ဂမ္ဘီရ၊ ဦး

ဝီကီပီးဒီးယား မှ
(ဦးဂမ္ဘီရ မှ ပြန်ညွှန်းထားသည်)
ဦးဂမ္ဘီရ
မွေးဖွားညီညီလွင်
(1979-06-19) ၁၉ ဇွန်၊ ၁၉၇၉ (အသက် ၄၄)
မကွေးတိုင်းပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ
အခြား အမည်များစန္ဒောဘာသ
ကျော်ကြားမှုအရင်းခံ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သူ
အိမ်ထောင်ဖက်(များ)Marie Siochana
မိဘ(များ)ဦးမင်းလွင် နှင့် ဒေါ်ရေး

ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်၂ဝဝရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သောသံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၇၉-ခုနှစ်၊ ဇွန်လ(၁၉)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ အဖ ဦးမင်းလွင် နှင့် အမိဒေါ်ရေး တို့မှ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက်တွင် ငါးယောက်မြောက် သားဖြစ်သည်။ အသက်(၅)နှစ် အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်း၌ ပညာသင်ကြား ခဲ့သည်။ သူငယ်တန်းမှ စတုထ္တတန်းအထိ အတန်းစဉ် ပထမရကာ ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။

ကလေးစစ်သား[ပြင်ဆင်ရန်]

၁၉၈၈-ခုနှစ်တွင် အရေးအခင်းဖြစ်၍ ကျောင်းများ ၂-နှစ် ပိတ်ခြင်းကြောင့်၎င်း၊ မိဘများ၏ အုပ်ထိန်းမှု ကင်းလွတ် သွားခြင်းကြောင့်၎င်း အသက်ငယ်ငယ်နှင့် ဆိုးပေလေလွင့် ခဲ့သေးသည်။ အသက်၁၂-နှစ်အရွယ် ၅-တန်း ကျောင်းသားဘဝတွင် ကလေးစစ်သားဖြစ်ခဲ့သည်။


မိဘပုံရိပ်[ပြင်ဆင်ရန်]

ဖခင်မှာ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ မဟုတ်မခံစိတ်ရှိပြီး အများအတွက် အနစ်နာခံလိုစိတ်များရှိ၍ ထိုစိတ်များကြောင့် အထက်လူကြီးများနှင့် မတည့်ကာ တပ်မှ ထွက်ခဲ့ရသည်။ တပ်မှ ထွက်ပြီးနောက် ဒေါ်ရေးနှင့် အိမ်ထောင်ပြုကာ ကုန်ရောင်းကုန်ဝယ်အဖြစ် အသက်မွေးခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်ရေးမှာ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ် သပွတ်စုကျေးရွာ၊ ကိုင်းလယ်ကျေးရွာတို့တွင် ၁၃-နှစ်ကြာ တာဝန်ထမ်းခဲ့သည်။

၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့ ပြောင်းရွေ့ခဲ့သည်။

၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLDအဖွဲ့ဝင်ဖြစ်ပြီး တသီးပုဂ္ဂလအမတ်အဖြစ် ရပ်ရွာလူထု၏ ရွေးချယ်တင်မြောက်ခြင်း ခံရသူဖြစ်သည်။


၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ်ကိုစစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံရသည်။

သူ့ကို အာဏာပိုင်များက လိုက်လံဖမ်းဆီးသဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် ၂ဝဝရ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်သည် ၂ဝဝရ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထု လှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်ခဲ့သည်။

သူသည် အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ် ဦးနှောက်နှင့် အာရုံကြော အခြေအနေ ဆိုးရွားသည့် အဖြစ်လည်း ကြုံတွေ့ခဲ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်တွင် ဆန္ဒပြခဲ့သူ ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရအား ကလေးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ငါးနှစ် လျော့[ပြင်ဆင်ရန်]

စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ၂၅.ဝ၆.၂ဝဝ၉ ရက်နေ့က လျော့ချပေးလိုက်သည်။

သံဃာတပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည့်အမှုမှ ထောင်ဒဏ်ကို လျော့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူသည် ထောင်ဒဏ် ၆၃ နှစ် ကျခံရန် ကျန်သေးသည်။

အီလက်ထရောနစ်ဥပဒေ ၃၃ (က) အရ အာဏာပိုင်များ ခွင့်ပြုချက်မရှိဘဲ အင်တာနက် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားပြီး ၂၀၀၇ ခုနှစ်တွင်းက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူများကို နှစ်ရှည်ထောင်ချသည့် လက်နက်တခု ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ကလေးထောင်ထဲတွင် အကျဉ်းကျခံနေရသူ အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရ၏ ရှေ့နေများက အမှုများကို ပြန်လည်စစ်ကြောရန် ခရိုင်တရားရုံးကို အယူခံတင်သွင်းခဲ့ရာ ၇ မှု အပယ်ခံရသည်။ အယူခံတင်ချိန် နောက်ကျ၍ ပယ်ချရခြင်းဖြစ်သည်ဟု တရားရုံးက ပြန်ကြားကြောင်း မိသားစုဝင်များက ပြောသည်။ ကျန်သော ၉ မှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပြီး ၂၉.ဝ၆.၂ဝဝ၉ ရက်နေ့ ရုံးချိန်းပေးထားသည်။

ပြန်လွတ်လာ[ပြင်ဆင်ရန်]

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။