အော်ဆီလိုစကုပ်

ဝီကီပီးဒီးယား မှ
အော်ဆီလိုစကုပ်တွင် အသုံးပြုထားသော ကက်သုတ်ရေး ကျုဘ် တစ်ခု၏ အတွင်းပိုင်း (၁) ဒီဖလက်ရှင် ဗိုးတေ့ခ် အီလက်ထရုတ် (၂) အီလက်ထရွန် ဂန်း (၃) အီလက်ထရွန်း ဘင်းမ် (၄) ဖိုးကပ်ဆင်း ကွိုင် (၅) ဖော့စဖာ သုတ်ထားသော ဖန်သားပြင်၏ အတွင်းပိုင်း
တက်ထရွန်းနစ်မှ ထုတ်လုပ်သော မော်ဒယ်လ် အမှတ် ၄၇၅အေ အန်နာလော့ အော်ဆီလိုစကုပ်

အော်ဆီလိုစကုပ် ဆိုသည်မှာ အချိန်နှင့် အမျှ ပြောင်းလဲနေသော ဆစ်ဂနယ် များ၏ ဗိုးတေ့ခ်ကို လေ့လာစမ်းသပ်နိုင်ရန် အတွက် ပြုလုပ်ထားသော အီလက်ထရွန်းနစ် စမ်းသပ် ကိရိယာ တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဆစ်ဂနယ်ကို ဝင်ရိုးနှစ်ခုပါသော ဂရပ်ဖ်ဖြင့် ပြသလေ့ ရှိပြီး ဝိုင်ဝင်ရိုးတွင် ဗိုးတေ့ခ် ပြောင်းလဲမှုကို ပြသ၍ အိတ်စ်-ဝင်ရိုးတွင်အချိန်ကို ပြသလေ့ ရှိသည်။ ဝိုင်ဝင်ရိုးတွင် ဗိုးတေ့ခ်ကိုသာ မကဘဲ အခြားသော ပမာဏ ပြောင်းလဲမှုများကိုလဲ ပြသလေ့ ရှိသည်။

အော်ဆီလိုစကုပ်များကို လျှပ်စစ်လှိုင်းများ၏ လှိုင်းပုံသဏ္ဌာန် အတိအကျကို လေ့လာနိုင်ရန် အတွက် အသုံးပြုလေ့ ရှိသည်။ လှိုင်း၏ ပမာဏကိုသာ မကပဲ လှိုင်းတွန့်နေပုံ၊ လှိုင်းတစ်ခုနှင့် တစ်ခုအကြား အကွာအဝေး နှင့် လှိုင်းနှစ်ခု၏ အချိန်ပမာဏ ကွာခြားမှု စသည်တို့ကိုလည်း အော်ဆီလိုစကုပ်ကို အသုံးပြု၍ လေ့လာနိုင်သည်။

အော်ဆီလိုစကုပ်များကို သိပ္ပံပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာပညာ နှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးပြုလေ့ ရှိသည်။ ယေဘုယျသုံး အော်ဆီလိုစကုပ်များကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် နှင့် အီလက်ထရွန်းနစ် ကိရိယာများကို ပြုပြင် ထိန်းသိမ်းရာတွင် အသုံးပြုကြသည်။ အထူးပြုလုပ်ထားသော အော်ဆီလိုစကုပ်များကိုမူ မော်တော်ယာဉ်များ၏ လောင်စာဆီ လောင်ကျွမ်းမှု စနစ်များ နှင့် အီးစီဂျီ စက်များတွင် နှလုံးခုန်နှုန်း စသည်တို့ကို ပြသရန် အတွက် အသုံးပြုကြသည်။

သိပ္ပံ