အောရိန်းထရီရန်ပယ် အမိုးခုံး

ဝီကီပီးဒီးယား မှ
ရောမဇာတ်ရုံ ပတ်ဝန်းကျင်နေရာများနှင့် အောရိန်းထရီရန်ပယ် အမိုးခုံး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပြင်သစ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၁၆၃
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အောရိန်းထရီရန်ပယ် အမိုးခုံး သည် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း အောရိန်း ကွန်မြူးန် (မြို့နယ်) တွင် တည်ရှိသော ထရီရန်ပယ် အမိုးခုံး တစ်ခု ဖြစ်သည်။ [၁] ထို အမိုးခုံးသည် မည်သည့်အချိန်က တည်ဆောက်ခဲ့သည် ဆိုသော အချက်ကို အငြင်းပွားမှုများ ရှိနေပြီး [၂] လက်ရှိ သုတေသနများ အရ ထိုအဆောက်အဦးတွင် ရေးထိုးထားသော ခုနှစ်ကို သက်သေ အဖြစ် ယူဆကြပြီး[၃] ဩဂတ်စတက် အုပ်စိုးစဉ် (ဘီစီ ၂၇ မှ အေဒီ ၁၄ အထိ) ကာလဟု သတ်မှတ်ကြသည်။ ထို အဆောက်အဦးအား ဂေါစစ်ပွဲအတွင်း အမှုထမ်းခဲ့သော စစ်မှုထမ်းဟောင်းများ နှင့် လယ်ဂျီယို ၂ ဩဂတ်စတာ တို့ကို ဂုဏ်ပြုရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ရောမဧကရာဇ် တိုင်ဘားရီးယပ်စ်မှ ရိုင်းလန်း အတွင်းရှိ ဂျာမန် လူမျိုးစုများအား စစ်ဗိုလ်ချုပ် ဂျာမန်နီးကပ်စ်မှ အောင်ပွဲခံနိုင်ခြင်း အတွက် ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုအမိုးခုံးတွင် အေဒီ ၂၇ ခုနှစ် တိုင်ဘားရီးယပ်စစ် ဧကရာဇ် အတွက် ရည်ညွှန်းရေးထိုးထားသော စာတမ်းများလည်း ရှိသည်။ [၄] မြောက်ဘက် (အပြင်သို့ မျက်နှာမူထားသော ) မျက်နှာစာတွင် တိုင်တန်းနဖူးစည်း၏ အောက်ဆုံးပိုင်းဖောင်းတန်း နှင့် နဖူးစည်းတို့ကို ဖြတ်ထုတ်ကာ ကြေးဖြင့် ရေးသွင်းထားသော စာတန်းကို ထည့်သွင်းထားသော်လည်း ယခုအခါ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ထိုစာတန်းကို ပြန်လည် တည်ဆောက်ဖော်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။[၅] အမိုးခုံးအား အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ရုပ်ကြွ အဆင်တန်ဆာများဖြင့် မွမ်းမံထားပြီး ၎င်းတို့တွင် ရေကြောင်းတိုက်ပွဲများ၊ တပ်ပျက်ခြင်း နှင့် ရောမတို့မှာ ဂျာမန်နစ် နှင့် ဂေါလ်တို့အား တိုက်ခိုက်နေပုံများ ပါဝင်သည်။ မြောက်ဘက်ခြမ်း စစ်ပွဲရုပ်ကြွတွင် ရောမ ခြေလျင်တပ်သား တစ်ဦးမှ လယ်ဂျီယို ၂ ဩဂတ်စတာ၏ ဒိုင်းကို သယ်ယူနေပုံ ပါဝင်သည်။[၄]


ကိုးကား[ပြင်ဆင်ရန်]

  1. It is situated 600 meters north from the town center by route N7.
  2. Bibliography of scholarship that rejects the inscription as evidence for dating the construction is presented by James C. Anderson, Jr., "Anachronism in the Roman Architecture of Gaul: The Date of the Maison Carrée at Nîmes" The Journal of the Society of Architectural Historians 60,1 (March 2001:68-79) p. 71 note 12; Anderson offers a revised date in the first half of the second century for the Maison Carrée: "in short, once the date of the Maison Carrée is called into question, the entire chronology for such Romano-Provençal monuments requires reassessment" (p. 72).
  3. The traditional dating for the triumphal arches of Gallia Narbonensis is summarized in Pierre Gros, "Pour une chronologie des arcs de triomphe de Gaule narbonnaise", Gallia 37 (1979:55-83
  4. ၄.၀ ၄.၁ Bromwich၊ James (1993)။ The Roman Remains of Southern France: A Guidebook။ Routledge။ pp. 183–186။ ISBN 0-415-14358-6
  5. R. Amy, P.-M. Duval, J. Formigé, Ch. Picard, and A. Piganiol, L'Arc d'Orange (Paris, 1962).