ရာပြတ်၊ ဦး

ဝီကီပီးဒီးယား မှ
(ဦးရာပြတ် မှ ပြန်ညွှန်းထားသည်)

ဦးရာပြတ်[ပြင်ဆင်ရန်]

ဖခင်ဦးသာဒင် (ဇာတ်မင်းသား)နှင့် မိခင်ဒေါ်နက်တို့မှ (၁၂၄၆)ခုနှစ်တွင် တောင်သာမြို့(မြင်းခြံခရိုင်) ၌ မွေးဖွားခဲ့သည်။ ဦးရာပြတ်၏ အမည်ရင်းမှာ ဦးမောင်ကလေး ဖြစ်သည်။ ငယ်စဉ်အခါကပင် နိုင်ငံကျော်ဆိုင်းဆရာကြီး စိန်ဗေဒါ၏ ဆိုင်းနောက်ထအဖြစ် တွဲဖက်၍ အဆိုတော်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဖခင်၏ ဇာတ်သဘင်အဖွဲ့နှင့် မြန်မာပြည်အနှံ့လိုက်ပါခဲ့၍ ဇာတ်သဘင်ပညာကိုလည်း ရရှိခဲ့သည်။ မင်းသားဖြစ်စတွင် မြင်ခြံမြို့၌ ပွဲပြိုင်မင်းသားအဖြစ် ပြိုင်၍ကကြရာမှ ထူးချွန်သော အနုပညာသည် ဘဝသို့ ရောက်ရှိခဲ့သည်။


နိုင်ငံကျော် ဆိုင်းဆရာကြီး စိန်ဗေဒါ၏ အမည်ရင်းမှာ ဦးမောင်ကလေးဖြစ်၍ ဗေဒါမောင်ကလေးဟု အမည်တွင်ပြီး ဦးရာပြတ်ကိုလည်း ရာပြတ်မောင်ကလေးဟု အနုပညာလောကတွင် ခွဲခြားထားသည်။ ထိုအချိန်က နာမည်ကြီးမင်းသားများတွင် “စိန်” ဟူသော အမည်ပါရှိလျှက် ထင်ပေါ်နေကြလေသည်။ အဆိုပါစိန်တို့ကို တန်ဖိုးသတ်မှတ်ပေးမည့်သူဟု အဓိပ္ပာယ်သက်ရောက်သည့် “ရာပြတ်” ဟူသောအမည် ကင်ပွန်းတပ်ခဲ့ရာမှ ဦးရာပြတ် အဖြစ်ရောက်ရှိရာလာခြင်းဖြစ်သည် ။


နိူင်ငံကျော်ဆိုင်းဆရာကြီး ဦးစိန်ဗေဒါနှင့် တွဲခဲ့စဉ်က မဟာမြိုင်သီချင်း၊ သဂြိုဟ်စုံတွဲ ပွေးဖိုပွေးမစုံတွဲတို့ကို ရေးစပ်ခဲ့သည်။ ဦးရာပြတ် တီထွင်ကပြခဲ့သော သေတ္တာအက၊ မြင်းအကနှင့် လက်ဖဝါးပေါ် ဓားလှည့်အကတို့မှာ အထူးထင်ရှားခဲ့သဖြင့် ယ္ခုခေတ်အကပညာရှင်များ တန်ဖိုးထားသင်ယူ ကပြနေဆဲဖြစ်သည်။


၁၂၈၀ပြည့်နှစ်တွင် မင်းသမီးဒေါ်ငွေစိန်နှင့် အိမ်ထောင်ပြုခဲ့သည်။ ဦးရာပြတ်သည် ရှမ်းပြည်နယ် ပင်းတယမြို့၌ ၁၂၉၅ခုနှစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ရည်ညွှန်းချက်[ပြင်ဆင်ရန်]

  • ဦးလူမော် - ၂၅၂/၃၅လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်။
  • ဒဂုန်ဆရာတင်