အွန်းတခဲတောင်
| အွန်းတခဲတောင် | |
|---|---|
| 御嶽山 | |
Viewed from Kuzo Pass of Route 361 | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၃,၀၆၇ m (၁၀,၀၆၂ ft)[၁] |
| ပေါ်လွင်မှု | ၁,၇၁၂ m (၅,၆၁၇ ft)[၂] |
| စာရင်းသွင်းခြင်း | Ultra, Ribu 100 famous mountains in Japan |
| ကိုဩဒိနိတ် | 35°53′34″N 137°28′49″E / 35.89278°N 137.48028°Eကိုဩဒိနိတ်: 35°53′34″N 137°28′49″E / 35.89278°N 137.48028°E[၁] |
| ပထဝီဝင် | |
| တည်နေရာ | Gifu and Nagano, Chūbu region, Japan |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geographical Survey Institute, 25000:1 御嶽山, 50000:1 御嶽山 |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Stratovolcano |
| နောက်ဆုံး ပေါက်ကွဲမှု | October 2014 |
အွန်းတခဲတောင် (御嶽山, Ontake-san) သည် ဂျပန်နိုင်ငံတွင် ၁၄ ခုမြောက် အမြင့်ဆုံးတောင်နှင့် ဒုတိယမြောက်အမြင့်ဆုံး မီးတောင် ဖြစ်သည်။ ဤတောင်ကို ခိဆိုအွန်းတခဲတောင် (木曽御嶽山, Kiso Ontake-san) ဟု ခေါ်သည်။ ပထမဆုံးအမြင့်ဆုံးမီးတောင်မှ ဖူဂျီတောင် ဖြစ်သည်။ ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။
ဖော်ပြချက်
[ပြင်ဆင်ရန်]အွန်းတခဲတောင်သည် နဂိုယမြို့မှ အရှ့မြောက်ဘက် ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အကွာခန့်တွင် တည်ရှိသည်။ တိုကျိုမြို့မှ အနောက်ဘက် ၂၀၀ ကီလိုမီတာ (၁၂၀ မိုင်) အကွာတွင် ရှိသည်။ နဂနိုစီရင်စုရှိ ခိဆိုမြို့နှင့် အိုးတခိရွာ၊ ဂိဖုစီရင်စုရှိ ဂဲရိုမြို့တို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိနေသည်။ ဤတောင်တွင် မီးတောင်ရေကန် ငါးခု ရှိသည်။ ၎င်းတို့တွင် နိနိုအိခဲ (二ノ池) သည် အမြင့် ၂၉၀၅ မီတာ (၉၅၃၁ ပေ) တွင် တည်ရှိကာ ဂျပန်နိုင်ငံရှိ ရေကန်များတွင် အမြင့်ဆုံးတောင်ပေါ်ရေကန် ဖြစ်သည်။
အွန်းတခဲတောင် သည် အဓိကကျသည့် အထွတ်အမြတ်ထားရာတောင်တစ်ခု ဖြစ်သည်။ တောင်ပေါ်တွင် ရှုဂန်းဒိုးတရားလေ့ကျင့်မှုများကို လေ့ကျင့်ကြသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Ontakesan - Japan Meteorological Agency (in ဂျပန်)
- Ontakesan: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Ontakesan - Smithsonian Institution: Global Volcanism Program
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Mountains altitude list in Japan(Gifu prefecture) (in ja)။ Geospatial Information Authority of Japan။ December 18, 2010 တွင် ပြန်စစ်ပြီး။
- ↑ "Japan Ultra-Prominences". Peaklist.org. Retrieved March 20, 2013.
