အေးမြတ်သူ
| အေးမြတ်သူ | |
|---|---|
| မွေးဖွား | ၁၄ စက်တင်ဘာ၊ ၁၉၈၆ ရန်ကုန်, မြန်မာ |
| နိုင်ငံသား | မြန်မာ |
| အလုပ်အကိုင် | အလှမယ် သရုပ်ဆောင် မော်ဒယ် |
| ရရှိသည့်ဆုများ | Miss People 2006 (Winner) |
အေးမြတ်သူ (အင်္ဂလိပ်: Aye Myat Thu; ၁၄ စက်တင်ဘာ ၁၉၈၆ မွေးဖွား[၁]) သည် မြန်မာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနှင့် မော်ဒယ်လုပ်ငန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမသည် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများကို ရရှိခဲ့သူလည်းဖြစ်သည်။[၂][၃] သူမသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးနောက် မော်ဒယ်နှင့် အလှမယ်ပြိုင်ပွဲများမှတစ်ဆင့် ဖျော်ဖြေရေးအလုပ်အကိုင်များသို့ ဝင်ရောက်ခဲ့သည်။[၄]
နိုင်ငံရေးလှုပ်ရှားမှု့
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်၊ အေးမြတ်သူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သူမသည် လူကိုယ်တိုင် ဆန္ဒပြမှုများတွင် ပါဝင်ခြင်းနှင့်အတူ ဆိုရှယ်မီဒီယာများမှတဆင့်လည်း ဆန္ဒပြခဲ့သည်။ ထိုထဲတွင် "We Want Justice" ဟုရေးသားကာ လက်သုံးချောင်းထောင်ပြသည့် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် အနုပညာရှင်များအပါအဝင် လူအများအပြား ပါဝင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ဆိုင်သည့်အမှုဖြစ်ပြီး၊ သူမသည် လူထုမနာခံမှု လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကော်မတီ (CRPH) ကို ထောက်ခံခဲ့ခြင်း၊ နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့် အုပ်ချုပ်မှုစနစ်ကို ထိခိုက်စေနိုင်သည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရခြင်းများ ဖြစ်သည်။[၅][၆][၇]
ရုပ်ရှင်ဇာတ်ကားများ
[ပြင်ဆင်ရန်]ရုပ်ရှင်များ
[ပြင်ဆင်ရန်]| နှစ် | ဇာတ်ကားအမည် | မြန်မာအမည် |
|---|---|---|
| ၂၀၁၈ | Chuu Si | ချူဆီ[၈] |
| ၂၀၁၈ | Toe Kyaw Man and Nann San Ywar | တိုးကျော်မန်းနဲ့နန်းစံရွာ |
| ၂၀၁၈ | Naung Twin Udan Twin Say Tat The | နောင်တွင်ဥဒါန်းတွင်စေသတည်း[၉] |
| ၂၀၁၉ | Hnit Pat A Lo | နှစ်ပတ်အလို |
ရုပ်ရှင်ဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]| နှစ် | ဇာတ်လမ်းတွဲအမည် | မြန်မာအမည် |
|---|---|---|
| ၂၀၁၇ | Expedition Myanmar | Expedition Myanmar[၁၀] |
| ၂၀၁၇ | Ma Nate Ka Phyat Thi | မနေ့ကဖြစ်သည် |
| ၂၀၁၈ | Ma Nate Ka Phyat Thi 2 | မနေ့ကဖြစ်သည် ၂ |
ဆုများနှင့် စကားတင်စာရင်းများ
[ပြင်ဆင်ရန်]| Year | Award | Category | Nominated work | Result |
|---|---|---|---|---|
| ၂၀၁၆ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | Best Actress | Professor Doctor Sait-Phwar Hnint Myaing-Yar-Zar Tar-Tay (Prof. Dr. Sait-Phwar and Myaing-Yar-Zar Tar-Tay) | ဆန်ခါတင် |
| Best Supporting Actress | Nga-Ba | ဆန်ခါတင် | ||
| ၂၀၁၇ | Best Actress | Khout Htee Kalay Ma Lont Ta Lon | ဆန်ခါတင် | |
| ၂၀၁၈ | Best Supporting Actress | Naung Twin Ooh-Dan Te Say Tha-dee | ဆုရရှိ | |
| ၂၀၁၉ | Best Supporting Actress | Pyone Shwin Yay Pyaw Yae Lar (Pyone Shwin, are you happy ?) | ဆန်ခါတင် | |
| ၂၀၂၀ | Best Supporting Actress | Kammaphala | ဆန်ခါတင် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ LOKA Myanmar (2018-09-22)၊ LOKA မေးလိုရာမေးကဏ္ဍ - Aye Myat Thu // INTERVIEW၊ 2019-03-21 တွင် ပြန်စစ်ပြီး
- ↑ "အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်"လို့ ပြောတဲ့ အေးမြတ်သူ (in my) (2019-02-26)။ 2019-03-21 တွင် ပြန်စစ်ပြီး။
- ↑ ချစ်ပိုး (2019-02-24)။ သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲကို အားတက်သရောပါဝင်ကူညီခဲ့ကြတဲ့ နေမင်းနဲ့ အေးမြတ်သူ (in my)။ 2019-03-21 တွင် ပြန်စစ်ပြီး။
- ↑ Female action hero fights back (in en)။ 2019-03-21 တွင် ပြန်စစ်ပြီး။
- ↑ "Warrants issued for artists, entertainers that called for CDM participation"၊ Eleven၊ 3 April 2021။
- ↑ "စစ်ကောင်စီကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဆက်တိုက်အမှုဖွင့်နေ" (in my)၊ Radio Free Asia၊ 3 April 2021။
- ↑ "CDM လှုပ်ရှားသူ အနုပညာရှင်တွေကို အာဏာပိုင်တွေ အရေးယူဖို့ကြေညာ" (in my)၊ VOA၊ 4 August 2021။
- ↑ MOVIE TIME : Screening from September 14 to 20 (in en)။ 2019-03-21 တွင် ပြန်စစ်ပြီး။
- ↑ MOVIE TIME: Screenings from January 4 to 10 (in en)။ 2019-03-21 တွင် ပြန်စစ်ပြီး။
- ↑ "Expedition Myanmar" reveals far-flung tourist destinations (in en)။ 2019-03-21 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ အေးမြတ်သူ
အိုင်အမ်ဒီဘီပေါ်ရှိ အေးမြတ်သူ