မာတိကာသို့ ခုန်သွားရန်

အွန်းဆန်း

ဝီကီပီးဒီးယား မှ
ဝခယာမစီရင်စု၊ နချိခဆွတ်အုရမြို့၊ နခနိုရှိမတွင် ရှိသည့် အခန်းပြင်အွန်းဆန်း
ရေပူစမ်းသို့ မဝင်မီ သန့်စင်ဆေးကြောရသည့်ကန်နှင့် ရေပူစမ်းတွင် ရေစိမ်နေပုံပြ ရုပ်သံ

အွန်းဆန်း (温泉 အသံထွက် - အွန်းဆင်း) သည် ဂျပန်နိုင်ငံရှိ ရိုးရာတည်းခိုခန်းများတွင် ဝန်ဆောင်မှုပေးသည့် ရေနွေးစိမ်သည့် ရေပူစမ်းနေရာဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံးတွင် အွန်းဆန်းပေါင်း ၂၅,၀၀၀ ရှိပြီး ၎င်းထဲမှ ခန့်မှန်းခြေ ၃၀၀၀ သည် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ရေပူစမ်းများ ဖြစ်သည်။

အွန်းဆန်းတွင် အခန်းပြင်ရေပူစမ်း (露天風呂 or 野天風呂, roten-buro / noten-buro) နှင့် အခန်းတွင်းရေပူစမ်း (内湯, uchiyu) ဟူ၍ နှစ်မျိုး ရှိသည်။ ပုံမှန်အားဖြင့် အွန်းဆန်းများသည် အခန်းပြင်တွင် ရှိခဲ့ကြသည်။ သို့သော် လက်ရှိအချိန်တွင် များစွာသော တည်းခိုခန်းများသည် ရေပူစမ်းများကို အခန်းတွင်းတွင် ပြုလုပ်လာကြသည်။ လက်ရှိအချိန်တွင် များစွာသောအိမ်များတွင် ရေပူစိမ်နိုင်သည့် ရေချိုးကန်များ ရှိနေကြပြီဖြစ်သည့်အတွက် အများအသုံးပြုနိုင်သည့် အွန်းဆန်းနေရာများသည်လည်း လျော့နည်းလာသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အဆုံးကာလကတည်းက ဂျပန်နိုင်ငံတွင် ရေပူစမ်းအပန်းဖြေမြို့များသည် တိုးပွားလာပြီး လူကြိုက်များလာခဲ့သည်။[][]

လက်ရှိအချိန်တွင် အွန်းဆန်းတည်ရှိသည့်နေရာကို အမှတ်အသား ♨ ဖြင့် မြေပုံများတွင် ပြထားကြသည်။ ခန်ဂျိ 湯 (yu, အဓိပ္ပါယ် - ရေပူ) ဖြစ်ပြီး ရိုးစင်းစွာ ဟိရဂနဖြင့် ゆ (yu) ဟု ရေးပြီး "ယု" ဟု အသံထွက်သည်။

သတ်မှတ်ချက်

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံအွန်းဆန်းများဥပဒေအရ အွန်းဆန်းကို "မြေအောက်မှထွက်လာသည့် ပူသည့်ရေ၊ သတ္ထုဓာတ်ပါဝင်သည့်ရေ၊ ရေငွေ့ သို့မဟုတ် အခြားဓာတ်ငွေ့များ" ဟု အဓိပ္ပါယ်သတ်မှတ်ထားသည်။ ဥပဒေတွင်လည်း ရေပူသည် အနည်းဆုံး ၂၅ ဒီဂရီစင်တီဂရိတ် (၇၇ ဒီဂရီဖာရင်ဟိုက်) ရှိရန် လိုအပ်ပြီး ရေကန်၏ အနက်သည်လည်း အနည်းဆုံး ၁.၅ ကီလိုမီဝာ (၀.၉၃ မိုင်) ရှိရန် လိုအပ်သည်။[] ထို့အပြင် လိုအပ်သည့် သတ္ထုဓာတ်များဖြစ်သည့် ဆာလဖာ၊ ဆိုဒီယမ်၊ အိုင်းယွန်း၊ မက်ဂနီဆီယမ် စသည့်ဓာတ်များပါဝင်မှုပမာဏကိုလည်း သတ်မှတ်ထားသည်။ ထိုသတ်မှတ်ထားသည့် ဓာတ်သတ္ထုများ ပါဝင်မှု မရှိလျှင်လည်း ထိုရေပူစသည် ရေချိုးနိုင်သည့်ရေဖြစ်ပြီး နေရာအတော်များများတွင် "ရေပူစမ်း" ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထိုကဲ့သို့ သတ်မှတ်ချက်ကို ပြည့်မီခြင်းမရှိသည့် ရေပူစမ်းများသည် ကျန်းမာရေးအရအထောက်အကူပြုမှုအတွက် အကန့်အသတ်များ ရှိနိုင်သည်။[]

ရေပူစမ်းတွင် အမျိုးမျိုးသော ဓာတ်သတ္ထုများ၊ ဓာတုပစ္စည်းများ ပါဝင်ပါက ထိုရေအမျိုးအစားသည် မည်သည့်ရေအမျိုးအစားဖြစ်သည်ကို ဖော်ပြထားပြီး သတ်မှတ်ထားချက်နှင့်ကိုက်ညီသည့် သတ္ထုဓာတ်များပါဝင်ပါက ထိုရေသည် ကျန်းမာရေးအရ အကျိုးပြုမှုများစွာရှိသည့်ရေ ဖြစ်သည်။[][] ထိုကဲ့သို့ပါဝင်သည့်သတ္ထုအမျိုးအစားကိုလိုက်၍ ရေပူစမ်းအမျိုးအစားကို ဖော်ပြရာတွင် ဆာလဖာအွန်းဆန်း (硫黄泉, iō-sen) ၊ ဆိုဒီယမ်ကလိုရိုက်အွန်းဆန်း (ナトリウム泉, natoriumu-sen)၊ ဟိုက်ဒရိုဂျင်ကာဗွန်နိတ်အွန်းဆန်း (炭酸泉, tansan-sen) နှင့် အိုင်းယွန်းအွန်းဆန်း (鉄泉, tetsu-sen)စသည်ဖြင့် ဖော်ပြထားကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံတွင် လူများအွန်းဆန်းတွင် ရေစတင်ချိုးခဲ့သည့်အလေ့၏ အစောဆုံးအချိန်ကာလကို တိကျစွာ မသိရှိရပေ။ သို့သော် သမိုင်းမှတ်တမ်းများအရ ဤအလေ့သည် အနည်းဆုံး နှစ် ၁၃၀၀ မတိုင်မီက စတင်ခဲ့ကြောင်း ဖော်ပြသည်။[][] ရေပူစမ်းတွင် ရေချိုးခြင်းအကြောင်းအစောဆုံးဖော်ပြထားသည့် မှတ်တမ်းများတွင်မူ ဘုရင်များနှင့် နန်းတွင်းဘုရင့်ဆွေမျိုးမိသားစုများသည် အွန်းဆန်းတွင် အချိန်ကြာမြင့်စွာနေပြီး ရေချိုးလေ့ရှိသည်ဟု ဖော်ပြထားကြသည်။ တစ်ချိန်တည်းမှာပင် အွန်းဆန်းများသည် အထွတ်အမြတ်ထားရာနေရာများဖြစ်ကြပြီး ရောဂါဘယများပျောက်ကင်းစေသည့်ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ရှေးခေတ်အခါက အွန်းဆန်းများတွင် ရေချိုးခြင်းသည် ရောဂါများကို ပျောက်ကင်းစေနိုင်သည့် လေ့ကျင့်မှုတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ကြသည်။ တစ်ခါတရံ အွန်းဆန်းများတွင် ကြာမြင့်စွာ တစ်ပတ်ကြာ စသည်ဖြင့် ရေစိမ်ခြင်းများ ပြုလုပ်ကာ ရောဂါများကို ကုသခဲ့ကြသည်။ ၎င်းကို တိုးဂျိ (湯治) ဟု ခေါ်သည်။ အချို့သော သက်တမ်းအရင့်ဆုံးအွန်းဆန်းမှာ အဲဟိမဲစီရင်စုရှိ ဒိုးဂေါ့အွန်းဆန်း၊ ဝါခယာမစီရင်စုရှိ ရှိရဟမအွန်းဆန်း၊ ဟယောဂေါ့စီရင်စုရှိ အရိမအွန်းဆန်း တို့ ဖြစ်ကြသည်။[][][၁၀][]

အဲဒိုခေတ်ကာလမတိုင်မီက ဘာသာရေးနှင့်ပတ်သက်ဆက်နွယ်၍ ဗုဒ္ဓဘာသာကျောင်းတော်များအနီးတွင် ရှိနေသည့် အွန်းဆန်းများကို ပိတ်ပင်ခဲ့သည်။[][] အဲဒိုခေတ်တွင်မူ အွန်းဆန်းများသည် ပုံမှန်လူတန်းစားများအကြားတွင် လူကြိုက်များလာခဲ့သည်။ ဤခေတ်ကာလတွင် လူအများသည် အွန်းများကို ဘာသာရေးနှင့် ကုသရေးအကြောင်းပြချက်ဖြင့် အသုံးပြုခြင်းထက် ရေချိုးကာ ကိုယ်လက်သန့်စင်ခြင်းနှင့် လူမှုဆက်ဆံရေးနှင့်ပတ်သက်သည့်အကြောင်းပြချက်ဖြင့် အသုံးပြုသည့် ဓလေ့သို့ ကူးပြောင်းလာခဲ့သည်။[၁၁][၁၂]

ယခုခေတ်ကာလတွင်မူ ပြည်တွင်း ခရီးသွားသူများသည် အွန်းဆန်းများရှိသည့် မြို့များသို့ သွားရောက်လည်ပတ်ခြင်းကို ပြုလုပ်လာကြသည်။ ၁၉၈၀ ခုနှစ်များကာလသည် ဂျပန်နိုင်ငံတွင် အွန်းဆန်းယဉ်ကျေးမှုထွန်းကားခဲ့သည့် ကာလ ဖြစ်သည်။ ထိုခေတ်ကာလထွန်းကားလာပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံတွင် ညအချိန်ကာလတည်းခိုခန်းနှင့် ရေပူစမ်းအနားယူစခန်းများအရေအတွက်သည် လျော့နည်းလာခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ အွန်းဆန်းများရှိသည့် အပန်းဖြေမြို့များသို့ ခရီးသွားခြင်းအလေ့သည် ဂျပန်လူမျိုးများအကြားတွင် လက်ရှိအချိန်အထိ ရေပန်းစားလျက်ရှိသည်။[][၁၂]

ကျားမသုံး အွန်းဆန်းများ

[ပြင်ဆင်ရန်]
ဟခိုနဲလမ်းညွှန်၊ ၁၈၁၁ ခုနှစ်

ပုံမှန်အားဖြင့် အွန်းဆန်းများနှင့် ဆန်းတိုး (sentō) ရေချိုးအိမ်များတွင် အမျိုးသားနှင့် အမျိုးသမီးများသည် အတူတူပင် ရေချိုးသည့်အလေ့ရှိခဲ့သည်။ သို့သော် မဲဂျိခေတ်ကာလပြုပြင်ပြောင်းလဲရေးကာလအတွင်းတွင် အနောက်တိုင်းယဉ်ကျေးမှုသည် ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် အချို့သော လူမှုအဖွဲ့အစည်းများသည် ကျားမခွဲခြားမှုကို တိုက်တွန်းလာခဲ့သည်။

ဂျပန်နိုင်ငံအများပြည်သူသုံးရေချိုးကန်များတွင် လက်ရှိအချိန်၌ ကျားမအတူ ရေချိုးခြင်း (混浴, kon'yoku) ကို တားမြစ်ထားသည်။ ဒေသဆိုင်ရာအမိန့်များနှင့် စီရင်စုအပေါ်မူတည်ကာ ၇ နှစ်နှင့်အောက်ငယ်ရွယ်သည့် ကလေးများမှာမူ ဤတားမြစ်မှုမှ ကင်းလွတ်ခွင့်ရှိသည်။[၁၃][၁၄][၁၅]}}[၁၆]

ကိုယ်ပိုင်ရေချိုးခန်းကဲ့သို့ အသုံးပြုနိုင်သည့် အွန်းဆန်းများကို မိသားစုရေချိုးခန်း (家族風呂, kazokuburo) ဟု ခေါ်ပြီး ဂျပန်နိုင်ငံရှိ နေရာများစွာတွင် တွေ့နိုင်သည်။ ၎င်းရေချိုးခန်းများကို ငှားရမ်းကာ ကျားမအတူ ရေချိုးခြင်းများ ပြုလုပ်နိုင်သည်။[၁၇]

ဂျပန်ဘာသာစကားတွင် "အွန်းန" (女/おんな) သည် အမျိုးသမီး၊ "အိုတိုခို" (男/おとこ) သည် အမျိုးသားဟု အဓိပ္ပါယ်ရသည်။ ゆ နှင့် 湯 ဟူသည့် အက္ခရာနှစ်ခုသည် အသံထွက် "ယု" ဖြစ်ပြီး "ရေနွေး" ဟု အဓိပ္ပါယ်ရှိသည်။ ရေနွေးဖြင့်ရေချိုးခြင်းကို "အွန်းဆန်း" ဟု ခေါ်သည်။ ပုံမှန်အားဖြင့် နိုရန်း (暖簾/のれん) ဟုခေါ်သည့် လိုက်ကာများဖြင့် ရေပူစမ်းများကို ကာရံထားလေ့ရှိသည်။[၁၈]

ကျင့်ဝတ်ထုံးတမ်းများ

[ပြင်ဆင်ရန်]

သန့်ရှင်းစေခြင်း

[ပြင်ဆင်ရန်]

Sentō (ဆန်းတိုး) ရေချိုးအိမ် နှင့် အွန်းဆန်းတွင် ရေစိမ်ရေချိုးခြင်းမပြုမီ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရန် လိုအပ်သည်။ ရေချိုးသည့်နေရာများတွင် ခွေးခြေများ၊ ဘုံပိုင်ခေါင်းများ၊ မျက်နှာသစ်စင်များ၊ ဆပ်ပြာများ၊ ခေါင်းလျှော်ရည်များ စသည်တို့ကို ထားရှိပေးထားသည်။ အွန်းဆန်းအတွင်းသို့ ညစ်ပေနေသည့် သို့မဟုတ် ဆပ်ပြာကပ်ပေနေသည့် ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ရေစိမ်ခြင်းမပြုမီ ကိုယ်လက်သန့်စင်သည့်နေရာတွင် ဆေးကြောခြင်းမပြုသည့် ဆံပင်သည် ဆံသားများ ပျက်စီးနိုင်သည်။[မှတ်စု ၁]

အွန်းဆန်းများသည် အပန်းဖြေနေရာနှင့် ပတ်ဝန်းကျင်ဖြစ်သော်လည်း ဧည့်သည်များအနေဖြင့် ကိုလက်သန့်စင်သည့်နေရာရှိ ပစ္စည်းများကို သပ်ရပ်စွာ ပြုလုပ်ခြင်း၊ သန့်ရှင်းခြင်းများ ပြုလုပ်ရန် လိုအပ်သည်။

ရေကူးဝတ်စုံ

[ပြင်ဆင်ရန်]

ရေကူးဝတ်စုံဝတ်ကာ ဝင်ရောက်ခြင်း၊ သန့်စင်ဆေးကြောခြင်းများကို တားမြစ်ထားသည်။ အဝတ်မပါသည့် ဗလာကျင်းခန္ဓာကိုယ်ဖြင့် ဝင်ရောက်ရမည် ဖြစ်သည်။

သို့သော် အချို့သော ခေတ်နှင့်အညီပြုလုပ်ထားသည့် အွန်းဆန်းများတွင်မူ တစ်ခါသုံးရေကူးဝတ်စုံများကို ခွင့်ပြုထားသည်။ ထိုကန်များထဲတွင် အမျိုးသားအမျိုးသမီးအတူတကွ ဝင်ရောက်နိုင်သည်။ ဤရေကူးကန်များသည် ရှေးသမားရိုးကျရှိခဲ့သည့် အွန်းဆန်းများနှင့် မတူကွဲပြားပြီး ပြန်လည်ပြုပြင်ထားသည့် ပုံစံများ ဖြစ်သည်။[၁၉][၂၀][၂၁][၂၂]

အွန်းဆန်းသို့ လာရောက်သည့် ဧည့်သည်များသည် သေးငယ်သည့် တဘက်တစ်ခုကို အသုံးပြုကာ ကိုယ်သုတ်ဝတ်အဖြစ် အသုံးပြုရမည် ဖြစ်သည်။ ၎င်းကို အဝတ်လဲခန်းသို့ ပြန်လည်ဝင်ရောက်သည့်အခါတွင် စိုနေသည့် ခန္ဓာကိုယ်ကို သုတ်ရသည်။ ထို့အပြင် ကိုယ်လက်သန့်စင်သည့် နေရာမှ ရေချိုးကန်သို့ လာသည့်အခါတွင်လည်း အရှက်ကို ကာကွယ်သည့်အနေဖြင့် ခါးတွင် စည်းထားရာတွင်လည်း အသုံးပြုသည်။ တီဗွီအစီအစဉ်များစွာတွင် ထိုတဘက်ကို ဝတ်ဆင်ကာ ရေပူစမ်းအတွင်း ရေစိမ်ခြင်းများ ပြုသည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ ပါဝင်သရုပ်ဆောင်သူများ၏ အရှက်ကို ကာကွယ်ရန်အတွက် ဝတ်ဆင်ကာ ရေစိမ်ခြင်းသာဖြစ်ပြီး လက်တွေ့တွင် ထိုကဲ့သို့ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ထိုကဲ့သို့ တဘက်ကို ဝတ်ဆင်ကာ ရေပူစမ်းသို့ ဝင်ရောက်ခြင်းသည် မသန့်ရှင်းသည့် အပြုအမူဟု သတ်မှတ်ထားသည်။ ပုံမှန်အားဖြင့် ရေစိမ်နေသည့်အခါတွင် တဘက်ကို ရေစိမ်ကန်၏ ဘေးတွင် ထားလေ့ရှိကြသည်။ ထိုသို့မဟုတ်ပါက ခေါက်ထားသည့် တဘက်များကို မိမိတိုု့၏ ခေါင်းပေါ်တွင် ပတ်ထားခြင်းဖြင့် ရေမစိုအောင် ထားရှိကြသည်။[ကိုးကားချက်လိုသည်]

တက်တူး

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်တွင် ၅၆ ရာခိုင်နှုန်းသော အွန်းဆန်းလုပ်ငန်းများသည် တက်တူးပါရှိသည့် ဧည့်သည်များ အွန်းဆန်းအသုံးပြုခြင်းကို တားမြစ်ထားသည်။[၂၃][၂၄][၂၅] တက်တူးပါရှိသည့် အသုံးပြုသူများကို ဝင်ရောက်ခွင့်တားမြစ်ခြင်းမှာ ယာကူဇာဂိုဏ်းဝင်များ ဝင်ရောက်မှုကို တားမြစ်နိုင်ရန်၊ ရာဇဝတ်မှုများ ဖြစ်ပွားမှုကို တားမြစ်နိုင်ရန်အတွက် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံခရီးသွားအေဂျင်စီသည် အွန်းဆန်းလုပ်ငန်းများကို တက်တူးပါရှိသည့် နိုင်ငံခြားသားခရီးသွားများကို အွန်းဆန်းအသုံးပြုခွင့်ပေးခြင်းဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြရန် တိုက်တွန်းခဲ့သည်။[၂၆] လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားခရီးသွားများကို အွန်းဆန်းအသုံးပြုခွင့်ပေးရန် ဆန္ဒရှိသော်လည်း ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြင့် ယာကူဇာဂိုဏ်းဝင်များ အွန်းဆန်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ်နိုင်မှုအား ထိခိုက်မှုရှိမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။[၂၇][၂၈][၂၉]

သို့သော် တက်တူးကို လက်ခံသည့် အွန်းဆန်းများလည်း ရှိနေသေးသည်။[၃၀] ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံခရီးသွားအဖွဲ့အစည်းက ပြုလုပ်သည့် လေ့လာမှုတွင် ဟိုတယ်နှင့် တည်းခိုခန်းများတွင်ရှိသည့် ၃၀ ရာခိုင်နှုန်းကျော်သော အွန်းဆန်းများသည် တက်တူးပါသည့် ဧည့်သည်များကို ဝင်ရောက်ခွင့်ပြုထားသည်ဟု ဆိုသည်။ အခြားသော ၁၃ ရာခိုင်နှုန်းသော အွန်းဆန်းများမှာ တက်တူးပါရှိသည့် ဧည့်သည်များ၏ တက်တူးများကို ဖုံးအုပ်ခြင်းကဲ့သို့သော အစီအမံများဖြင့် ဝင်ရောက်ခွင့်ပြုထားသည်ဟု ဆိုကြသည်။ အချို့သော မြို့များရှိ အွန်းဆန်းများသည် ထိုကဲ့သို့ ဖုံးအုပ်စရာမလိုဘဲ ဝင်ခွင့်ပြုထားသည်။ ထိုကဲ့သို့ ခွင့်ပြုထားသည့် မြို့များတွင် ဟယောဂေါ့စီရင်စုရှိ ခိနဆခိအွန်းဆန်းနှင့် အိုးအိတစီရင်စုရှိ ဘက်ပုအွန်းဆန်းများ ပါဝင်သည်။[၃၁]

ခရီးသွားကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားသားခရီးသွားများလည်း တိုးတက်လာခဲ့သည်။ အချို့သော အွန်းဆန်းများသည် ယခင်က တက်တူးဖြင့် ဝင်ရောက်ခြင်းကို တားမြစ်ထားသော်လည်း နောက်ပိုင်းတွင် စည်းကမ်းများကို ဖြေလျော့ပေးခြင်း၊ သေးငယ်သည့် တက်တူးများဖြစ်ပါက ဝင်ရောက်ခွင့်ပြုခြင်း၊ တက်တူးများကို စတစ်ကာများကပ်ကာ ဖုံးအုပ်ပြီး ဝင်ရောက်ခွင့်ပေးခြင်းများ ရှိလာသည်။[၂၃][၃၂]

အကျိုးကျေးဇူးများ

[ပြင်ဆင်ရန်]

အွန်းဆန်းတွင် ရေစိမ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိသည်။[၃၃][၃၄][၃၅] Onsen are particularly renowned for their relaxing and therapeutic effects.[၃၅] အွန်းဆန်းများသည် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေခြင်းနှင့် အနာရောဂါများကို ပျောက်ကင်းခြင်း စသည့်ကောင်းကျိုးများဖြင့် လူသိများသည်။ ထိုကဲ့သို့ အကျိုးရှိသည်မှာ အပူချိန်၊ ဖိအား၊ ရေတွင်ပေါင်းစပ်ပါဝင်နေသည့် သတ္ထုဓာတ်များ စသည်တို့ကြောင့် ဖြစ်သည်။[၃၆]

၂၀၁၄ ခုနှစ် အွန်းဆန်းများဖြင့် နာမည်ကျော်သည့် ဘက်ပုမြို့ (Beppu) မြို့တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ပုံမှန် အွန်းဆန်းတွင် ရေစိမ်ပေးပါက သွေးဖိအားကျဆင်းခြင်း၊ စိတ်ဓာတ်ကျဆင်းမှုနှုန်းကို လျော့ကျစေခြင်း၊ ကာလရှည်ကြာနာကျင်မှုများနှင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေခြင်း စသည့်အကျိုးသက်ရောက်မှုများ ရှိသည်ကို တွေ့ရသည်။[၃၄] အွန်းဆန်းများ ရှိသည့်အတွက် နာမည်ကြီးသည့် အခြားမြို့တစ်ခုဖြစ်သည့် အတမိမြို့ (Atami) တွင် စစ်တမ်းတွင်လည်း အွန်းဆန်းရှိသည့် အိမ်ရှိလူများသည် မရှိသည့်အိမ်ရှိလူမများနှင့် နှိုင်းယှဉ်ပါက သွေးဖိအားနှင့်ပတ်သက်သည် ရောဂါကုသရမှု နည်းပါးသည်ကို တွေ့ရသည်။[၃၃]

အွန်းဆန်းများသည် အမျိုးအစားများစွာရှိပြီး ကာဗွန်နစ်အက်စစ်ပါဝင်သည့် အွန်းဆန်း၊ သံဓာတ်ပါဝင်သည့် အွန်းဆန်း၊ အက်ဆစ်ဓာတ်ပါဝင်သည့် အွန်းဆန်း၊ အနံ့ပြင်းသည့် ဆာလဖာပါဝင်သည့် အွန်းဆန်းနှင့် အခြားအွန်းဆန်းများလည်း များစွာရှိသေးသည်။[၃၃] အွန်းဆန်းတစ်ခုချင်းစီသည် အမျိုးအစားပေါ်မူတည်ကာ မတူညီသည့် ကျန်းမာရေးကောင်းကျိုးရှိသည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် ကာဗွန်နစ်အက်စစ်ပါဝင်သည့် အွန်းဆန်းသည် အသားအရေကို ချောမွေစေသည့် အာနိသင်ရှိသည်။ အွန်းဆန်းလုပ်ငန်းများဘက်မှလည်း မိမိတို့၏ အွန်းဆန်းကို လာရောက်အသုံးပြုပါက များစွာသော ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကောင်းကျိုးများရှိသည်ဟု ကြော်ညာလေ့ရှိသည်။[၃၇][၃၈]

အချို့သော အွန်းဆန်းများရှိ ရေများသည် သောက်သုံးနိုင်ကြသည်။ စီရင်စုမှ အွန်းဆန်းမှရေကို သောက်သုံးရန်စိတ်ချရသည်ဟု သတ်မှတ်ထားပါက သောက်သုံးနိုင်သည်။[၃၉][၄၀][၄၁] ထိုသောက်သုံးနိုင်သည့် ရေသည် သတ်မှတ်ထားသည့် နေရာမှရယူထားသည့် ရေဖြစ်ကာ ရေချိုးရာတွင်အသုံးပြုသည့်ရေအရင်းအမြစ်နှင့် ခွဲခြားထားသည်။[၄၀] သတ္ထုဓာတ်များပေါကြွယ်ဝစွာပါဝင်နေသည့် အွန်းဆန်းရေသည် သွေးအတွင်းသံဓာတ်လျော့နည်း၍ ဖျော့တော့သည့်ရောဂါ သို့မဟုတ် ဝမ်းချုပ်သည့်ရောဂါများကို သက်သာစေသည်ဟု ယုံကြည်ကြသည်။[၃၉][၄၁]

အခက်အခဲများ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ အွန်းဆန်းဥပဒေအမှတ် (၁၈) အပိုဒ် (၁) တွင် အွန်းဆန်းများမှ ရေများသောက်သုံးခြင်း၊ ရေစိမ်ခြင်းများနှင့် ပတ်သက်သည့် ဓာတ်မတည့်ကြောင်းအမှတ်အသားများ၊ သတိပြုရန်များကို ဖော်ပြထားသည်။[၄၂] သို့သော်လည်း သန်းပေါင်းများစွာသော ဂျပန်လူမျိုးများသည် ထိုဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်သည့် သတိပေးချက်များကို သတိထားမှုနည်းပါးကြသည်။ ထို့အတွက်ကြောင့် အွန်းဆန်းများ အသုံးပြု၍ ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများသည်လည်း ယခုအချိန်ထိတိုင် ရှိနေသေးသည်။ ဥပမာအားဖြင့် သွေးဖိအားမြင့်မားလာခြင်း သို့မဟုတ် နှလုံးနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်ပွားခြင်းတို့ ဖြစ်သည်။[၄၃]

ရေဆိုးစွန့်ပစ်သည့်စနစ် ကောင်းမွန်ခြင်းမရှိသည့် အွန်းဆန်းများတွင် Legionella ဘတ်တီးရီးယားကို တွေ့ရသည်။[၄၄][၄၅] ဥပမာအားဖြင့် ၂၀၀၂ ခုနှစ်တွင် မိယဇခိစီရင်စုတွင် ရှိသည့် အွန်းဆန်းတစ်ခုတွင် လူ ၂၉၅ ဦး Legionella ဘတ်တီးရီးယားပိုး ဝင်ရောက်ခံရခဲ့ပြီး ၇ ဦး အသက်ဆုံးပါးခဲ့သည်။[၄၅][၄၆][မှတ်စု ၂] ရေဆိုးစွန့်ပစ်သည့်စနစ်ကောင်းမွန်ခြင်းမရှိသည့် အွန်းဆန်းများ၏ ပွင့်လင်းမှုရှိစွာ ဖော်ပြမှုမရှိခြင်းသည် အွန်းဆန်းလုပ်ငန်းများနှင့် ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေမှုများလည်း ရှိသည်။[၄၇]

ကမ္ဘာတစ်ဝှမ်းရှိ ပူနွေးသည့် ရေများတွင် ကူးစက်တတ်သည့်ရောဂါများ ဖြစ်ပွားလေ့ရှိသည်ကို ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ဥပမာအားဖြင့် Naegleria မျိုးစိတ်များကဲ့သို့သော သက်ရှိများ ဖြစ်သည်။[၄၈] လက်ရှိကာလတွင် ရေပူစမ်းများရှိ ရေများတွင်လည်း ထိုNaegleria မျိုးစိတ်များ ရှိနေသည်ကို တွေ့ရသည်။ Naegleria fowleri များသည် သေစေနိုင်သည့် ရောဂါများကိုပင် ဖြစ်ပွားစေနိုင်သည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ မှတ်တမ်းများအရ ထိုကဲ့သို့ကူစက်မှုဖြစ်ပွားခဲ့ခြင်းသည် ငါကြိမ်အောက်သာ ရှိခဲ့သည်။

အွန်းဆန်းများတွင် ရှရာ၊ အနာ နှင့် ဒဏ်ရာများ ရှိပါက အွန်းဆန်းတွင် ရေစိမ်ခြင်းမပြုရန် သတိပေးစာများ ကပ်ထားကြသည်။ ထို့အပြင် မကြာသေးမီကာလမှစတင်၍ အွန်းဆန်းများတွင် ရောဂါကူးစက်ခြင်းကို ကာကွယ်ရန် ရေတွင် ကလိုရင်း ခပ်ထားကြသည်။ အချို့အွန်းဆန်းများမှာမူ ရေကို မူလသဘာဝအတိုင်း ထားရှိကြသည်။ ကလိုရင်းမခပ်ထားသည့် ရေများကို လဲလှယ်ခြင်းမပြုဘဲ ထိုအစား ရေကန်ကို နေ့စဉ်သန့်ရှင်းမှုများ ပြုလုပ်ကြသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မှန်ကန်သည့်အသုံးပြုနည်းဖြင့် အသုံးပြုပါက ထိုကဲ့သို့သော ကူးစက်မှုများကို ကာကွယ်နိုင်သည်။ ဥပမာအားဖြင့် ရေအောက်သို့ ဦးခေါင်းနှစ်ကာ ရေချိုးရေစိမ်ခြင်းကို ရှောင်ရှားခြင်းနှင့် ရေစိမ်ကန်သို့ မဝင်ပြီ သေသေချာချာ သန့်ရှင်းအောင်ဆေးကြောခြင်းတို့ ဖြစ်သည်။[၄၇]

အချို့သော အွန်းဆန်းများတွင် ချောင်းမြောင်းကြည့်ခံရသည့် အမှုများလည်း ဖြစ်ပွားခဲ့သည်။ ဂျပန်တိုင်းသတင်းစာ၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံရှိ အချို့သောစီရင်စုများတွင် ရေစိမ်မည့်သူများအနေဖြင့် ရေကူးဝတ်စုံဝတ်ကာ အသုံးပြုရန် သတ်မှတ်လိုက်ခြင်းဖြင့် ထိုကဲ့သို့သော အမှုများ လျော့ပါးလာသည်ဟု ဆိုထားသည်။[၂၂][၄၉][၅၀] ၂၀၂၁ ခုနှစ်တွင် အခန်းပြင်ရေစိမ်ခန်းတွင် ရေချိုးနေသူများ၏ ရုပ်ပုံများကို ခိုးရိုက်သည့် လူများစွာသည် အုပ်စုဖွဲ့ကာ ကျူးလွန်ခဲ့သဖြင့် အဖမ်းခံခဲ့ရသည်။[၅၁][၅၂]

ရေချိုးသည့်နည်းလမ်းများ

[ပြင်ဆင်ရန်]

အများသုံးနိုင်ပြီး အရွယ်အစားကြီးသည့်ရေချိုးကန်များ (大浴場, daiyokujō) နှင့် အခန်းပြင်ရေချိုးကန်များ (露天風呂, roten-buro) သည် အသုံးပြုသူများ ခံစားနိုင်စေရန်အတွက် ဝန်ဆောင်မှုပုံစံအမျိုးမျိုးရှီကြသည်။ ဥပမာအားဖြင့် -

  • ရေတံခွန်ရေချိုးကန် (打たせ湯, utase-yu) - ရေနွေးသည် အမြင့်နေရာမှ ကျဆင်းလာပြီး ထိုရေ၏ ဖိအားကြောင့် နှိပ်နယ်ပေးသကဲ့သို့ ခံစားရအောင် ဆောင်ရွက်ထားသည်။[၅၃]
    Utase-yu waterfall bath at Tarutama Onsen (垂玉温泉)
  • ရေနွေးငွေ့ရေချိုးကန် (蒸し湯, mushi-yu) - သေးငယ်သည့် အခန်းထဲတွင် အွန်းဆန်းမှထွက်လာသည့် ရေနွေငွေ့များ ပျံတက်နေပြီး အသုံးပြုသူသည် မိမိ၏ ခန္ဓာကိုယ်နှင့် လည်ပင်းကို ရေတွင်စိမ်၊ ဦးခေါင်းကို ဖော်ထားကာ အသုံးပြုသည့်နည်း ဖြစ်သည်။ ချွေးထုတ်ခန်း (Sauna) ကို အသုံးပြုခြင်းနှင့် ဆင်တူသည့် အကျိုးသက်ရောက်မှု ရှိသည်။[၅၃]
  • အိပ်ချိုးရေကန် (寝湯, ne-yu) - ဤရေကန်သည် စောက်တိမ်ပြီး လဲလျောင်းကာ ချိုးရသည့် ပုံစံ ဖြစ်သည်။ ထို့အတွက် အိပ်လျက် အသုံးပြုနိုင်သည်။ သို့သော် အပူချိန်လွန်ကဲမှုကို သတိပြုရန် လိုအပ်သည်။[၅၄]
  • အရှိယု(足湯, ashi-yu) - ဤရေစိမ်ကန်ကိုမူ အဓိကရေစိမ်ကန်နှင့် ခွဲထားထားရှိသည်။ ဤရေစိမ်ကန်သည် ပုံမှန်အားဖြင့် အသုံးပြုခ အခမဲ့ ဖြစ်သည်။ အသုံးပြုသူများသည် အဝတ်အစားဝတ်ဆင်ထားလျက်ပင် အသုံးပြုနိုင်ပြီး မိမိ၏ ခြေထောက်နှင့် ခြေဖဝါးများကို ရေတွင်စိမ်ကာ အသုံးပြုရသည်။
  • သဲရေချိုးကန်(砂湯, suna-yu) - အသုံးပြုသူသည် သဲထဲတွင် လဲလျောင်းကာ သို့မဟုတ် ခန္ဓာကို တစ်စိတ်ပိုင်းကို နှစ်မြုပ်ကာ အသုံးပြုရသည်။ ထိုသဲသည် အွန်းဆန်းရေ သို့မဟုတ် အခြားအရင်းအမြစ်မှ ရေဖြင့် အပူပေးထားသည်။ အသုံးပြုသည့်အချိန်တွင် ယုခတ (Yukata) ကို ဝတ်ဆင်လေ့ရှိပြီး ကျားမ အတူတူ အသုံးပြုနိင်သည်။[၅၃]
  • ဂန်းဘန်းယောခု (岩盤浴) သည် အပူပေးထာသည့် ကျောက်တုံးများပေါ်တွင် လဲလျောင်းကာ အသုံးပြုရသည်။ အသုံးပြုသူသည် ဂျပန်တို့၏ အခန်းတွင်းဝတ်ဆင်သည့် အဝတ်တစ်မျိုးဖြစ်သည့် "ခန်းနိုင်းဂိ" (館内着) ကို ဝတ်ဆင်ရသည်။ ကျားမအတူတူ အသုံးပြုနိုင်သည်။ ဂန်းဘန်းယောခုကို ပုံမှန် အဝတ်ဗလာဖြင့် အသုံးပြုရသည့် အွန်းဆန်းအခန်းများနှင့် ခွဲခြားထားရှိသည်။[၅၅]

ချွေးထုတ်ခန်းများ (Sauna) ကို တစ်ခါတရံ အွန်းဆန်းများတွင် တွေ့ရတတ်သည်။ အတော်လေးအေးသည့် အခန်းဖြစ်သည့် မိဇုဘုရို (水風呂) သည် ချွေးထုတ်ခန်းများ၏ အပြင်ဘက်တည့်တည့်တွင် ရှိသည်။ မိဇုဘုရိုများကို အသုံးပြုသူများအနေဖြင့် အလျင်အမြန် အအေးခံချင်သည့်အခါတွင် အသုံးပြုကြသည်။ ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းဝင်ခြင်းနှင့် မိဇုဘုရိုသို့ဝင်ကာ အအေးခံခြင်း ဤလုပ်ငန်းစဉ်ကို ဂျပန်ဘာသာစကားဖြင့် တိုတိုနိုအု (ととのう) ဟု ခေါ်ပြီး လန်းဆန်းစေပြီး ကျန်မာရေးအရအကျိုးကျေးဇူးများ ရှိသည်ဟု ယုံကြည်ကြသည်။[၅၆][၅၇]

အောက်ခြေမှတ်စု

[ပြင်ဆင်ရန်]
  1. In very isolated, undeveloped, natural onsen, where there is no possibility to use soap before entering in the bath, onsen users are expected to at least rinse their body with the water of the bath before entering it.
  2. In addition to this case, two people were infected and one died at Arima Onsen in 2022. In the same year, Legionella bacteria up to 3,700 times the standard value were detected at an onsen in Fukuoka Prefecture because the water was changed only twice a year.[၄၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. Public Baths in Japan (in en)။ 17 October 2018 တွင် ပြန်စစ်ပြီး။
  2. 1 2 温泉の歴史(現代)※第二次世界大戦後 | 日本温泉協会 (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  3. Hot Spring Act Ministry of the Environment Government of Japan။ 2020-10-18 တွင် ပြန်စစ်ပြီး။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Sacred Waters
  5. "Onsen (hot springs) in Japan—Transforming terrain into healing landscapes" (2012). Health & Place 18 (6): 1366–73. doi:10.1016/j.healthplace.2012.06.020. PMID 22878276.
  6. Soaking up the Benefits: Japan's Hot Springs Tradition Nippon: Your doorway to Japan (30 March 2015)။ 27 August 2020 တွင် ပြန်စစ်ပြီး။
  7. 1 2 温泉の歴史(古代)※奈良時代~平安時代 | 日本温泉協会 (in ja)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  8. 1 2 3 第1章 湯治場としての温泉 (in ja)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  9. 1 2 古代から現代へ:日本の温泉文化の歴史 (in ja)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  10. 温泉は日本の文化である (in ja) (2015-03-04)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  11. にっぽんの温泉観光事典 (2014-04-19)။ 日本の温泉の歴史-宗教的意味、戦国時代と江戸時代 (in ja)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  12. 1 2 Learn about Japanese hot spring culture (in en)။ 2024-07-30 တွင် ပြန်စစ်ပြီး။
  13. 厚生労働省「公衆浴場における衛生管理理要領等の改正について〔公衆浴場法〕」(生食発1210第1号)(Retrieved June 3 2024) https://www.mhlw.go.jp/web/t_doc?dataId=00tc5492&dataType=1&pageNo=1
  14. "サウナの男女混浴は法律でどうなってる?公衆浴場法・条例を調べてみた" retrieved June 3 2024
  15. "Tsurunoyu Onsen" Retrieved June 3 2024
  16. 「混浴ダメ!」何歳から? 10歳→7歳、国が通知 西日本新聞 Retrieved June 3 2024
  17. "日帰り家族風呂を満喫するなら!知っておくべき混浴に関する条例" 3 June 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Retrieved June 3 2024
  18. A Beginner's Guide to Onsen (in en-ph)။ 2025-03-01 တွင် ပြန်စစ်ပြီး။
  19. "温水プールが楽しい!西日本の温泉・お風呂テーマパーク15選" Retrieved June 4 2024
  20. "5 Swimwear-allowed Onsen Spots near Tokyo" JW Web Magazine Retrieved June 4 2024
  21. "Yunessun" Retrieved June 4 2024
  22. 1 2 Hadfield၊ James။ "Last splash: Immodest Japanese tradition of mixed bathing may be on the verge of extinction"၊ The Japan Times၊ 10 December 2016။
  23. 1 2 Ryall၊ Julian။ "Japanese owners of famous 'onsen' hot springs soften their stance on tattoo ban to appease foreign visitors"၊ 6 November 2015။
  24. Thompson၊ Ashley။ "If you need to bring drugs to Japan, sort out the paperwork — or else"၊ 6 November 2012။
  25. Xeni Jardin (22 December 2009)။ Tattoo in Japan Boing Boing။ 24 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  26. Onsen Warnings and Hassles (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ July 201930 September 2020 တွင် ပြန်စစ်ပြီး
  27. You must specify title = and url = when using {{cite web}}. (in ja)။ Japan Tourism Agency (18 March 2016)။ 6 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2025 တွင် ပြန်စစ်ပြီး။
  28. You must specify title = and url = when using {{cite web}}. (in ja)။ Sankei Shimbun (6 August 2015)။ 6 March 2025 တွင် ပြန်စစ်ပြီး။
  29. You must specify title = and url = when using {{cite web}}. (in ja)။ Livedoor News (30 March 2022)။ 6 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2025 တွင် ပြန်စစ်ပြီး။
  30. Thompson၊ Ashley။ "Ink doesn't always cause a stink at the onsen"၊ 27 November 2012။
  31. 30 Tattoo Friendly Onsen in Japan
  32. Lund၊ Evie။ "Onsen in Nagano will now welcome foreigners with tattoos, as long as they patch 'em up"၊ 17 April 2015။
  33. 1 2 3 特集「ヘルシートーク」 | ソニー生命保険株式会社 (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  34. 1 2 温泉利用が健康づくりにもたらす総合的効果についてのエビデンスに関する研究 | 厚生労働科学研究成果データベース 2024-07-25 တွင် ပြန်စစ်ပြီး။
  35. 1 2 だから温泉はカラダにいい | 温泉医科学研究所 2024-07-25 တွင် ပြန်စစ်ပြီး။
  36. 体のこわばり緩和、むくみ改善 ~温泉による科学的な効果(国際医療福祉大学大学院 前田眞治教授)~ (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  37. 温泉浴場のご案内|源泉100%かけ流しの「ひょうたん温泉」 2024-07-25 တွင် ပြန်စစ်ပြီး။
  38. 蔵王温泉大露天風呂 2024-07-25 တွင် ပြန်စစ်ပြီး။
  39. 1 2 飲泉について | 日本温泉協会 (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  40. 1 2 温泉水は飲める?温泉の定義と、温泉水の上手な飲み方 | 水と健康の情報メディア|トリム・ミズラボ - 日本トリム 2024-07-25 တွင် ပြန်စစ်ပြီး။
  41. 1 2 飲泉|源泉100%かけ流しの「ひょうたん温泉」 2024-07-25 တွင် ပြန်စစ်ပြီး။
  42. The Criteria for the Notification, etc. on Contraindications and Cautions for Bathing and Drinking as specified in Article 18, Paragraph 1 of the Hot Springs Act 28 October 2022 တွင် ပြန်စစ်ပြီး။
  43. Hot Spring Treatment|Hot Spring Encyclopedia|ONSEN|BEPPU CITY| City.beppu.oita.jp။ 7 December 2010 တွင် ပြန်စစ်ပြီး။
  44. H. Miyamoto (1997). "Molecular determination of infection source of a sporadic Legionella pneumonia case associated with a hot spring bath". Microbiol. Immunol. 41 (3): 197–202. doi:10.1111/j.1348-0421.1997.tb01190.x. PMID 9130230.
  45. 1 2 Eiko Yabuuchi (2004). "An outbreak of legionellosis in a new facility of hot spring Bath in Hiuga City". Kansenshogaku Zasshi 78 (2): 90–98. doi:10.11150/kansenshogakuzasshi1970.78.90. ISSN 0387-5911. PMID 15103899.
  46. 1 2 「怖い菌ではないと思っていた」と運営会社社長。過去には7名死亡した事例も (in ja)။ Shueisha 1 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 March 2023 တွင် ပြန်စစ်ပြီး။
  47. 1 2 "Onsen: know what you're getting into"။
  48. Shinji Izumiyama (July 2003). "Occurrence and Distribution of Naegleria Species in Thermal Waters in Japan". The Journal of Eukaryotic Microbiology 50 (s1): 514–5. doi:10.1111/j.1550-7408.2003.tb00614.x. PMID 14736147.
  49. "盗撮の実態、知っていますか? 10年で倍増/常習化しやすく 被害に遭わないためには...【NEXT特捜隊】" (in ja)၊ Shizuoka Shimbun၊ 2021-11-21။
  50. "<盗撮の闇(3)>奪われた日常 被害者、映像流出におびえ" (in ja)၊ 佐賀新聞၊ 2018-12-28။
  51. "盗撮のカリスマ"斎藤果林容疑者が逮捕 犯行グループの一員が明かす"卑劣な手口"「若い女性が集まる連休にはグループで"温泉盗撮旅"へ Bunshun Online (in Japanese) May 1 2022. Retrieved June 3 2024.
  52. "「盗撮のカリスマ」率いるグループ16人摘発...男「30年前から1万人は盗撮」" Yomiuri Shimbun (in Japanese) February 2 2023. Retrieved June 3 2024.
  53. 1 2 3 Other types of bathing | Onsen Medical Science Reserch Center 27 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-07-25 တွင် ပြန်စစ်ပြီး။
  54. 寝湯とは?最高のくつろぎ空間が堪能できる温泉10選!|ニフティ温泉 (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  55. 岩盤浴での持ち物は?入り方や服装を解説 おすすめの岩盤浴施設も紹介|ニフティ温泉 (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  56. ととのうサウナの入り方 (in ja) (2021-03-04)။ 2024-07-25 တွင် ပြန်စစ်ပြီး။
  57. サウナよりもととのう? 本物の温泉好きがやみつきになる入浴法 (高橋一喜) - エキスパート (in ja)။ 2024-07-25 တွင် ပြန်စစ်ပြီး။