးကော်မတီဝင်အဖြစ်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[]

၂၀၀၃ ခုနှစ်တွင် ၈၈၈၈ အရေးအခင်း ၁၅ နှစ်ပြည့် အခမ်းအနားပြုလုပ်ရန် ဦးဆောင်ခဲ့မှုကြောင့်[] လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ဆိုင်မှုကို အကြောင်းပြကာ ၃၁ ဩဂုတ် ၂၀၀၃ မှ ၂၃ စက်တင်ဘာ ၂၀၀၈ အထိ သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည်။[][] ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသာ ၉,၀၀၂ ဦးကို လွှတ်ပေးခဲ့ရာတွင် ပါဝင်လာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မြန်မာနိုင်ငံတော် အစိုးရ၊ ၂ ဧပြီ ၂၀၁၂ 5 October 2012 တွင် ပြန်စစ်ပြီး Archived from the original on 9 May 2012။
  2. 1 2 3 Khin Kyaw Han (1 February 2003)။ BRIEF BIOGRAPHIES OF ELECTED MPs 1990 MULTI-PARTY DEMOCRACY GENERAL ELECTIONS 5 October 2012 တွင် ပြန်စစ်ပြီး။
  3. "Human rights of parliamentarians: 173rd Governing Council session" (3 October 2003). Inter-Parliamentary Union. Retrieved on 1 July 2013.
  4. Released Political Prisoners from 2007 to date Assistant Association for Political Prisoners (Burma) 2 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2012 တွင် ပြန်စစ်ပြီး။
  5. "U Aung Soe Myint appeal rejected again"၊ Democratic Voice of Burma၊ 12 November 2003 5 October 2012 တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  6. "Chronology of Political Prisoners in Burma for September 2008"၊ Assistant Association for Political Prisoners (Burma)၊ September 2008 5 October 2012 တွင် ပြန်စစ်ပြီး Archived from the original on 11 June 2013။