ဣန္ဒခီလသုတ်

ဝီကီပီးဒီးယား မှ

[၁] သစ္စာလေးပါးကို အမှန်အတိုင်း မသိကြကုန်သော သမဏ, ဗြာဟ္မဏတို့သည် အခြား သမဏ, ဗြာဟ္မဏတို့၏မျက်နှာကို ချီးမွမ်းအံ့ဩ၍ မော့ကြည့်နေကြရပုံကိုလဲ ဝါဂွမ်းဥပမာဖြင့် ဟောတော်မူပါသည်။ ။ သစ္စာလေးပါးကို အမှန်အတိုင်း သိပြီးသော သမဏ, ဗြာဟ္မဏတို့သည် အခြား သမဏ, ဗြာဟ္မဏတို့၏မျက်နှာကို မော့ပြီး မကြည့်ရတော့ကုန်၊ လေမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်သော တံခါးတိုင်ဥပမာဖြင့် ဟောတော်မူပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိအောင်အားထုတ်ကြရမည်ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၈၇-၈။ သံ၊မြန်၊၃၊၃၉၄-၅။ သံ၊ဋ္ဌ၊၃၊၃၃၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၄-သီသပါဝနဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ