အောင်လအန်ဆန်း

ဝီကီပီးဒီးယား မှ
(အောင်လအင်ဆန် မှ ပြန်ညွှန်းထားသည်)
Aung La Nsang
မွေးဖွားAung La Nsang
(1985-05-21) မေ ၂၁၊ ၁၉၈၅ (အသက် ၃၈)
မြစ်ကြီးနားကချင်၊ မြန်မာ
နာမည်ပြောင်The Burmese Python[၁]
နိုင်ငံသားအမေရိကန်ပြည်ထောင်စု အမေရိကန်[၂]
မြန်မာနိုင်ငံ မြန်မာ (expatriate)
အမြင့်၆ ft ၁ in (၁.၈၅ m)
ကိုယ်လေးချိန်၂၀၄ lb (၉၂.၅ kg; ၁၄.၆ st)
ကွဲပြားမှုMiddleweight (205 lbs)
Light Heavyweight (225 lbs)
Cruiserweight (225 lbs)
စတိုင်ဘရာဇီး ဂျူဂျစ်ဆု၊ လက်ဝှေ့မွေထိုင်း
StanceOrthodox
Fighting out ofFort Lauderdale, Florida, United States
အသင်းSanford MMA
Hard Knocks 365 (former)
တက်ကြွသောနှစ်များ၂၀၀၅–လက်ရှိ
ကိုယ်ခံပညာပေါင်းစုံအတတ် မှတ်တမ်း
စုစုပေါင်း38
နိုင်ပွဲများ26
By knockout12
By submission12
By decision2
ရှုံးပွဲများ11
By knockout4
By submission3
By decision4
No contests1
အခြား သတင်းအချက်အလက်
Mixed martial arts record from Sherdog

အောင်လအန်ဆန်း (အင်္ဂလိပ်: Aung La Nsang)သည် အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ပညာရှင်များသာ ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် မြန်မာ့စပါးအုံးမြွေ (Burmese Python) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြန်မာနိုင်ငံသားကချင်‌လူမျိုး၊ အမေရိကန်နိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပခုံးနေရာတွင် "Jinghpaw" ဟု တက်တူးရေးထိုးထားသော MMA လိုက်ဟဲဗီးဝိတ်တန်းရှင်ဖြစ်သည်။ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့တွင် ချန်ပီယံဖြစ်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်သည်။[၃][၄]

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

အောင်လသည် ရတနာလုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နှင့် ဒေါ်ရှဒန်နန်ဘူတို့၏ မွေးချင်း ၅ ယောက်ထဲက တတိယမြောက်သား ဖြစ်သည်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ကချင်တိုင်းရင်းသားတဦး ဖြစ်ကာ အတန်းပညာကို ရန်ကုန် International School တွင် တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်တွင် အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်၊ တက္ကသိုလ် တက်နေစဉ် ကာလမှာပင် အပျော်တမ်း ကလပ်ပွဲများ၌ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး၊ ပညာရှင်လက်ဝှေ့ လောကထဲ ဝင်ရောက် လာသူဖြစ်သည်။

အောင်လသည် No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာမှ Martial Art သို့ ကူးပြောင်း လာသူဖြစ်သည်။ သူသည် ဘီဂျေဂျေ (B.J.J) ခေါ် ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာသော ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) နှင့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မေရီလန်းပြည်နယ် ဘော်လ်တီမိုးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 အမည်ရှိ MMA ကလပ်အသင်းတွင် ဝင်ရောက် လေ့ကျင့်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၃ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနားပြည်နယ်တွင် ထိုးသတ်ခဲ့သည့် စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာပင် Guillotine Choke ဖြင့် အနိုင်ယူခဲ့ကာ နာမည်ရလာခဲ့သည်။ ထိုတိုက်ကွက်မှာ ပြိုင်ဖက်၏ဦးခေါင်းကို ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားကာ အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။

၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့တွင် ကျင်းပသော Ring of Combat XXXIII ပြိုင်ပွဲတွင် Constantinos Philippou ကို ရှုံးနှိမ့်ခဲ့ကာ UFC (Ultimate Fighting Champion) အတန်းဆီ တက်ရောက်နိုင်ရန် နှောင့်နှေးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့တွင် မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) ၌ Casey Manrique နှင့်ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီတွင် အနိုင်ရခဲ့သည်။

ONE Championship ချန်ပီယံ ရရှိခြင်း[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်က လက်ရှိ ချန်ပီယံ ဘစ်ဒက်ရှ်ကို လက်ရည်အသာဖြင့် ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်သော ပထမဆုံး မြန်မာတစ်ဦး ဖြစ်လာသည်။[၄]

MMA ပြိုင်ပွဲမှတ်တမ်း[ပြင်ဆင်ရန်]

Res. Record ပြိုင်ဘက် နည်းလမ်း ပြိုင်ပွဲ နေ့ရက် ပွဲချီ အချိန် နေရာ မှတ်ချက်
Loss 26–11 (1) Reinier de Ridder Submission (rear-naked choke) ONE Championship: Inside the Matrix ၃၀ အောက်တိုဘာ ၂၀၂၀ 1 3:26 Kallang, Singapore Lost the ONE Middleweight Championship.
Win 26–10 (1) Brandon Vera TKO (punches) ONE Championship: Century Part 2 ၁၃ အောက်တိုဘာ ၂၀၁၉ 2 3:23 Tokyo, Japan Defended the ONE Light Heavyweight Championship.
Win 25–10 (1) Ken Hasegawa TKO (punches) ONE Championship: A New Era ၃၁ မတ် ၂၀၁၉ 2 4:41 Tokyo, Japan Defended the ONE Middleweight Championship.
Win 24–10 (1) Mohammad Karaki TKO (punches) ONE Championship: Pursuit of Greatness ၂၆ အောက် ၂၀၁၈ 1 2:21 Yangon, Myanmar Defended the ONE Middleweight Championship.
Win 23–10 (1) Ken Hasegawa TKO (punches) ONE Championship: Spirit of a Warrior ၂၉ ဇွန် ၂၀၁၈ 5 3:13 Yangon, Myanmar Defended the ONE Middleweight Championship.
Win 22–10 (1) Alexandre Machado TKO (head kick and punches) ONE Championship: Quest for Gold ၂၃ ဖေဖော်ဝါရီ ၂၀၁၈ 1 1:24 Yangon, Myanmar Won the ONE Light Heavyweight Championship.
Win 21–10 (1) Alain Ngalani Submission (guillotine choke) ONE Championship: Hero's Dream ၃ နို ၂၀၁၇ 1 4:31 Yangon, Myanmar Openweight bout.
Win 20–10 (1) Vitaly Bigdash Decision (unanimous) ONE Championship: Light of a Nation ၃၀ ဇွန် ၂၀၁၇ 5 5:00 Yangon, Myanmar Won the ONE Middleweight Championship.
Loss 19–10 (1) Vitaly Bigdash Decision (unanimous) ONE Championship: Quest for Power ၁၄ ဇန်နဝါရီ ၂၀၁၇ 5 5:00 Jakarta, Indonesia For the ONE Middleweight Championship.
Win 19–9 (1) Michal Pasternak Decision (unanimous) ONE Championship: State of Warriors ၇ အောက်တိုဘာ ၂၀၁၆ 3 5:00 Yangon, Myanmar
Win 18–9 (1) Aleksei Butorin Submission (arm-triangle choke) ONE Championship: Dynasty of Champions 6 ၂ ဇူလိုင် ၂၀၁၆ 2 1:57 Hefei, China
Win 17–9 (1) Mohamed Ali Submission (guillotine choke) ONE Championship: Union of Warriors ၁၈ မတ် ၂၀၁၆ 1 2:38 Yangon, Myanmar
Win 16–9 (1) Mahmoud Salama KO (punches) ONE FC: Era of Champions ၁၄ ဇွန် ၂၀၁၄ 1 1:07 Jakarta, Indonesia
Lose 15–9 (1) Jonavin Webb TKO (knee) CFFC 28: Brenneman vs. Baker ၂၆ ဩဂုတ် ၂၀၁၃ 1 2:41 Atlantic City, United States
Win 15–8 (1) Shedrick Goodridge Submission (guillotine choke) CFFC 26: Sullivan vs. Martinez ၁၇ ဩ ၂၀၁၃ 2 1:44 Atlantic City, United States
NC 14–8 (1) Kyle Baker No Contest CFFC 23: La Nsang vs. Baker ၁၃ ဧ ၂၀၁၃ 1 0:24 Pennsylvania, United States
Win 14–8 Jason Louck KO (punch) CFFC 17: Nsang vs. Louck ၁၃ အောက် ၂၀၁၂ 1 2:30 Delaware, United States
Win 13–8 Jesus Martinez TKO (punches) Bellator Fighting Championships 68 ၁၁ မေ ၂၀၁၂ 1 0:36 Atlantic City, United States
Loss 12–8 Sam Oropeza Submission (guillotine choke) Matrix Fights 5 ၂၆ မတ် ၂၀၁၂ 2 0:56 Philadelphia, United States
Loss 12–7 Drew Puzon Decision (unanimous) ROC 38: Ring of Combat 38 ၁၈ နို ၂၀၁၁ 3 4:00 Atlantic City, United States
Win 12–6 Casey Manrique TKO (punches) ROC 37: Ring of Combat 37 ၉ စက် ၂၀၁၁ 2 1:03 Atlantic City, United States
Loss 11–6 Uriah Hall KO (punch) ROC 35: Ring of Combat 35 ၈ ဩဂုတ် ၂၀၁၁ 3 1:37 Atlantic City, United States
Win 11–5 Mitch Whitesel Submission (guillotine choke) ROC 34: Ring of Combat 34 ၂၄ ဖေ ၂၀၁၁ 1 3:09 Atlantic City, United States
Loss 10–5 Costas Philippou TKO (punches) ROC 33: Ring of Combat 33 ၃ ဒီ ၂၀၁၀ 1 0:11 New Jersey, United States
Win 10–4 Chris Price Submission (guillotine choke) C3: Furious ၉ မေ ၂၀၀၉ 1 1:37 Indiana, United States
Win 9–4 Steve Evan Dau Submission (armbar) C3: Domination ၂၂ နို ၂၀၀၈ 2 1:47 Indiana, United States
Win 8–4 Josh Mix Submission (armbar) MFL: Michiana Fight League ၈ ဩဂုတ် ၂၀၀၈ 1 1:03 Indiana, United States
Loss 7–4 James Lee Submission (heel hook) KOTC: Explosion ၁၅ ဇွန် ၂၀၀၇ 1 3:51 Michigan, United States
Win 7–3 Shawn McCully Submission (armbar) CFC 1: Cage Fighting Championships 1 ၃၁ မတ် ၂၀၀၇ 1 0:59 United States
Loss 6–3 Julio Paulino Decision (unanimous) CFC 1: Cage Fighting Championships 1 ၃၁ မတ် ၂၀၀၇ 3 5:00 United States
Win 6–2 Erik Brettin KO Heartland: Ground n Pound ၂၃ ဖေဖော်ဝါရီ ၂၀၀၇ 1 0:18 Indiana, United States
Loss 5–2 Jim Martens Decision (unanimous) KOTC: Mass Destruction ၂၆ ဇန်နဝါရီ ၂၀၀၇ 2 5:00 Michigan, United States
Win 5–1 Brandon Griffin Submission (Armbar) KOTC - Meltdown ၇ အောက်တိုဘာ ၂၀၀၆ 1 0:52 Indiana, United States
Win 4–1 Jason Law Submission UFL 2 - United Fight League 2 ၂၅ ဩဂုတ် ၂၀၀၆ 1 Indiana, United States
Win 3–1 Steve Lapear KO (Punches) Heartland - Ground n Pound ၇ ဇွန် ၂၀၀၆ 1 0:40 Indiana, United States
Win 2–1 Noel Gomez Submission (armbar) UT: Ultimate Throwdown ၁၃ မေ ၂၀၀၆ 1 2:25 Indiana, United States
Win 1–1 Halton Flowers KO CF: Champions Factory ၁၁ မတ် ၂၀၀၆ 1 0:00 Indiana, United States
Loss 0–1 Emerson Rushing TKO (doctor stoppage) TFC 3: Total Fight Challenge 3 ၂၅ မတ် ၂၀၀၅ 1 2:24 Indiana, United States

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

  • ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု
    • ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ လာ့ဗီးဂတ်မြို့၌ ကျင်းပခဲ့သည့် World MMAAwards 2018 ဆုပေးပွဲတွင် ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု (2018 International Fighter of the Year) ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဆုပေးပွဲကို ဗြိတိန်တွင် အခြေစိုက်သည့် Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်ခြင်း ဖြစ်သည်။ ဤဆုပေးပွဲတွင် အောင်လအန်ဆန်းသည် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၏ ဆန်ကာတင်စာရင်းတွင်လည်း ပါဝင်ခဲ့သေးသည်။[၅][၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Aung La N Sang Profile။ October 17, 2018 တွင် ပြန်စစ်ပြီး။
  2. Aung La Nsang profile at ONE Championship
  3. အောင်လအန်ဆန်း မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် ဆက်လက်အောင်ပွဲခံမှာလား
  4. ၄.၀ ၄.၁ ချစ်ဝိုင်း၊ ရွှေဘုတ် (၁ ဇူလိုင် ၂၀၁၇). "အောင်လအန်ဆန် မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးပေး". ၇ ရက်နေ့စဉ်သတင်းစာ (၁၄၉၀). Retrieved on ၁ ဇူလိုင် ၂၀၁၇.  Archived 2 July 2018 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 2 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 July 2018 တွင် ပြန်စစ်ပြီး။
  5. "အောင်လအန်ဆန် နိုင်ငံတကာအကောင်းဆုံး ဖိုက်တာဆု ဆွတ်ခူး" . ၇ ရက်နေ့စဉ်သတင်းစာauthor=ရွှေဘုတ်.  Archived 5 July 2019 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 5 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2019 တွင် ပြန်စစ်ပြီး။
  6. ခါဘစ်ကိုကျော်ဖြတ်ပြီး INTERNATIONAL FIGHTER OF THE YEAR ဆုကိုအောင်လအန်ဆန်ဆွတ်ခူး
  7. Bryan Tucker (July 4, 2019)။ World MMA Awards 2019 Results။ mmafighting.com။
  8. ကချင်အမျိုးသား အောင်လနှင့် ရောသမမွှေတိုက်ပွဲ။ ဧရာဝတီဘလော့ဂ် (၂၂ ဖေဖော်ဝါရီ ၂၀၁၂)။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]