မာတိကာသို့ ခုန်သွားရန်

အဲဟိမဲခရိုင်

ဝီကီပီးဒီးယား မှ
အဲဟိမဲခရိုင်
愛媛県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
 • Japanese愛媛県
 • RōmajiEhime-ken
Uwajima Tensya Garden
Besshi copper mine heritage site
Shikoku Karst (Godan Plateau)
အဲဟိမဲခရိုင်၏ အလံတော်
အလံတော်
အဲဟိမဲခရိုင်၏ တရားဝင်လိုဂို
Emblem
အထိမ်းအမှတ်သီချင်း: Ehime no uta
Location of အဲဟိမဲခရိုင်
ကိုဩဒိနိတ်: 33°50′N 132°50′E / 33.833°N 132.833°E / 33.833; 132.833ကိုဩဒိနိတ်: 33°50′N 132°50′E / 33.833°N 132.833°E / 33.833; 132.833
CountryJapan
RegionShikoku
IslandShikoku
CapitalMatsuyama
SubdivisionsDistricts: 7, Municipalities: 20
အစိုးရ
 • GovernorTokihiro Nakamura (since December 2010)
ဧရိယာ
 • စုစုပေါင်း၅,၆၇၆.၂၃ စတုရန်းကီလိုမီတာ (၂၁၉၁.၆၀ စတုရန်းမိုင်)
ဧရိယာအဆင့်26th
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၁,၃၃၄,၈၄၁
 • အဆင့်28th
 • သိပ်သည်းမှု၂၄၀/km၂ (၆၁၀/sq mi)
GDP[၁]
 • TotalJP¥5,138 billion
US$37.9 billion (2022)
ISO 3166 ကုဒ်JP-38
ဝဘ်ဆိုက်pref.ehime.jp/index-e.html

အဲဟိမဲခရိုင် (愛媛県, အဲဟိမဲခန်း[၂]) သည် ဂျပန်နိုင်ငံ၊ ရှိခိုခုကျွန်းရှိ ခရိုင်တစ်ခု ဖြစ်သည်။[၃] အဲဟိမဲခရိုင်တွင် လူဦးရေ ၁,၃၃၄,၈၄၁ ဦး ရှိသည်။[၄] ဧရိယာ ၅,၆၇၆ စတုရန်းကီလိုမီတာ (၂,၁၉၁ စတုရန်းမိုင်) ရှိသည်။ ခရိုင်သည် အရှေ့မြောက်ဘက်တွင် ခနဂဝခရိုင်၊ အရှေ့ဘက်တွင် တိုခုရှိမခရိုင်၊ အရှေ့တောင်ဘက်တွင် ခိုးချိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အဲဟိမဲခရိုင်သည် ဟီရိုရှီးမားခရိုင်နှင့် ဟယောတန်းဂျိမကျွန်းတွင် ၇၄ မီတာ (၂၄၃ ပေ) နယ်နိမိတ်ချင်း ထိစပ်နေသည်။[၅]

မဆွတ်ယမမြို့သည် ခရိုင်မြို့တော်ဖြစ်ပြီး ခရိုင်နှင့် ရှိခိုခုကျွန်းတစ်ခုလုံးတွင် အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များမှာ အိမဘရိမြို့၊ နိအိဟမမြို့နှင့် ဆိုင်းဂျောမြို့တို့ ဖြစ်သည်။[၆]

အဲဟိမဲခရိုင်တွင် နေထိုင်ကြသူများထဲတွင် နိုဘဲဆုရရှိခဲ့သူ သုံးဦးရှိသည်။ ထိုသူများမှာ ခန်းဇဘုရို အိုအဲ (၁၉၉၄ ခုနှစ် စာပေနိုဘယ်ဆု)၊ ရှုဂျိ နခမုရ (၂၀၁၄ ခုနှစ် ရူပဗေဒနိုဘယ်ဆု) နှင့် ရှုခုရို မနဘဲ (၂၀၂၁ ခုနှစ် ရူပဗေဒနိုဘယ်ဆု) တို့ ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

အဲဟိမဲခရိုင်သည် ရှိခိုခုကျွန်း၏ အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ဆဲတိုကုန်းတွင်းပင်လယ်ကို မျက်နှာမူ တည်ရှိသည်။ အရှေ့ဘက်တွင် ခဂဝခရိုင်၊ တောင်ဘက်တွင် ခိုးချိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ခရိုင်သည် ကုန်းတွင်းပိုင်းဒေသ၏ တောင်ထူထပ်သည့်ဒေသနှင့် ရှည်လျားသည့် ကမ်းရိုးတန်းဒေသနှစ်ခုစလုံးတွင် တည်ရှိနေသည်။ ခရိုင်အတွင်းတွင် ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကျွန်းများစွာလည်း ပါဝင်နေသည်။ အဲဟိမဲခရိုင်၏ အနောက်ဘက်ဆုံးနေရာတွင် တည်ရှိသည့် ဆဒမိဆခိကျွန်းဆွယ်သည် ဂျပန်နိုင်ငံတွင် အကျဉ်းမြောင်းဆုံး ကျွန်းဆွယ် ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ခရိုင်ကုန်းမြေ၏ ၇ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ၎င်းတို့မှာ အရှိဇုရိ - အုဝခအိနှင့် ဆဲတိုနိုင်းခိုင်းအမျိုးသားဥယျာဉ်များ၊ အိရှိဇုချိအမျိုးသားဥယျာဉ်၊ ဟိဂျိခဝ၊ ခင်ရှခို၊ အိုခုဒိုးဂေါ့တမဂဝ၊ ဆဒမိဆခိဟန်းတိုး - အုဝခအိ၊ ဆရဂမိနဲရင်းပိုး၊ ဆဆယမနှင့် ရှိခိုခုကာ့ခရိုင်အမျိုးသားဥယျာဉ်များတို့ ဖြစ်သည်။[၇]

မြို့များ

[ပြင်ဆင်ရန်]
အဲဟိမဲခရိုင်၏ လူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်
Map of Ehime Prefecture.
     City      Town
Matsuyama
Uwajima
The Ehime Prefectural Capitol Building

အဲဟိမဲခရိုင်တွင် မြို့ ၁၁ ခု ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ(2020)[၄] မြေပုံ
ရိုမဂျိ ခန်းဂျိ
Imabari 今治市 419.56 151,672
Iyo 伊予市 194.44 35,133
Matsuyama (capital) 松山市 429.4 511,192
Niihama 新居浜市 234.3 115,938
Ōzu 大洲市 432.24 40,575
Saijō 西条市 509.07 104,791
Seiyo 西予市 514.78 35,388
Shikokuchūō 四国中央市 421.24 82,754
Tōon 東温市 211.45 33,903
Uwajima 宇和島市 469.48 70,809
Yawatahama 八幡浜市 133.03 31,987

မြို့ငယ်နှင့် ရွာများ

[ပြင်ဆင်ရန်]

အဲဟိမဲခရိုင်ရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများ တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ(2020)[၄] ဒေသ မြေပုံ
ရိုမဂျိ ခန်းဂျိ
Ainan 愛南町 239.58 19,601 Minamiuwa District
Ikata 伊方町 94.37 8,397 Nishiuwa District
Kamijima 上島町 30.38 6,509 Ochi District
Kihoku 鬼北町 241.87 9,682 Kitauwa District
Kumakōgen 久万高原町 583.66 7,404 Kamiukena District
Masaki 松前町 20.41 29,630 Iyo District
Matsuno 松野町 98.5 3,674 Kitauwa District
Tobe 砥部町 101.57 20,480 Iyo District
Uchiko 内子町 299.5 15,322 Kita District

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]
အိယောခန်

ကမ်းရိုးတန်းဧရိယာရှိ မြို့များဖြစ်သည့် အိမဘရိမြို့နှင့် ဆိုင်းဂျောမြို့ပတ်ဝန်းကျင်တွင် စက်ရုံများစွာ ရှိသည်။ ၎င်းတို့တွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးသင်္ဘောတည်ဆောက်သည့် ကုမ္ပဏီဖြစ်သည့် အိမဘရိသင်္ဘောတည်ဆောက်ရေးလုပ်ငန်း၏ သင်္ဘောကျင်းများစွာ ပါဝင်သည်။ ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဓာတ်ဆီသန့်စင်ရေး၊ စက္ကူနှင့် အထည်အလိပ်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်း ခရိုင်၏ စီးပွားရေးတွင် အချက်အချာကျသည်။ နယ်ဘက်ဒေသများတွင် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ အထူးသဖြင့် လိမ္မော်သီး၊ အိယောခန်တို့ကို စိုက်ပျိုးကြသည်။ ပုလဲထုတ်လုပ်သည့် လုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။

အိခတနျူကလီးယားဓာတ်အားပေးစက်ရုံသည် ရှိခိုခုလျှပ်စစ်စွမ်းအင်၏ ကြီးမားသည့်အစိတ်အပိုင်းတစ်ခုအနေဖြင့် စွမ်းအင်များ ထုတ်လုပ်ပေးလျက်ရှိသည်။[ကိုးကားချက်လိုသည်]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်နှင့် ကောလိပ်များ

[ပြင်ဆင်ရန်]

နိုင်ငံပိုင်တက္ကသိုလ်

[ပြင်ဆင်ရန်]

ခရိုင်ပိုင်တက္ကသိုလ်

[ပြင်ဆင်ရန်]

ကိုယ်ပိုင်တက္ကသိုလ်နှင့် ကောလိပ်များ

[ပြင်ဆင်ရန်]

အထက်တန်းကျောင်းများ

[ပြင်ဆင်ရန်]

ခရိုင်အထက်တန်းကျောင်းများ

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အဲဟိမဲခရိုင်၊ မဆွတ်ယမမြို့တွင် ဂျပန်နိုင်ငံတွင် ရှေးအကျဆုံး အွန်းဆန်း (ရေပူစမ်း) ဖြစ်သည့် ဒိုးဂေါ့အွန်းဆန်း ရှိသည်။ ၎င်းကို နှစ်ပေါင်း ၂၀၀၀ ကျော် အသုံးပြုခဲ့ကြသည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. ↑ Nussbaum, Louis-Frédéric. (2005). "Ehime" in Japan Encyclopedia, p. 170, p. 170, at Google Books.
  4. 1 2 3 Ehime Population။
  5. ↑ Template error: argument title is required.
  6. ↑ Nussbaum, "Matsuyama" at p. 621, p. 621, at Google Books.
  7. ↑ You must specify title = and url = when using {{cite web}}. (in ja)။ Ministry of the Environment (31 March 2020)။ 23 September 2020 တွင် ပြန်စစ်ပြီး။