အဲအိန္ဒိယ
![]() | |||||||
![]() An Air India Airbus A350 | |||||||
| |||||||
တည်ထောင် | ၁၅ အောက်တိုဘာ ၁၉၃၂ (as Tata Airlines) | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ၂၉ ဇူလိုင် ၁၉၄၆ | ||||||
လေကြောင်းဗဟို | Delhi | ||||||
ဒုတိယလေကြောင်းဗဟို | |||||||
ပြေးဆွဲသည့်အဓိကမြို့များ | |||||||
ဖောက်သည်အစီအစဉ် | Maharaja Club | ||||||
မိတ်ဖက် | Star Alliance | ||||||
ပူးပေါင်းကုမ္ပဏီ | |||||||
လေယာဉ်ပေါင်း | 196 (excl. subsidiary) | ||||||
ဂိတ်ဆုံလေဆိပ်ပေါင်း | 92 | ||||||
မိခင်ကုမ္ပဏီ | Air India Limited | ||||||
ဌာနချုပ် | Gurugram, Haryana, India | ||||||
အရေးကြီးပုဂ္ဂိုလ်များ | |||||||
အမြတ်အစွန်း | ![]() | ||||||
အသားတင်အမြတ် | တမ်းပလိတ်:Positive decrease₹−၄၄၄၄ crore (US$−၆၉၀ သန်း) (FY 2024)[၂] | ||||||
ဝက်ဘ်ဆိုဒ် | airindia.com |
အဲအိန္ဒိယ (Air India) သည် အိန္ဒိယနိုင်ငံ၏ အလံတင်လေကြောင်းလိုင်းဖြစ်ပြီး၊ အဓိကဗဟိုချက်မှာ ဒေလီမြို့ရှိ အင်ဒီရာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ ဒုတိယဗဟိုချက်များမှာ ဘန်ဂါလူရူမြို့ရှိ ကမ်ပေဂေါဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မွမ်ဘိုင်းမြို့ရှိ ချာတရာပတီ ရှီဗာဂျီ မဟာရာ့ဂျ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်ပြီး၊ အိန္ဒိယတစ်ဝန်းရှိ အခြားအရေးပါသောမြို့ကြီးများတွင်လည်း အဓိကပျံသန်းရာမြို့များအဖြစ် ရှိသည်။ ဟာရီယာနာပြည်နယ်၊ ဂါးရူဂရမ်မြို့တွင် ရုံးချုပ်တည်ရှိပြီး၊ ၎င်းလေကြောင်းလိုင်းသည် တာတာအုပ်စု (၇၄.၉%) နှင့် စင်ကာပူလေကြောင်း (၂၅.၁%) တို့ ပူးတွဲပိုင်ဆိုင်သော Air India Limited ၏ လက်အောက်ခံဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အဲအိန္ဒိယသည် ပြည်တွင်းပြည်ပ ခရီးစဉ် ၁၀၂ ခုသို့ Airbus နှင့် ဘိုရင်းလေယာဉ်အမျိုးမျိုးဖြင့် ပြေးဆွဲလျက်ရှိပြီး၊ အိန္ဒိယနိုင်ငံတွင် ခရီးသည်တင်ဆောင်မှုအပိုင်း၌ IndiGo ပြီးနောက် ဒုတိယအကြီးဆုံး လေကြောင်းလိုင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် Star Alliance ၏ ၂၇ ခုမြောက် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အဲအိန္ဒိယကို ၁၉၃၂ ခုနှစ်တွင် ဂျေ. အာ. ဒီ. တာတာ (J. R. D. Tata) က တာတာလေကြောင်း (Tata Airlines) အဖြစ် စတင်တည်ထောင်ခဲ့သည်။ တာတာကိုယ်တိုင်ပင် ပထမဆုံးသော တစ်လုံးထိုး အင်ဂျင်တပ် de Havilland Puss Moth လေယာဉ်ကို မောင်းနှင်ကာ ကရာချိမှ မွန်ဘိုင်းမြို့ ဂျူးဟု (Juhu) လေဆိပ်သို့ လေကြောင်းစာပို့လုပ်ငန်းကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် မဒရပ်စ် (ယခု ချန်နိုင်း) အထိ ဆက်လက်ပျံသန်းခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၅၃ ခုနှစ်တွင် အိန္ဒိယအစိုးရက ပြည်သူပိုင်သိမ်းခဲ့ပြီး အဲအိန္ဒိယ (Air India) ဟု အမည်ပြောင်းလဲခဲ့သည်။
၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Gauri Shankar အမည်ရှိ ပထမဆုံး Boeing 707 လေယာဉ်ကို လက်ခံရရှိခဲ့ပြီး၊ ၎င်းသည် ဂျက်လေယာဉ်ကို အသုံးပြုသော ပထမဆုံး အာရှလေကြောင်းလိုင်း ဖြစ်လာခဲ့သည်။ (ဤလေယာဉ်သည် နောက်ပိုင်းတွင် Air India Flight 403 အဖြစ် ပျက်ကျခဲ့သည်)။ ၂၀၀၀-၂၀၀၁ ခုနှစ်များတွင် အဲအိန္ဒိယကို ပုဂ္ဂလိကပိုင် ပြန်လည်လွှဲပြောင်းရန် ကြိုးပမ်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် Indian Airlines နှင့် ပေါင်းစည်းပြီးနောက် အရှုံးပေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် နောက်ထပ် ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းခဲ့ရာ ၆၉ နှစ်အကြာ ၂၀၂၂ ခုနှစ်တွင် လေကြောင်းလိုင်းနှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို တာတာအုပ်စုသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။[၃]
လုပ်ငန်းဆောင်ရွက်မှုနှင့် လေယာဉ်အမျိုးအစားများ
[ပြင်ဆင်ရန်]အဲအိန္ဒိယသည် ၎င်း၏ လက်အောက်ခံဖြစ်သော Air India Express မှတစ်ဆင့် ပြည်တွင်းနှင့် အာရှဒေသတွင်း ခရီးစဉ်များကိုလည်း ပြေးဆွဲသည်။ အဲအိန္ဒိယသည် ပြည်တွင်းနှင့် ခရီးတိုပြည်ပလမ်းကြောင်းအများစုအတွက် Airbus A320 မိသားစုဝင်နှင့် Boeing 737 ကဲ့သို့သော ကိုယ်ထည်ကျဉ်းလေယာဉ်များကို အသုံးပြုသည်။ ခရီးရှည်ပြည်ပလမ်းကြောင်းများအတွက်မူ Airbus A350, Boeing 777 နှင့် Boeing 787 ကဲ့သို့သော ကိုယ်ထည်ကျယ်လေယာဉ်များကို အသုံးပြုသည်။ အဲအိန္ဒိယ၏ အထိမ်းအမှတ်သည် Maharajah (ဧကရာဇ်) ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်တွင် လေကြောင်းလိုင်း၏ Jharokha ပြတင်းပေါက် ပုံစံကို မှီငြမ်းထားသည့် လိုဂိုအသစ်ဖြင့် အစားထိုးမခံရမီက ပျံသန်းနေသည့် ဟင်္သာရုပ်နှင့် ၎င်းအတွင်းရှိ Konark ဘီးပုံသဏ္ဌာန်ဟောင်း လိုဂိုကို အသုံးပြုခဲ့သည်။
မတော်တဆများ
[ပြင်ဆင်ရန်]အဲအိန္ဒိယ ခရီးစဉ်အမှတ် ၁၇၁ ဖြင့် ပျံသန်းလာသော လေယာဉ်သည် အိန္ဒိယနိုင်ငံ၊ အမယ်ဒါဘတ်မြို့၌ ပျက်ကျခဲ့၍ လူ ၂၆၀ ကျော် သေဆုံးခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 7340.2F with Change 1 and Change 2 and Change 3 (PDF) (အစီရင်ခံစာ)။ Federal Aviation Administration။ 15 September 2016။ pp. 3–1–11။ 3 February 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ 30 January 2017 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ "Tata Sons FY24 Annual Report"။
- ↑ "Air India is now a Tata property, 69 years after the group ceded control"၊ 27 January 2022။
- ↑ အဲအိန္ဒိယ လေယာဉ်ပျက်ကျမှု အနည်းဆုံး လူ ၂၀၀ သေဆုံးခဲ့၊ တယောက် အသက်ရှင်ကျန်ရစ်တဲ့ သတင်းထွက်ပေါ်လာ။ 2025-6-14 တွင် ပြန်စစ်ပြီး။