ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်ဟူ

ဝီကီပီးဒီးယား မှ

ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်ဟူ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

တနင်္ဂနွေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ ဗုဒ္ဓဟူးဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း၊ အင်္ဂါဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ တနင်္လာဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ ရာဟုဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ ကြာသပတေးဂြို်ဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ စနေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ သောကြာဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း အချင်းချင်း ဆန့်ကျင်သည့် သဘောရှိ၍ ရန်ဓာတ်များသည်။ ( ဦး = တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ ဝေ = ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ စံ = အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ကူး = တနင်္လာဂြိုဟ်၊ ပထဝီဓာတ်၊ ရေ = ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဘူး = ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်၊ တော = စနေဂြိုဟ်၊ တေဇောဓာတ်၊ သူ = သောကြာဂြိုဟ်၊ အာပေါဓာတ်။ )[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။