အေးမောင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အေးမောင်
Dr. Aye Maung.jpg
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၁၆
ယခင်လူ အခြေခံဥပဒေ စတင်
မဲဆန္ဒနယ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁-၁၁-0၁) နိုဝင်ဘာ ၁၊ ၂၀၀၁ (အသက် ၂၀၁၆)
အောင်ဆိပ်ကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်
လူမျိုး မြန်မာ
နိုင်ငံရေးပါတီ ရခိုင်အမျိုးသားပါတီ
အလုပ်အကိုင် နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါက်တာအေးမောင် သည် မြန်မာ နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

ဒေါက်တာအေးမောင်ကို ကုန်သည် မိဘ ၂ ပါး ဖြစ်သော ဦးမောင်လှစိန်နှင့် ဒေါ်သွင်ညိုဖြူတို့မှ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ရခိုင်လူမျိုး ဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့ရှိ အထက (၅) နှင့် အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေ အထက (၂) မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန် အင်းစိန်ရှိ တရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစတင်၍ တရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။ ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တဦးအဖြစ် ပါဝင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Elections 2010။ March 7, 2016 တွင် ပြန်စစ်ပြီး။