ဦးကာက

ဝီကီပီးဒီးယား မှ

ဦးကာက (လက်ဖက်ခြောက်)၁၈၈၂-၁၉၇၀[ပြင်ဆင်ရန်]

မန္တလေးမြို့မှ ထင်ရှားသော လက်ဖက်ခြောက်လုပ်ငန်း ပိုင်ရှင်ကြီးတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးဇောတိက ဖြစ်သည်။ အေဒီ ၁၈၈၂-ခု၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဖူကျင့်ပြည်နယ်၊ ချင်ချင်းရွာတွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ကျောင်းဆရာကြီးဖြစ်၍ စာပေကောင်းစွာ သင်ခဲ့ရသည်။ ၁၈၉၉-ခု၊ အသက် ၁၇-နှစ်အရွယ်တွင် အစ်ကိုရှိရာ မြန်မာနိုင်ငံ သထုံမြို့သို့ ရောက်ရှိခဲ့၍ ၁၉၀၅-ခုတွင် သထုံမှ ပအိုဝ်းတိုင်းရင်းဆေးဆရာကြီး ဦးရွှေလေး၏ သမီး ဒေါ်စိန်နှင့် လက်ဆက်ခဲ့သည်။ ၁၉၁၂-ခုတွင် မန္တလေးမြို့သို့ ပြောင်းရွေ့လာခဲ့ပြီး အင်စီးတိုက် ကုန်ဝယ်စာရေး၊ ယုန်ချောင်ပွဲရုံ စာရေးကြီးအဖြစ် ၈-နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၂၆-တွင် ဟုန်ဟိတ်ပွဲရုံကို ထူထောင်နိုင်ခဲ့သည်။ ဂျပန်ဝင်ကာနီးတွင် ဂျပန်ပစ္စည်းများ သပိတ်မှောက်ရေးအသင်း ထူထောင်ခဲ့၍ ဂျပန်အစိုးရက လူသတ်ဝရမ်း ထုတ်သဖြင့် သားသမီးများကို ကျောက်မဲပို့ကာ တရုတ်ပြည်သို့ တိမ်းရှောင်ခဲ့သည်။ စစ်ပြီးနှစ်နှစ်အကြာ ဝါးတန်း ဦးကျော်၏ အကူအညီဖြင့် မြန်မာပြည်သို့ ပြန်ရောက်၍ မန္တလေးတွင် ပွဲရုံကို ပြန်ဖွင့်ခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ ဗုဒ္ဓစာပေများဖတ်၍ ကြည်ညိုလွန်းလှသဖြင့် လူတွေ့ဖူးရာမှ ထေရဝါဒ ဗုဒ္ဓဘာသာကို တွေ့ရှိပြီး မိသားစုကိုပင် ဗုဒ္ဓဘာသာ မြန်မာများကဲ့သို့ ကျင့်ကြံနေထိုင်ရန် ဆုံးမခဲ့သူ ဖြစ်သည်။ သားသမီး ဆယ်ဦးရှိခဲ့ပြီး ၁၉၇၅-ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် အောင်တော်မူခြံ၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်