ဥက္ကံသာဘိဝံသ

ဝီကီပီးဒီးယား မှ

ဥက္ကံသာဘိဝံသ၊ ဆရာတော်ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ မန္တလေးမြို့၊ မြင်းဝန်ကျောင်းတိုက်၊ ပတ္တမြားကျောင်း (မြန်မာ ၁၂၆၆-)[ပြင်ဆင်ရန်]

ဆရာတော် ဘဒ္ဒန္တ ဥက္ကံသာဘိဝံသသည် မန္တလေးတိုင်း၊ သာစည်မြို့နယ် အပျောက်ရွာ တောင်သူကြီး ဦးစံငြိမ်း၊ ဒေါ်ငြိမ်းသာတို့မှ ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၁ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။

၁၁ နှစ်သားအရွယ်၌ ရှင်သာမဏေအဖြစ်သို့ ရောက်သည်။ ၁၆ နှစ်သားအရွယ်၌ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကန်မြဲဇောင်းချမ်းရွာ ဆရာတော်ဦးဂုဏနှင့် ပျဉ်သာရွာဆရာတော် ဦးကဝိတို့ထံ၌ စာပေ ကျမ်းဂန်များ သင်ယူခဲ့သည်။ ၁၂၈၅ ခုနှစ်တွင် မိတ္ထီလာမြို့နယ်၊ ပျဉ်သာရွာ ပျဉ်သာ အလယ်ကျောင်း ခဏ္ဍသိမ်၌ ဆရာတော် ဦးကဝိကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

၁၂၈၆ ခုနှစ်တွင် အမရပူရမြို့၊ တူးမောင်းတိုက်၌ သီတင်းသုံး၍ ညဝါကျမ်းတို့ကို သင်ယူခဲ့သည်။ ၁၂၈၇ ခုနှစ်တွင် မန္တလေးမြို့ ဘုရားကြီးတိုက်ဟံသာဝတီဆရာတော်ထံ၌ သုတ0x048နိဒေ0x050သ၊ ရူပသိဒ္ဓိ၊ ဋီကာကျော် စသော ကျမ်းတို့ကို ဆိုဝါနှင့် သင်ကြားတတ်မြောက်ခဲ့သည်။ အလယ်တိုက်ကြီးဆရာတော်ဦးဉေယျထံ၌ ကင်္ခါဝိတရဏီ အဋ္ဌကထာနှင့် ဝိနည်းအဋ္ဌကထာ ကျမ်းများကို ဆိုဝါဖြင့်ပင် သင်ယူခဲ့သည်။ အခြားကျမ်း များကိုလည်း စာချဆရာတော် အသီးသီးထံ၌ ဆည်းပူးခဲ့သည်။ ဘာသရနှင့်တကွ ဗေဒင်ကျမ်းများ၊ ဆေးကျမ်းများ၊ သဒ္ဒါကျမ်းများကို သက္ကဋဘာသာရင်းဖြင့် ကျွမ်းကျင်တတ်မြောက် ခဲ့သည်။ သီဟိုဠ် ဘာသာကိုလည်း အထူးကျွမ်းကျင်သည်။ အင်္ဂလိပ်စာနှင့် သင်္ချာကိုလည်း လေ့လာဆည်းပူးခဲ့သည်။ ၁၂၉၉ ခုနှစ် နတ်တော်လ၌ မန္တလေးမြို့၊ ပရိယတ္တိ သာသနဟိတအသင်းကြီးမှ ဆက်ကပ်လှူဒါန်းသော ဘဒ္ဒန္တ ဥက္ကံသာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (မူလ စာချ)ဘွဲ့တံဆိပ်ကို လက်ခံရရှိသည်။ ၁၃၂၅ ခုနှစ်မှစ၍ မြင်းဝန်တိုက်၏ ဒုတိယနာယကဆရာတော်အဖြစ် သာသနာ့ အကျိုးကို ဆောင်ရွက်လျက်ရှိသည်။

ဆဋ္ဌသင်္ဂါယနာတင်သောအခါ ပဋိဝိသောဓကတာဝန်ကို အချိန်ပြည့် ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ တင်ပြီးသည်မှ ယခုချိန်တိုင်အောင် သာသနာရေးဦးစီးဌာန၏ လျှောက်ထား တောင်းပန်ချက်အရ သဒ္ဒါနီတိ နိဿယကျမ်းများကို ပဓာန နာယကဦးဆောင်ဆရာတော်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ဆရာတော်များနှင့် တကွ ဖြည့်စွက်ပြင်ဆင်သုတ်သင်ခဲ့သည်။ ယခုအခါ စလင်းဝိနည်းငါးကျမ်း ဂဏ္ဍိကျမ်းများကို ရိုက်နှိပ်ရန် အဖွဲ့ဝင် ဆရာတော်များနှင့်တကွ ပြင်ဆင်သုတ်သင်ဆဲဖြစ်သည်။ ၁၃၄၁ ခုနှစ် တန်ခူးလတွင် မန္တလေးမြို့၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော် အဖြစ် လည်းကောင်း၊ ၁၃၄၂ ခုနှစ် တပို့တွဲလတွင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတ အသင်းကြီး၏ ဩဝါဒါ စရိယ ဆရာတော်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံယူရရှိတော်မူသည်။

ရူပသိဒ္ဓိ ဂဏ္ဍိကျမ်း၊ အရုဏောဒယ ဝိနိစ0x039ယကျမ်းနှင့် ဦးရန်ကုန်နိယံ အဖြေကျမ်းများကို ရေးသား ပြုစုခဲ့သည်။ ဤသို့ သာသနာ့အကျိုး သယ်ပိုးဆောင်ရွက်တော်မူခြင်း ကြောင့် ၁၃၄၃ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ် လစ်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။[၁]

ဥက္ကံသာဘိဝံသ၊ ဆရာတော်ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ မန္တလေး မြို့၊ မြင်းဝန်ကျောင်းတိုက်၊ ပတ္တမြားကျောင်း (မြန်မာ ၁၂၆၆- ၁၃၄၇)။ ။ ဆရာတော် ဘဒ္ဒန္တ ဥက္ကံသာဘိဝံသသည် ၁၂၉၉ ခုနှစ် နတ်တော်လ၌ မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးက ဆက်ကပ်လှူဒါန်းသော ပရိယတ္တိသာသနဟိတ ဓမ္မာ စရိယ(မူလ စာချ) ဘွဲ့တံဆိပ်ကို လက်ခံရရှိခြင်း၊ ၁၃၂၅ ခုနှစ်မှစ၍ မြင်းဝန်တိုက်၏ ဒုတိယနာယကဆရာတော်အဖြစ် သာသနာ့အကျိုးကို ဆောင်ရွက်တော်မူခဲ့ခြင်း၊ ဆဋ္ဌသင်္ဂါယနာ တင်သောအခါ ပဋိဝိသောဓကတာဝန်ကို အချိန်ပြည့်ဆောင်ရွက်ခဲ့ခြင်း၊ ဆဋ္ဌသင်္ဂါယနာတင်ပြီးသည်မှစ၍ သာသနာရေးဦးစီးဌာန၏ လျှောက်ထားတောင်းပန်ချက်အရ သဒ္ဒါနီတိနိဿယ ကျမ်းများကို ပဓာနနာယက ဦးဆောင်ဆရာတော်အဖြစ် တာဝန် ယူ၍ အဖွဲ့ဝင်ဆရာတော်များနှင့်အတူ ဖြည့်စွက် ပြင်ဆင်သုတ် သင်ခဲ့ခြင်း၊ စလင်းဝိနည်းငါးကျမ်း ဂဏ္ဍိကျမ်းများကို ရိုက်နှိပ် ရန် အဖွဲ့ဝင်ဆရာတော်များနှင့်အတူ ပြင်ဆင်သုတ်သင်ခဲ့ခြင်း၊ ၁၃၄၁ ခုနှစ် တန်ခူးလတွင် မန္တလေးမြို့၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဩဝါဒဆရာတော်အဖြစ်လည်းကောင်း၊ ၁၃၄၂ ခုနှစ် တပို့တွဲလတွင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံယူရရှိတော်မူခဲ့ခြင်းစသော သာသနာ့ တာဝန်များကို ဆောင်ရွက်တော် မူခဲ့သေောကြောင့် ၁၃၄၃ ခုနှစ် တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော်ကောင်စီက ဆက်ကပ်လှူ ဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဥက္ကံသာဘိဝံသ မဟာ ထေရ်သည် ၁၃၄၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၃)
  2. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၆)