မာတိကာသို့ ခုန်သွားရန်

အုချိဟ ဆဆုခဲ

ဝီကီပီးဒီးယား မှ

အုချိဟ ဆဆုခဲ(ဂျပန်: うちは サスケ)သည် မန်ဂါ 《နာရူတို》မှ ဇာတ်ကောင်ဖြစ်သည်။

သစ်ရွက်ရွာရှိ သမိုင်းအခြေခံလည်း ကြီး ဂုဏ်သိက္ခာလည်း ကြီးသည့် အုချိဟ နင်ဂျာ မိသားစု မျိုးနွယ်ဝင်ဖြစ်ပြီး သစ်ရွက်ရွာ ရဲတပ်မှူး အုချိဟ ဟုကခုနှင့် အဆင့်မြင့် နင်ဂျာ အုချိဟ မိခိုတိုတို့၏ ဒုတိယသားဖြစ်သည်။ အစ်ကိုမှာ ပါရမီရှင် နင်ဂျာ အုချိဟ အိတချိဖြစ်သည်။ မူလက မိသားစုနှင့် ငြိမ်းချမ်းသော နေ့များတွင် နေထိုင်‌နေရင်း နင်ဂျာဖြစ်ခြင်းကို သဘောကျသော သာမန်ကောင်လေးတစ်ယောက်ဖြစ်ခဲ့သော်လည်း အစ်ကို အိတချိက သစ်ရွက်ရွာတွင် နေထိုင်သည့် ဆဆုခဲမှ အပဖြစ်သော အုချိဟ မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပြီးနောက်တွင် ဆဆုခဲ၏ ဘဝမှာ ပြောင်းလဲလာခဲ့သည်။ မျိုးရိုးကို ပျက်သုဉ်းစေသော အိတချိအပေါ် နက်ရှိုင်းသော ရန်လိုမုန်းတီးမှုကို သိမ်းဆည်းလျက် အစ်ကို ဖြစ်သူကို သူ၏ လက်ဖြစ် သတ်ကာ လက်စားချေရန်နှင့် မျိုးရိုးကို ပြန်လည်အသက်သွင်းရန်ဟူသော ရည်မှန်းချက်ကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။