အော်လ်ဆန်းမြို့
အော်လ်ဆန်းမြို့ Aalesund Ålesund | |||
---|---|---|---|
မြို့ | |||
| |||
နိုင်ငံ | နော်ဝေ | ||
ကောင်တီ | မိုးရ်အော့ဂ်ရွမ်စဒါ | ||
ဧရိယာ | |||
• စုစုပေါင်း | ၉၈.၀၆ စတုရန်းကီလိုမီတာ (၃၇.၈၆ စတုရန်းမိုင်) | ||
• ကုန်းမြေ | ၉၃.၁၇ စတုရန်းကီလိုမီတာ (၃၅.၉၇ စတုရန်းမိုင်) | ||
• ရေထု | ၅.၄၅ စတုရန်းကီလိုမီတာ (၂.၁၀ စတုရန်းမိုင်) |
အော်လ်ဆန်းမြို့သည် နော်ဝေနိုင်ငံ မိုးရ်အော့ဂ်ရွမ်စဒါ ကောင်တီ အတွင်းရှိ မြို့နှင့် စည်ပင်သာယာနယ်နိမိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ဆန်းမိုးခရိုင်၏ တစိတ်တဒေသဖြစ်ပြီး အော်လ်ဆန်းဒေသ၏ ဗဟိုတွင် ရှိသည်။ ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ပြီး အာ့တ်နိုဗျူး ဗိသုကာပညာ လက်ရာများ စုစည်းနေခြင်းကြောင့် ထင်ရှားသည်။ အော်လ်ဆန်းမြို့သည် အော်လ်ဆန်းစည်ပင်သာယာနယ်နိမိတ်၏ အုပ်ချုပ်ရေးဌာန ဖြစ်ပြီး ဆန်းမိုးခရိုင်၏ အဓိက သင်္ဘောဆိပ်မြို့ ဖြစ်သည်။
၃၈ စတုရန်းမိုင်ရှိသော စည်ပင်သာယာဒေသသည် နော်ဝေရှိ စည်ပင်သာယာ နယ်နိမိတ် ၄၂၂ ခုတွင် ၃၈၂ ခုမြောက် အကြီးဆုံး ဖြစ်သည်။ အော်လ်ဆန်းသည် နော်ဝေနိုင်ငံရှိ လူဦးရေ အများဆုံးမြို့များတွင် အဆင့် ၁၇ ရှိပြီး လူဦးရေ အားဖြင့် ၄၇,၁၉၉ ဦး ရှိသည်။ လူဦးရေ သိပ်သည်းမှုအားဖြင့် ၁ စတုရန်းမိုင်လျှင် ၁,၃၁၂ ဦး (၁ စတုရန်းကီလိုမီတာလျှင် ၅၀၆.၆ ဦး) မျှ ရှိပြီး ယခင်ဆယ်စုနှစ် အတွင်းတွင် လူဦးရေ ၁၄% မျှ တိုးတက်လာခဲ့သည်။ [၁] ဂရိတ်တား အော်လ်ဆန်း မြို့ပြဒေသတွင် လူဦးရေ ၅၆,၂၂၃ ဦးမျှ ရှိပြီး ၎င်းတွင် အနီးအနားရှိ ဆူလာမြို့ကိုလည်း ထည့်သွင်း ရေတွက်ထားသည်။ [၂]
မြင်ကွင်းကျယ်
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Statistisk sentralbyrå (2017)။ Table: 06913: Population 1 January and population changes during the calendar year (M) (in Norwegian)။ 2017-10-19 တွင် ပြန်စစ်ပြီး။
- ↑ Statistisk sentralbyrå (1 January 2012)။ Urban settlements. Population and area, by municipality.။