အ.ထ.က(၃)ဒဂုံ

ဝီကီပီးဒီးယား မှ
(အ.ထ.က (၃) ဒဂုံ မှ ပြန်ညွှန်းထားသည်)
အ.ထ.က. (၃) ဒဂုံ
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ဒဂုံ
လိပ်စာ
ဒဂုံမြို့နယ်
ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး
မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားအများပိုင်
တည်ထောင်March 1921
ကျောင်းအမှတ်
အတန်းများK–10
ပထမဆုံး ဆရာမများ (၁၉၂၁)
ပထမဆုံးကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းလွင် နှင့် ဆရာမများ (ကျောင်းရန်ပုံငွေကပွဲအပြီး)

အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံ သို့မဟုတ် အ.ထ.က (၃) ဒဂုံ သည် ရန်ကုန်မြို့ဒဂုံမြို့နယ်၊ စကားဝါလမ်းနှင့် သံတမန်လမ်းအကြားတွင် တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်တွင် မြို့မအမျိုးသမီးအထက်တန်းကျောင်းအဖြစ် တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့လယ် ၃၂ လမ်းတွင် တည်ရှိခဲ့သည်။ ၃၂ လမ်း အိမ်တစ်အိမ်၏ အပေါ်ထပ်အခန်းတစ်ခန်းကို ငှားရမ်းပြီး အမျိုးသမီးကျောင်း ဖွင့်ခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းဖွင့်ဖြစ်အောင်နှင့် ကျောင်းသူများ သပိတ်မှောက်ဖြစ်အောင် စတင်လှုံ့ဆော်သူမှာ စိန်မေရီကျောင်းမှ ကျောင်းသူ ဒေါ်စီ ဖြစ်သည်။ ၃၂ လမ်း ကျောင်းအုပ်ဆရာမကြီးမှာ စိန်မေရီကျောင်းမှ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်တွင် သပိတ်မှောက်ထွက်လာသော ဆရာမကြီးဒေါ်နှင်းလွင်၊ အေဘီအမ်ကျောင်းမှ ဒေါ်လှရွှေ၊ မက်သဒစ်ကျောင်းမှ ဒေါ်ခင်ခင်ကြီး၊ ဒေါ်ခင်လေးတို့က ဦးဆောင်လျက် ဒေါ်မမ၊ ဒေါ်စောရီ၊ ဒေါ်လှရီ၊ ဒေါ်ချစ်၊ ဒေါ်မြသိန်း၊ ဒေါ်နှင်းမယ်တို့က ဆရာမများအဖြစ် တာဝန်ယူခဲ့ကြသည်။

ထို့နောက် ရန်ကုန်မြို့၊ ကမ့်(ပ်)လမ်း (ယခု စမုံလမ်း)၊ အမှတ် (၂၀) ရှိ နှစ်ထပ်အဆောက်အအုံကို ပွဲစားကြီးဦးဘိုးတက်၊ ဦးဘိုးခိုင်၊ ဦးအောင်ကြီးတို့က အလှူငွေကောက်ခံပြီး ဝယ်ပေးသဖြင့် ပြောင်းရွေ့ခဲ့ရပြန်သည်။ ၁၉၃၅-၃၆ ခုနှစ်တွင် ဆာဦးသွင်၊ ဦးဘဝင်းနှင့် ဆရာမကြီးဒေါ်စီတို့ ကြီးမှူးပြီး ရန်ပုံငွေအလှူကပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ စုဆောင်းထားသောငွေအပါအဝင် (၇) သောင်းကျပ်တန် တင့်(ခ်)လမ်း (ယခုသံတမန်လမ်း) ရှိ ယခုလက်ရှိအဆောက်အအုံကို အစိုးရက ငွေတစ်ဝက်စိုက်ပြီး မြို့မအမျိုးသမီးကျောင်းအတွက် ဝယ်ယူနိုင်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာမကြီးမှာ မစ္စဝိုက်ဇမ် အင်္ဂလိပ်အမျိုးသမီး (ဂျူးလူမျိုး) ဖြစ်သည်။ သူသည် မြို့မဆရာကြီးဦးဘလွင်နှင့်အတူ ပထမရွေးကောက်သော ကျောင်းသုံးစာအုပ်ပြဋ္ဌာန်းရေးကော်မတီအဖွဲ့ဝင်လူကြီး ဖြစ်ခဲ့သည်။ မစ္စဝိုက်ဇမ် ပြီးနောက် ဆရာမကြီး ဒေါ်လှကွန့်က ကျောင်းအုပ်ဆရာမကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြို့မအမျိုးသမီးကျောင်း ပိတ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြို့မအမျိုးသားကျောင်းသည် ကျားနှင့်မ အတူတကွ ပညာသင်ကြားသော co-education ကျောင်းဖြစ်လာသောအခါ မြို့မအမျိုးသမီးကျောင်းမှကျောင်းသူများသည်လည်း မြို့မအမျိုးသားကျောင်းတွင် အတူတကွသွားရောက်ပညာသင်ကြားခဲ့ရသည်။ ထိုစဉ်က မြို့မအမျိုးသမီးကျောင်း ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်တင်တင်စိန်၊ ဒုတိယကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်ခင်ခင်ညွန့်တို့ဖြစ်ကြသည်။[၁]

၁၉၂၁ ခုနှစ်တွင် စတင်ပြီး မြို့မအမျိုးသမီးကျောင်းဟု သီးသန့်အမည်မှည့်ခေါ်တည်ထောင်ခဲ့သော်လည်း စင်စစ်မှာမူ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် စတင်တည်ထောင်ခဲ့သော မြို့မတိုင်းရင်းသား National School နှင့် တစ်နေ့တည်း တစ်ချိန်တည်း ပေါက်ဖွားခဲ့သည်ဖြစ်၍ ကျောင်းသက်တမ်းကို တွက်ချက်မည်ဆိုလျှင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလကို မူတည်ပြီးတွက်ချက်ရမည်ဖြစ်သည်။[၁] မြန်မာ့ပညာရေးသမိုင်းတွင် အထက (၂) ဒဂုံမြို့မကျောင်းနှင့် အထက (၃) ဒဂုံ မြို့မကျောင်းတို့သည် ကျောင်းမောင်နှမအဖြစ် ထင်ရှားသည်။ အထက (၃) ဒဂုံသည် မိန်းကလေးကျောင်းဖြစ်ခဲ့သော်လည်း ယခုအခါ ကျောင်းသားနှင့်ကျောင်းသူ ပူးပေါင်းသင်ယူနိုင်သော co-education စနစ်ကျင့်သုံးလျက်ရှိသည်။ မြို့မအမျိုးသားအထက်တန်းကျောင်း၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် ကျောင်း၏တည်နေရာသည် လက်ရှိနေရာသို့ ပြောင်းလဲခဲ့သည်။

ကျောင်းသားကျောင်းသူဟောင်းများ[ပြင်ဆင်ရန်]

ထင်ရှားသော ကျောင်းသားကျောင်းသူဟောင်းများမှာ ဂျာနယ်ကျော်မမလေးကထိက ဒေါ်မြင့်သန်းထိပ်စုဖုရားထွေး၊ အကယ်ဒမီ ခင်သီတာထွန်းခင်နှင်းယုယုဝတီခင်ဦးအောင်ရဲလင်း စသည်တို့ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြို့မ-မြင့်ကြွယ်မြို့မဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ

ကိုဩဒိနိတ်: 16°52′34″N 96°11′20″E / 16.8760°N 96.1890°E / 16.8760; 96.1890