အဲလရစ်ဘုရင်

ဝီကီပီးဒီးယား မှ

အဲလရစ်ဘုရင် (ခရစ် ၃၇၁ ခန့်-၄၁ဝ)[ပြင်ဆင်ရန်]

အဲလရစ်သည် ဗီစီဂေါ့သခေါ် အနောက်ပိုင်းဂေါ့သလူမျိုးတို့၏ ခေါင်းဆောင် ဘုရင်ဖြစ်သည်။ ၃၉၅ ခုနှစ်တွင် ရောမဘုရင် သီအိုဒိုးဆီးယပ် ကွယ်လွန်သောအခါ၊ အဲလရစ်ခေါင်းဆောင်သော ဗီစီဂေါ့သ ထကြွပုန်ကန်ကြ၍၊ ဂရိပြည်ကို တိုက်ခိုက်သိမ်းယူခဲ့လေသည်။ အောင်ပွဲရ အဲလရစ်သည် ဗီစီဂေါ့သတို့၏ ဘုရင် အဖြစ်ကိုခံယူပြီးနောက် အီတလီပြည်ကို အလုံးအရင်းဖြင့် ချီတက်လာလေသည်။ သို့ရာတွင် ရောမဗိုလ်ချုပ်စတီလီကိုသည် ဗီစီဂေါ့သတပ်များကို အီတလီမြောက်ပိုင်း ပိုးမြစ်ကမ်းတွင် ငါးနှစ်မျှ ကြံ့ကြံ့ခံတားဆီးနိုင်ခဲ့လေသည်။ ၄ဝ၈ ခုနှစ်သို့ရောက် သော်၊ ရောမဧကရာဇ်က ဗိုလ်ချုပ်စတီလီကိုအား ကွပ်မျက်ခဲ့ရာ၊ အဲလရစ်၏အင်အားကို အံတုနိုင်သူ မရှိတော့သဖြင့် အီတလီ မြောက်ပိုင်းတွင် တိုက်ခိုက်ဖျက်ဆီးလျက်ရှိလေသည်။ ၄၁ဝ ပြည့်နှစ်တွင် ဗီစီဂေါ့သတပ်များသည် ရောမမြို့ ကို ဝိုင်းရံလုပ်ကြံသဖြင့် မြို့တော်ကျဆုံးလေသည်။ ဗီစီဂေါ့သ တို့သည် မြို့တွင်း၌ သုံးရက်မျှ လုယက်ဖျက်ဆီးကြသည်။ အဲလရစ်သည် ရောမမြို့ကိုရပြီးနောက် အီတလီတောင် ပိုင်းရှိ စစ္စလီကျွန်းကိုတိုက်ခိုက်နေစဉ် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)