ဦးမင်းနိုင်

ဝီကီပီးဒီးယား မှ

ဦးမင်းနိုင် သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။[၁]

အတ္ထုပတ္တိ[ပြင်ဆင်ရန်]

ဦးမင်းနိုင်သည် ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပုတီးကုန်းမြို့ ဇာတိဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပင် စာပေနှင့် ပန်းချီပညာကို အထူးဝါသနာထုံသူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ပြည်ထောင်စု ယဉ်ကျေးမှုဌာနတွင် ယဉ်ကျေးမှုအရာရှိအဖြစ် စတင်အမှုထမ်းခဲ့ပြီး ပြည်နယ်အသီးသီးသို့ သွားရောက်လေ့လာ၍ ဓာတ်ပုံရိုက်ခြင်း၊ ပန်းချီရေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ စာအုပ်များကို ရေးသားပြုစုခဲ့သည်။

ပြည်ထောင်စု အကပဒေသာ၊ တို့တိုင်းရင်းဖွား ပြည်ထောင်စုသား၊ မမေ၊ ကူထိုးဗိုး၊ ရခိုင်ဝတ္ထုပုံပြင်၊ ရခိုင်တေးသံ၊ သွေးချင်းတို့၊ ပျော်သည့်မြေ၊ တို့သွေးတို့သား တိုင်းရင်းသား၊ မြန်မာနှင့် တိုင်းရင်းသားစကားကုံ၊ ယဉ်ကျေးမှုမိတ်ဆက် စသည့်စာအုပ်များ ပြုစုခဲ့သည်။ ပန်းပညာရှင်အဖွဲ့တွင်လည်း ဦးဆောင်ဦးရွက် ပြုခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာစာ၊ ဒဿမတန်း