မာတိကာသို့ ခုန်သွားရန်

အောင်ဝင်းသန်း

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ်

အောင်ဝင်းသန်း
မွန်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
ယခင်လူအောင်ကြည်သိန်း
မွန်ပြည်နယ်လွှတ်တော်
တပ်မတော်သား ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ မတ် ၂၀၂၆
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ် (အပတ်စဉ် ၃၀)
အလုပ်အကိုင်စစ်မှုထမ်း
အစိုးရအဖွဲ့မွန်ပြည်နယ်အစိုးရအဖွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူးဗိုလ်မှူးချုပ်
တပ်ဓညဝတီရေတပ်စခန်းဌာနချုပ် (ယခင်ဌာနချုပ်မှူး)

ဗိုလ်မှူးချုပ် အောင်ဝင်းသန်း (ပြန်တမ်းဝင်အမှတ် - ရေ ၃၄၇၅) သည် မြန်မာ့တပ်မတော်သား အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် မွန်ပြည်နယ်၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ကန့်ကွက်သူမရှိဘဲ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[][]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၀) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် မခန့်အပ်ခံရမီက ဓညဝတီရေတပ်စခန်းဌာနချုပ် တွင် ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ၃၅/၂၀၂၆ အရ မွန်ပြည်နယ်လွှတ်တော် ၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် စတင်ကြေညာခံရသည်။[]

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှစ၍ မွန်ပြည်နယ်လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် စတင်ပါဝင်ခဲ့ကာ၊[] ထိုမှတစ်ဆင့် သမ္မတ မင်းအောင်လှိုင်၏ အမည်စာရင်းတင်သွင်းမှုဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း အား ခန့်အပ်တာဝန်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက်အား (၇) ခုဖြင့်သတ်မှတ် (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  2. Watch၊ Dawei (2026-04-06)။ စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးကို ခန့်အပ် (in en)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  3. တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၁၁ ဖေဖော်ဝါရီ ၂၀၂၆)။ ၇ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  5. မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း အား ခန့်အပ်တာဝန်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက်အား (၇) ခုဖြင့်သတ်မှတ် (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  6. ဧရာဝတီ (2026-04-06)။ စစ်တပ်အရာရှိဟောင်းအများစု တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။