ကောဝိဒ၊ ဦး၊ သျှင်

ဝီကီပီးဒီးယား မှ
(ဦးကောဝိဒ မှ ပြန်ညွှန်းထားသည်)

၂ဝဝရ သံဃာ့ အရေးတော်ပုံကို စစ်တပ်က ပစ်ခတ် နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း ထိုင်း - မြန်မာ နယ်စပ်မှာ၊ နိုင်ငံတကာ သတင်း မီဒီယာတွေက ဦးဦးဖြားဖြား ကိုယ်တွေ့ သတင်းအဖြစ် တွေ့ဆုံ အင်တာဗျူးခဲ့ကြရတဲ့ သံဃာ ကိုယ်စားလှယ် အဖွဲ့ (သံဃာ့ ကောသလ အဖွဲ့) ခေါင်းဆောင် အရှင် ဦးကောဝိဒရဲ့ ထေရုပ္ပတ္တိအကျဉ်းကို မိုးမခ ကွန်ရက် စာမျက်နှာကနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အရှင် ဦးကောဝိဒ[ပြင်ဆင်ရန်]

၁၉၈၃၊ အောက်တိုဘာ ၁ဝ တွင် ရခိုင်ပြည်နယ်၊ တိုက်မော်ရွာမှာ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက် ဖြစ်သည်။

၁၂ နှစ်သားတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး အမ်းမြို့ ဝဏ္ဏိတာရာမ ပရိပတ္တိ စာသင်တိုက်တွင် စာသင်သား အဖြစ် ပညာ သင်ယူခဲ့သည်။ ၁၆ နှစ်တွင် ပထမငယ်၊ ၁၇ နှစ်တွင် ပထမလတ်၊ ၁၈ နှစ်တွင် ပထမကြီး အောင်မြင်ခဲ့သည်။ ဆက်လက်ပြီး ဓမ္မစရိယတန်း ၄ နှစ် ဆည်းပူးခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့သည်။ မင်္ဂလာရာမကျောင်း ပါဠိ တက္ကသိုလ်တွင် စာပေ သင်ကြားသည်။

၂ဝဝ၅ ခုနှစ်တွင် နန်းဦးကျောင်းသို့ ပြောင်းရွေ့ သီတင်းသုံးသည်။

၂ဝဝရ သံဃာ့ အရေးအခင်းတွင် သံဃာ ကိုယ်စားလှယ် အဖွဲ့ (သံဃာ့ ကောသလအဖွဲ့) ကို ဦးဆောင်ပြီး လှုပ်ရှားခဲ့သည်။

၂ဝဝရ အောက်တိုဘာ ၁၈ တွင် ထိုင်း - မြန်မာ နယ်စပ်သို့ တိမ်းရှောင်ခဲ့သည်။

၂ဝဝ၈ မတ် ၁၁ တွင် အမေရိကန် ပြည်ထောင်စုသို့ နိုင်ငံရေး ဒုက္ခသည် အစီအစဉ်ဖြင့် ပြောင်းရွှေ့ သီတင်းသုံးသည်။ ယခုအချိန်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ဥက္ကလံမြို့တွင် တပါးတည်း သီတင်းသုံးလျက် ရှိသည်။