ဥဇ္ဈာနသညိသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင်၏ ပစ္စည်းလေးပါးသုံးဆောင်မှုနှင့်စပ်၍ ကဲ့ရဲ့လိုသဖြင့် ဘုရားရှင်ထံ ရောက်ရှိလာကြပြီး ကဲ့ရဲ့စကားပြောကြားကြသောနတ်တို့ကို ဘုရားရှင်က မာရ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်သောအကျင့် လောကအကြောင်းကိုသိသောပညာရှိ နှင့် ကိလေသာငြိမ်းကြောင်းအကျင့်တို့ကို ပြန်လည်မိန့်ကြားတော်မူသည့်အခါ နတ်တို့ က တောင်းပန်စကားလျှောက်ထားကြပုံ အစရှိသော ဘုရားရှင်နှင့် နတ်တို့ အပြန် အလှန် လျှောက်ထား မိန့်ကြားတော်မူပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဥဇ္ဈာနသညိကာနတ်တို့အကြောင်း အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၂။ သံ၊မြန်၊၁၊၂၂-၃။ သံ၊ဋ္ဌ၊၁၊၆၁-၃။ သံ၊ဋီ၊၁၊၁၀၇-၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၄-သတုလ္လပကာယိကဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ