အေးမောင်

ဝီကီပီးဒီးယား မှ
(အေးမောင်၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဒေါက်တာအေးမောင်
Dr. Aye Maung.jpg
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဧပြီ ၂၀၁၇
ယခင်လူ ဦးသိန်းဆွေ
မဲဆန္ဒနယ် အမ်းမြို့နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၁၆
ယခင်လူ အခြေခံဥပဒေ စတင်
ဆက်ခံသူ ဦးမောင်သင်
မဲဆန္ဒနယ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၇-၁၁-0၁) နိုဝင်ဘာ ၁၊ ၁၉၅၇ (အသက် ၆၀)
အောင်ဆိပ်ကျေးရွာရသေ့တောင်မြို့နယ်ရခိုင်ပြည်နယ်
လူမျိုး မြန်မာ
နိုင်ငံရေးပါတီ

တစ်သီးပုဂ္ဂလ (၂၀၁၇ – လက်ရှိ)
ရခိုင်အမျိုးသားပါတီ (၂၀၁၄ – ၂၀၁၇)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (၂၀၁၀ – ၂၀၁၄)
အလုပ်အကိုင် နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါက်တာအေးမောင် သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

အစောပိုင်း ဘဝ[ပြင်ဆင်ရန်]

ဒေါက်တာအေးမောင်ကို ဦးမောင်လှစိန်နှင့် ဒေါ်သွင်ညိုဖြူတို့မှ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့ရှိ အထက (၅) နှင့် အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေ အထက (၂) မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန် အင်းစိန်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစတင်၍ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။ ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

နိုင်ငံရေး လုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို တည်ထောင်ခဲ့ရာမှ စတင်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာများ အားလုံးကို ဒေါက်တာအေးမောင်၏ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် နေရာ ၄၄ နေရာအနက် ၃၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ဒေါက်တာအေးမောင်သည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခြင်း[ပြင်ဆင်ရန်]

ပါတီအတွင်း သဘောထား ကွဲလွဲမှုများကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ခဲ့သည်။[၂] သို့သော်လည်း နုတ်ထွက်စာတင်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ ဆွေးနွေးလျက်ရှိပြီး ဆုံးဖြတ်ချက် မချရနိုင်သေးဟု ဆိုသည်။[၃]

ဖမ်းဆီးထိန်းသိမ်းခံရခြင်း[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ တောင်ရင်းတိုင်းရပ်ကွက်၊ စေတီယင်္ဂဏကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် ရခိုင်ပြည်နယ် အစိုးရက ဆုံးဖြတ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။[၄] ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း1:15မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Elections 2010။ March 7, 2016 တွင် ပြန်စစ်ပြီး။
  2. Thu၊ Mratt Kyaw။ "Dr Aye Maung shakes up Rakhine politics, again" (in en)၊ Frontier Myanmar 
  3. မင်းအောင်ခိုင်။ "ဒေါက်တာအေးမောင် နုတ်ထွက်စာ ကိစ္စ ANP ပါတီ ခေါင်းဆောင်များ မဆုံးဖြတ်နိုင်သေး"၊ ဧရာဝတီ သတင်းဌာန၊ ၆ ဇန်နဝါရီ ၂၀၁၈။ 
  4. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေတို့ဖြင့် တရားစွဲရန် ဆုံးဖြတ်ကြောင်း အစိုးရထုတ်ပြန်Eleven Media။ ၁၈ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရဲတပ်ဖွဲ့ကဖမ်းဆီးEleven Media။ ၁၈ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။