ဦးကိတ္တိဘုန်း

ဝီကီပီးဒီးယား မှ

ဦးကိတ္တိဘုန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဦးကိတ္တိဘုန်း[ပြင်ဆင်ရန်]

မြင့်သီခေါင်၊ ရီမှောင်ဝေတဲ့၊ ခေါင်မဟေ၊ တောင်သေလံနှင့် အောင်မြေပရမံ၊ ရွှေရန်ကင်း၏၊ ခြေရင်းမှာ၊ ရွာအမော်က၊ ပဉ္ဇင်းတော်ကုသိုလ်ရှိပေတဲ့၊ ဦးတိတ္တိမြတ်အရှင်။

ခြောက်ဆယ်ကျော်၊ မယ်တော်မြင်မှ ဖွားသန့်စင်ငယ်အခါက၊ ဘယ်မကွာမြိုက်ရည်ကျွေးလို့၊ ပို်က်ထွေးခြုံဧယာဉ့်ကျူးတဲ့၊ ကျေးဇူးဟုန်၊ ဂုဏ်ဗလဝတို့၊ ဆပ်ပိုင်အောင်၊ တတ်နို်င်သမျှနှင့်၊ သည်ဘဝတွင်လူမလုပ်ပြီဟု၊ ဒုကုဋ်တင်ဆင်သင်္ကန်းငယ်နှင့်၊ မြတ်ကမ္မဝါ၊ ညတ်စာကျမ်းကိုဖြင့်၊ ထမ်းမိသိမ်ဝင်။

ဒါယကာ၊ မာတာမိနှင့်၊ ဇာတိကို၊ ကြဉ်ခွာလို့၊ ပညာရှာသင်လှာပြန်တော့၊ ခင်မကန်တိုက်တော်ကြီးတွင်မှ၊ ပျော်မှီးဝင်၊ အိပ်စဉ်ရပ်တဲ့၊ ပိဏ္ဍဘတ်တံ ဆွမ်းခံဆဲနှင့်၊ မယ်ပွဲမှီဖူးစာဖက်တဲ့၊ ဦးနက်ကယ်စေတနာသန်လို့၊ နိစ္စတံ၊ ဖိတ်မံလို့ပင့်ပေကြမယ်မြှင့်ပြင်၊ အဖေတွေ့ပြီဟု၊ အောက်မေ့လို့အထူးပင်၊ နှစ်ဦးထင်ကြတဲ့စိတ်နှလုံး၊ လူတကာ ပူဇာစနှင့်၊ လာဘဆုလာဘ်ထိုးကြ၊ အချိုးဆို ပညာရေးငယ်ကြောင့်၊ အဖိုးအေအမေကြီးနှင့်၊ ဝရီးလိုစိတ်ထင်ရှိရှာသတဲ့၊ ဦးကိတ္တရှင်ပဉ္စင်း ရဟန်းနှင့် မကျွမ်းကျင်၊ မမြင်ဝေးကြ၊ ရင်သွေးလိုမြေးလိုဘဲပ၊ မယ်ပွဲမှီဒကာမတွင်မှ၊ မောင်းထောင်က၊ ရောက်ခဲ့ရင်၊ ကျောင်းဆောက်ချင် လျှောက်တင်လို့ ဖိတ်ရတော့၊ အထူးပင် ဖူးချင်စိတ်ကယ်နှင့်၊ ဦးကိတ္တိဘုန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ခေါင်မဟေ = ကြီးမြတ်သော။

၂။ တောင်သေလံ = တောင်သေလာ။ (ကာရန်ငဲ့၍ ဆိုသည်)။

၃။ ပရမံ = များလှသောဂုဏ်။

၄။ ဂုဏ်ဗလဝ = များလှသောဂုဏ်။

၅။ ပိဏ္ဍိဘတ်တံ = အိမ်စဉ်ရပ်၍ ခံရသောဆွမ်း။

၆။ နိစ္စတံ = အမြဲလုပ်ကျွေးသောဆွမ်း။

၇။ အဉ္ဇလီ = အရိုအသေပြုခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။