အောင်မင်း၊ သခင်

ဝီကီပီးဒီးယား မှ

သခင်အောင်မင်း (၁၉၁၈-၁၉၈၂)[ပြင်ဆင်ရန်]

နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ သခင်အောင်မင်း (ခေါ် )ဦးဟာကီးဖေလိန်းကို ၁၉၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ် ၊ တောင်ကုန်းကျေးရွာ၌ အဖ မောတိုက်အုပ် (တောင်ပိုင်) ဦးကီးဖေ ၊ အမိ ဒေါ်ငိုင်းငြိမ်းတို့မှ မွေးဖွားသည်။ ငယ်စဉ်က ဝမ်မသူရွာ အမျိုးသားမူလတန်းကျောင်းနှင့် ထီးလင်းမြို့ အစိုးရအလယ်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ကျောင်းသားဘဝမှစတင်၍ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ချင်းတောင် ညီညွတ်ရေးအဖွဲ့တွင် အတွင်းရေးမှူးဖြစ်၍ သခင် အစည်းအရုံးဝင် ဖြစ်သည်။ သခင်အောင်မင်းသည် ခြွင်းချန်ထားသော တောင်တန်းဒေသများကို ၉၁ ဌာနအုပ်ချုပ်ရေးအတွင်း ထည့်သွင်းပေးရန်နှင့် မြန်မာပြည်ဘုရင်ခံ၏ ပါလီမန်တွင် တောင်တန်းဒေသများမှ ကိုယ်စားလှယ်များအား ထည့်သွင်းပေးရန် တောင်းဆိုခဲ့သော တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည်။

မြန်မာပြည်အရပ်ရပ်ရှိ ကျောင်းသားများ၊ အလုပ်သမားများ သပိတ်မှောက်ခဲ့သည့် ၁၉၃၈ ခုနှစ်တွင် သခင်အောင်မင်းသည် သပိတ်မှောက်ခဲ့သည့် ၁၉၃၈ ခုနှစ်တွင် သခင်အောင်မင်းသည် သပိတ်ခေါင်းဆောင်အဖြစ် ကန်ပက်လက်မြို့တွင် နယ်လူထု ၅၀ဝ၀ ကို ဦးဆောင်ခဲ့သည်။ စစ်ပုလိပ်များနှင့် ပဋိပက္ခဖြစ်၍ ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် အဖမ်းခံရပြီး ၊ ကန်ပက်လက်၊ ဟားခါး ၊ ဖလမ်း ၊ မြင်းခြံ ၊ မန္တလေးနှင့် ကသာထောင်များတွင် ရွှေ့ပြောင်းချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ၁၉၄၂ ခုနှစ် ၊ မတ်လတွင် ကသာထောင်မှ လွတ်မြောက်ပြီး အမရပူရရှိ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)နှင့် ဆက်သွယ်ပူးပေါင်း ပါဝင်ခဲ့သည်။ သခင်အောင်မင်းသည် ချင်းတောင်ငြိမ်းချမ်းရေး နှင့် ယာယီအုပ်ချုပ်ရေး ၊စစ်ရေး ၊ နိုင်ငံရေးအဖွဲ့အစည်းအပြင် ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ချင်းတောင် ဖဆပလအဖွဲ့ အတွင်းရေးမှူးအဖြစ် မြန်မာပြည် လုံးဝလွတ်လပ်ရေး ရရှိရေးအတွက် ၁၉၄၇ ခုနှစ်၊ ဇွန်လအထိ ပါဝင်လှုပ်ရှားခဲ့ပြီး လွတ်လပ်ရေးအတွက် နယ်ချဲ့ကိုတိုက်ရန် ချင်းအမျိုးသား လူငယ်များအား စည်းရုံးခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့လာသဖြင့် နိုင်ငံရေးမှ အနားယူခဲ့ပြီး ၁၉၄၈ ခုနှစ် မတ်လမှစတင်၍ လက်ထောက်ငွေတိုက်အရာရှိ (မြို့ပိုင်) ရာထူးတွင် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အစိုးရအလုပ်မှ နုတ်ထွက်ပြီး ၁၉၆၂ ခုနှစ်အထိ တောင်ယာဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်သည်။ ၁၉၆၂ ခုနှစ် ကွယ်လွန်ချိန်အထိ မင်းတပ်မြို့နယ် ပြည်သူ့ကောင်စီ အတိုင်ပင်ခံအဖွဲ့ဝင်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရရှင်အဖွဲ့ဝင်၊ အခြေခံဥပဒေပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်အဖွဲ့ဝင်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် အသီးသီး ပါဝင်ဆောင်ခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး၊ နိုင်ငံတော်ကောင်စီဝင် ဖြစ်လာသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နိုင်ငံတော်ကောင်စီဝင်အဖြစ် ဆက်လက်ရွေးချယ်ခံရသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် မတူပီမြို့ အမှတ် (၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံရပြီး နိုင်ငံတော်ကောင်စီဝင်အဖြစ်လည်း ဆက်လက် ရွေးချယ်တင်မြှောက်ခံရသည်။ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ရ နိုင်ငံတော်ကောင်စီဝင် သခင်အောင်မင်းသည် ၁၉၈၂ ဇွန်လ (၃)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ရီအေးနှင့် သားသမီး (၁၁)ယောက် ကျန်ရစ်ခဲ့သည်။